ဇနီးကို ပြန်ပေါင်းဖို့အတွက် ခေါ်မရလို့ ယောကျာၤးဖြစ်သူ ကြိုးဆွဲချသေဆုံး

ဇန်နဝါရီ ၁၉ -၂၀၂၁
ကောင်းလက်ျာ(VOM)

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်၊ မရမ်းပင်ချောင်းကျေးရွာမှာ မနေ့ ဇန်ဝါရီလ ၁၈ ရက်‌နေ့မနက်ပိုင်းက ကွဲကွာနေတဲ့ ဇနီးကို ပြန်လည်ပေါင်းသင်းဖို့ခေါ်ဆိုရာ ခေါ်မရတဲ့အတွက် ယောကျာၤးဖြစ်သူ ကြိုးဆွဲချသေဆုံးခဲ့တယ်လို့သမုတ်နယ်မြေရဲစခန်းကနေ သိရပါတယ်။

” အခင်းမဖြစ်မှီ တစ်ရက်က ကွဲနေတဲ့ဇနီးကို သဲပုံဆိပ်ရွာမှာသွားခေါ်တာကို လိုက်မလာလို့ဆိုပြီး သူ့အမေအိမ်ကို မူးပြီးရောက်လာသေးတယ်လို့ သိရတယ်။ နောက်တစ်နေ့ မနက်ကျ ရာဘာခြံထဲက‌ အိမ်မှာ ကြိုးဆွဲချ သေဆုံးနေတာကို အလုပ်သမားတစ်ဦးကတွေ့ခဲ့တာပါ”လို့ သမုတ်နယ်မြေရဲစခန်းမှ တာဝန်ခံ ရဲအရာရှိတစ်ဦးက ပြောပါတယ်။

မရမ်းပင်ချောင်းကျေးရွာအနီး ရာဘာ‌ခြံတစ်ခုမှာ အလုပ်လုပ်ကိုင်နေတဲ့ အသက် ၂၀အရွယ်အမျိုးသားဟာ နေအိမ်တန်းလျားက ထုပ်တန်းတစ်ခုမှာ ကြိုးဆွဲချသေဆုံးနေတာကို ရာဘာခြစ်ဖို့ ဓါးလာငှားတဲ့ ကုမ္ပဏီက လုပ်သားတစ်ဦးမြင်တွေ့ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

သေဆုံးသူဟာ လွန်ခဲ့တဲ့ တစ်ပတ်ခန့်က မိဘတွေနေအိမ်ပြန်သွားတဲ့ ဇနီးကို လိုက်ခေါ်တာ ပြန်မလိုက်တာကြောင့် စိတ်ညစ်နေတယ်ဆိုပြီး မိခင်ဖြစ်သူကို လာရောက်ပြောပြသွားတယ်လို့ ရဲမှတ်တမ်းတွေအရ သိရပါတယ်။

ကြိုးဆွဲချသေဆုံးမှုနဲ့ပတ်သက်ပြီး မြိတ်မြို့၊ သမုတ်နယ်‌မြေရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် ၁/၂၀၂၁ နဲ့ အမှုဖွင့်ကာ ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်၊ မဟုတ် စစ်ဆေးဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

Photo – TNI
#voiceofmyanmar #VOM #မြိတ်မြို့ #ကြိုးဆွဲချသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW