နိုင်ဂျာမှာ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကြောင့် လူ (၈၀)နီးပါးသေဆုံး

နီယာမေ၊ ဇန်နဝါရီ ၃-၂၀၂၁
မျိုးဆက် (VOM)

နိုင်ဂျာနိုင်ငံရှိ ကျေးရွာနှစ်ရွာမှာ သံသယရှိဖွယ် အစ္စလာမ္မစ် စစ်သွေးကြွတွေ တိုက်ခိုက်မှုကြောင့် အရပ်သား ဒါဇင်ပေါင်းများစွာ သေဆုံးသွားတယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။

တိုက်ခိုက်မှုကြောင့် ချောင်ဘန်ကူကျေးရွာမှာ လူ ၄၉ ဦးသေဆုံးပြီး ၁၇ ဦးဒဏ်ရာရရှိသွားကာ ဇာရွမ်ဒါအိုင်ကျေးရွာမှာတော့ လူ ၃၀ ဦးသေဆုံးခဲ့ပါတယ်။ အဲhဒီကျေးရွာနှစ်ရွာစလုံးဟာ မာလီနဲ့ ထိစပ်နေတဲ့ နိုင်ဂျာအနောက်ပိုင်းမှာရှိပါတယ်။

အာဖရိက ဆာဟယ်ဒေသမှာ မကြာသေးမီအချိန်အတွင်းကလည်း စစ်သွေးကြွတွေရဲ့ အကြမ်းဖက်မှုဖြစ်စဉ်တွေ ဖြစ်ပွားခဲ့ပါတယ်။

မာလီမှာတော့ စစ်သွေးကြွတွေရဲ့ သတ်ဖြတ်မှုကြောင့် သူ့ရဲ့တပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးခဲ့တယ်လို့ ပြင်သစ်နိုင်ငံက ဇန်နဝါရီ ၂ ရက်မှာ ပြောပါတယ်။

ပြင်သစ်နိုင်ငံဟာ ဆာဟယ်ဒေသရှိ အစ္စလာမ္မစ်စစ်သွေးကြွတွေကို တိုက်ထုတ်နေတဲ့ အနောက်အာဖရိကနဲ့ ဥရောပမဟာမိတ်တွေကို ဦးဆောင်နေပါတယ်။

ဒါပေမယ့် ဒေသတွင်းမှာ လူမျိုးရေးအကြမ်းဖက်မှု၊ အုပ်စုဖွဲ့အကြမ်းဖက်မှု၊ လူမှောင်ခိုနဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတွေကတော့ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပါတယ်။

Ref: BBC
Photo: Getty Images
#voiceofmyanmar #VOM #နီယာမေ #အကြမ်းဖက်တိုက်ခိုက် #လူ၈၀နီးပါးသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW