ဗြိတိန်မှာ သန္ဓေပြောင်းဗိုင်းရပ်စ်ပေါ်လာပြီးနောက် ကူးစက်မှု စံချိန်တင်နေ

လန်ဒန်၊ ဇန်နဝါရီ ၃-၂၀၂၀
မျိုးဆက်(VOM)

ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ဖိအားတွေကို လန်ဒန်နဲ့ အင်္ဂလန်အရှေ့တောင်ပိုင်း အမျိုးသားကျန်းမာရေးဝန်ဆောင်မှုဌာနတွေ ရင်ဆိုင်နေရသလိုမျိုး ဗြိတိန်တစ်ဝန်းရှိ ဆေးရုံတွေလည်း အလားတူပုံစံမျိုး ကြုံတွေ့လာနိုင်တယ်လို့ ဗြိတိန်ထိပ်တန်းဆရာဝန်တစ်ဦးက သတိပေးလိုက်ပါတယ်။

ကူးစက်မှုနှုန်း အလွန်မြန်ဆန်တဲ့ သန္ဓေပြောင်းဗိုင်းရပ်စ်ဟာ ဗြိတိန်တစ်နိုင်ငံလုံးသို့ ကူးစက်ပျံ့နှံ့နေပြီဖြစ်တယ်လို့ ထိပ်တန်းဆရာဝန်တစ်ဦးဖြစ်သူ ပါမောက္ခ အန်ဒရူးဂေါ့ဒါ့ ပြောပါတယ်။

ကိုဗစ်-၁၉ ရောဂါ နေ့စဉ်ကူးစက်ခံရသူအရေအတွက် ၅၇၇၂၅ ဦးထိ စံချိန်တင်မြင့်တက်ခဲ့ပြီးနောက် ပါမောက္ခ အန်ဒရူးဂေါ့ဒါ့က အခုလိုသတိပေးလိုက်တာဖြစ်ပါတယ်။

နေ့စဉ် ရောဂါကူးစက်ခံရသူဟာ ငါးရက်ဆက်တိုက် ငါးသောင်းကျော်ထိ ရောက်ရှိနေပြီး နိုင်ငံတစ်ဝန်းမှာ လက်ရှိအချိန်ထိ ကူးစက်ခံရသူ ၂၅၉၉၇၈၉ ဦးရှိလာပါတယ်။

လွန်ခဲ့တဲ့ ၂၈ ရက်အတွင်း ရောဂါကူးစက်ခံထားရသူတွေထဲက ၄၄၅ ဦးသေဆုံးခဲ့ပြီး နိုင်ငံအတွင်း သေဆုံးသူအရေအတွက်ဟာ ၇၄၅၇၀ ဦးထိမြင့်တက်လာတယ်လို့ အစိုးရကထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေမှာ ဖော်ပြထားပါတယ်။

Ref : BBC
Photo: Reuters
#voiceofmyanmar #VOM #လန်ဒန်

Related posts

Leave a Comment

VOM News

FREE
VIEW