NLD ပါတီနဲ့ တွေ့ဆုံဆွေးနွေးမှုနဲ့ ပတ်သက်လို့ တိုင်းရင်းသားပါတီတွေရဲ့ ပြောပြချက်

တောင်ကြီး၊ ဇန်နဝါရီ- ၁၅- ၂၀၂၁

နေနန်းနွယ်(VOM)

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့က NLD ပါတီရုံးခွဲမှာ တိုင်းရင်းသားဒေသခံပါတီတွေကို ပါတီတွေကို ဇန်နဝါရီ ၁၃ ရက်နေ့ကတည်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေက ဒီကနေ့ ညနေပိုင်းအထိ ဆွေးနွေးမှုတွေပြုလုပ်ခဲ့ကြပြီး တွေ့ဆုံဆွေးနွေးမှုကို ကျေနပ်အားရမှု ရှိတယ်လို့ ပြောကြားလာသလို တိုင်းရင်းသားပါတီတွေရဲ့ တွေ့ဆုံပွဲအပြီး ဖြေကြားချက်တွေကို VOM သတင်းထောက် နေနန်းနွယ်က ရိုက်ကူး တင်ပြပေးထားတာ ဖြစ်ပါတယ်။

ဒီကနေ့ မနက်ပိုင်းဆွေးနွေးပွဲကို လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီက ဥက္ကဋ္ဌ ဒေါ်အေးသီတာမြင့်၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ ဗဟိုအလုပ်အမှုဆောင်အတွင်းရေးမှူး ဦးစိုင်းနောင့်၊ ဝ အမျိုးသားပါတီ ဥက္ကဋ္ဌ ဦးဆိုင်ပေါင်းနပ် တို့က ပါတီတွေ့ဆုံပွဲအပြီးမှာ တွေ့ဆုံမှုနဲ့ ပတ်သက်လို့ သတင်းမီဒီယာတွေကို ပြောကြားခဲ့ပါတယ်။

#VOM #voiceofmyanmar #NLD #SNLD #ရှမ်းပြည်နယ် #တောင်ကြီး #တိုင်းရင်းသားပါတီတွေနဲ့တွေ့ဆုံ

Related posts

Leave a Comment

VOM News

FREE
VIEW