မြို့နယ် ၄ ခုမှာ တပ်မတော်ထောက်ခံပွဲနဲ့ UECကန့်ကွက်ပွဲ တစ်နေ့တည်းပြုလုပ်ခဲ့

ဇန်နဝါရီ ၁၉ -၂၀၂၁
အေးချမ်းသူ(VOM)

တပ်မတော်ထောက်ခံပွဲနဲ့ ရွေးကောက်ပွဲကော်မရှင်ကန့်ကွက်ပွဲကို မရမ်းကုန်း ၊ ပုသိမ် ၊ အိမ်မဲ ၊ ပေါက် စတဲ့ မြို့နယ် ၄ခုမှာ မနေ့ ဇန်နဝါရီ ၁၈ရက်နေ့က တစ်ပြိုင်တည်းပြုလုပ်ခဲ့ကြပါတယ်။

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နဲ့ အိမ်မဲမြို့နယ်မှာ မနေ့ညနေပိုင်းက UECကိုကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်ခဲ့ပါတယ်။

အိမ်မဲမြို့နယ်၊ ဝါးကလုပ်ကျေးရွာမှာ လူ ၃၀ဦးခန့်ဟာ ” မဲမသမာမှုများရှင်းပြီးမှ အစိုးရဖွဲ့ပါ၊ မဲမသမာမှုများဖြင့်ဖွဲ့စည်းမည့်အစိုးရ အလိုမရှိ၊ ပြည်သူ့အာဏာ ခိုးသူ ဒို့ရန်သူ၊ တရားသူကြီးချုပ်မှ အမှန်တရားဘက်မှရပ်တည်ပေးပါ၊ ဥပဒေနှင့်မညီသည့်ရွေးကောက်ပွဲရလဒ် အလိုမရှိ၊ မဲမသမာမှုများ စစ်ဆေးပေးရေး ဒို့အရေး” စတဲ့စာသားပါဗွီနိုင်းတွေကိုင်ဆောင်ကာ ကြွေးကြော်သံတွေနဲ့ ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။

ပုသိမ်မြို့နယ်မှာလည်း လူအင်အား ၃၀ဦးနဲ့ ရွေးကောက်ပွဲရလဒ်အလိုမရှိကြောင်း တပြိုင်နက်ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။

ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းပေါ် ၊ ပါရမီလမ်းဆုံမီးပွိုင့်အနီးမှာလည်း လူ၂၀ဦးခန့်က တရားမျှတမှုမရှိသော ရွေးကောက်ပွဲရလဒ်ကို ကျေနပ်မှုမရှိတာကြောင့် ငြိမ်းစုစီမတင်ဘဲ ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။

အလားတူ မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ ရွေးကောက်ပွဲကော်မရှင်က မဲသမာမှုကိစ္စတွေနဲ့ပတ်သက်ပြီး ပြန်လည်ဖြေရှင်းပေးဖို့အတွက် ဆန္ဒပြမှုပြုလုပ်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၆ရက်က မိတ္တီလာနဲ့ မြင်းခြံမြို့နယ်တွင် တပ်မတော်ထောက်ခံပွဲနဲ့ UECကန့်ကွက်ပွဲကို ငြိမ်းစုစီတင်ကာ တစ်ပြိုင်နက်ပြုလုပ်ခဲ့ကြပေမယ့် ဝန်းရံသူတွေ ရာနဲ့ချီရှိခဲ့တဲ့အတွက် မြင်းခြံမြို့မရဲစခန်းက ဦးဆောင်သူတွေဖြစ်တဲ့ ဒေါ်သီတာယုမွန်၊ဦးအေးနိူင်၊ဦးကျော်ဇေဦးတို့ကို (ပ) ၁၇/၂၀၂၁၊ငြိမ်းစုစီပုဒ်မ – ၂ဝအရ အရေးယူဆောင်ရွက်ထားတယ်လို့လည်း မြင်းခြံမြို့မရဲစခန်းကနေ သိရပါတယ်။

#voiceofmyanmar #VOM #မြို့လေးမြို့ #တပ်ထောက်ခံပွဲ

Related posts

Leave a Comment

VOM News

FREE
VIEW