ထိုင်းတော်ဝင်မိသားစုကို ဝေဖန်ခဲ့တဲ့အမျိုးသမီး ထောင် ၄၃ နှစ်ကျ

ဘန်ကောက်၊ ဇန်နဝါရီ ၂၀-၂၀၂၁
မျိုးဆက် (VOM)

ထိုင်းတော်ဝင်မိသားစုကို ဝေဖန်ခဲ့သူ ထိုင်းအမျိုးသမီးတစ်ဦးကို အာဏာပိုင်တွေက ထောင်ဒဏ် ၄၃ နှစ်ချမှတ်လိုက်ပြီး ဒါဟာ ဘုရင်စနစ်ကို စော်ကားမှုအတွက် အပြင်းထန်ဆုံးသော ပြစ်ဒဏ်ချမှတ်မှုတစ်ခုဖြစ်ပါတယ်။

ယခင်က ဝန်ထမ်းဟောင်းတစ်ဦးဖြစ်သူ အန်ချန်ဆိုတဲ့ အမျိုးသမီးဟာ တော်ဝင်မိသားစုကို ဝေဖန်တဲ့ အသံမှတ်တမ်းဖိုင်တွေကို လူမှုကွန်ရက်မှာ မျှဝေခဲ့တာကြောင့် ထောင်ချခံရတာဖြစ်ပါတယ်။

သူ့အနေနဲ့ အသံဖိုင်တွေကို ရိုးရိုးသားသားမျှဝေခြင်းသာဖြစ်ပြီး အဲ့ဒီမှတ်တမ်းတွေနဲ့ပတ်သက်ပြီး ဘယ်လိုမှတ်ချက်ပြုပြောဆိုခဲ့တာမျိုးမှ မရှိဘူးလို့ အသက် ၆၃ နှစ်အရွယ် အန်ချန်က ပြောပါတယ်။

ထိုင်းနိုင်ငံမှာ ဘုရင်စနစ်အပေါ် ဘယ်လို ဝေဖန်စော်ကားမှုမျိုးကိုမဆို တားမြစ်ထားတဲ့ ဥပဒေတစ်ရပ်ပြဌာန်းထားပြီး ဒါဟာ ကမ္ဘာပေါ်မှာ အတင်းကြပ်ဆုံး ဥပဒေတွေထဲမှာ တစ်ခုပါဝင်နေပါတယ်။

အဲ့ဒီဥပဒေအသုံးပြုတာကို သုံးနှစ်တာရပ်ဆိုင်းပြီးနောက် ဘုရင်စနစ်ကိုပြုပြင်ပြောင်းလဲဖို့ တောင်းဆိုမှုတွေနဲ့အတူ လပေါင်းများစွာ ဖြစ်ပွားခဲ့တဲ့ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေကို ထိန်းချုပ်ဖို့ ကြိုးစားမှုအဖြစ် အငြင်းပွားဖွယ် အဲ့ဒီဥပဒေကို လွန်ခဲ့တဲ့နှစ်နှောင်းပိုင်းမှာ ပြန်လည်အသုံးပြုခဲ့ပါတယ်။

Ref : BBC
Photo:Reuters
#voiceofmyanmar #VOM #ဘန်ကောက်

Related posts

Leave a Comment

VOM News

FREE
VIEW