ရက်မှန်ကြေးနဲ့ ကျွမ်းကျင်ကြေးရရှိဖို့ အထည်ချုပ်စက်ရုံ အလုပ်သမား ၅ ရာကျော် ဆန္ဒပြ

ဇန်နဝါရီ ၁၉ -၂၀၂၁
အေးချမ်းသူ(VOM)

ရန်ကုန်မြို့၊ လှိုင်သာယာအနောက်ပိုင်းမြို့နယ်၊ရွှေလင်ပန်းစက်မှုဇုန်ရှိ Unique HTTအထည်ချုပ်စက်ရုံမှ အလုပ်သမား ၅ ရာကျော်ဟာ ရက်မှန်ကြေး(၂၀၀၀၀)ကျပ်၊ ကျွမ်ကျင်ကြေး(A)အဆင့်(၃၀၀၀၀)ကျပ်ပေးဖို့အပါအဝင် အချက်(၁၈)ချက်ရရှိစေဖို့ ဒီကနေ့မနက်ပိုင်းက စက်ရုံရှေ့မှာဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြရာတွင် ပါဝင်တဲ့ အလုပ်သမားတစ်ဦးက “ညီမတို့က အလုပ်သမားခြင်း တန်းတူညီတူရချင်လို့ ဆန္ဒပြတာပါ၊ ရက်မှန်ကြေး သူများနှစ်သောင်းဆို ကိုယ်လည်း နှစ်သောင်းရချင်တယ်။ ကျွမ်းကျင်ကြေး သူများ သုံးသောင်းဆို ကိုယ်လည်း သုံးသောင်းရချင်တယ်”လို့ ပြောပါတယ်။

အလုပ်သမားတွေ အခုလိုဆန္ဒပြတာနဲ့ပတ်သက်ပြီး အလုပ်ရှင်၊ အလုပ်သမားတွေ၊ အလုပ်သမားအရေးဆောင်ရွက်သူတွေ ညိုနှိုင်းခဲ့ကြခဲ့ရာ အဆင်ပြေမှုရရှိခဲ့တယ်လို့ မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်မိုးစန္ဒာမြင့်ကပြောပါတယ်။

“အလုပ်သမားတွေက နှစ်သောင်းတောင်းတာ အလုပ်ရှင်က တစ်သောင်းပေးတယ်၊ နှစ်ဘက်ပြေလည်မှုရရှိသွားတယ်”လို့ ဒေါ်မိုးစန္ဒာမြင့်က ပြောပါတယ်။

လက်ရှိအခြေအနေမှာတော့ အလုပ်သမားတွေဟာ ဖြေရှင်းမှုအဆင်ပြေပြီးနောက်ပိုင်း ဆန္ဒပြပွဲကို ရုတ်သိမ်းခဲ့ပါတယ်။

Unique HTT အထည်ချုပ်စက်ရုံဟာ လှိုင်သာယာ(အနောက်ပိုင်း)မြိုနယ်၊ အလယ်ကျေးရွာ၊ ရွှေလင်ပန်းစက်မူဇုန်၊ စက်ဆရာဦးထွန်းလမ်း၊အမှတ်(၂၉၁)မှာတည်ရှိပြီး အလုပ်သမားအင်အား ၁၁၀၀ ကျော်လုပ်ကိုင်နေတဲ့ စက်ရုံလည်းဖြစ်ပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #အလုပ်သမားဆန္ဒပြ #အထည်ချုပ်

Related posts

Leave a Comment

VOM News

FREE
VIEW