ပြည်အကျဉ်းထောင်က ဝန်ထမ်းတစ်ဦးနဲ့ အကျဉ်းသား ၁၈ ဦးမှာ ကိုဗစ်ပိုး ထပ်တွေ့

ဇန်နဝါရီလ ၂၁ -၂၀၂၁ သိင်္ဂီထွန်း(VOM) ပြည်မြို့အကျဉ်းထောင်က ဝန်ထမ်းတစ်ဦးနဲ့ အကျဉ်းသား ၁၈ ဦးမှာ ကိုဗစ် – ၁၉ ရောဂါပိုး ထပ်မံကူးစက်ခံထားရတယ်လို့ ပြည်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး ပဲခူးတိုင်းကျန်းမာရေးဦးစီးမှူး ဒေါက်တာရန်နိုင်မောင်ကို ဆက်သွယ်မေးမြန်းရာမှာတော့ “ကျနော်ပြောနိုင်တာက ပိုးတွေ့တဲ့ဟာတွေကို ဘယ်မှာပဲဖြစ်ဖြစ် အကျဉ်းထောင်ထဲမှာတွေ့တွေ့ အရင်ကလည်းတွေ့ ခဲ့ဘူးတာရှိတယ်။ အဲ့ဒီတော့ ကျနော်တို့က ဒါတွေဖြစ်တာနဲ့ ဘာတွေလုပ်ရမယ်ဆိုတာ အကုန်လုံးရှိပြီးသား။ အဲ့ဒီအတိုင်း အထက်ဌာနအဆင့်ဆင့်ကိုလည်း ကျနော်တို့တင်ပြထားတယ်။ နောက်ပြီး တိုင်းအဆင့်မှာလည်း တိုင်းဒေသကြီးအစိုးရအဖွဲ့ကနေ အကျဉ်းဦးစီးဌာနတို့၊ ကျန်းမာရေးဌာနတို့က အကုန်လုံးညှိနိူင်းပြီး အကောင်းဆုံးဖြစ်အောင်လုပ်ထားပါတယ်”လို့ ပြန်လည်ဖြေကြားပါတယ်။ ပြည်အကျဉ်းထောင်ထဲက အကျဉ်းသားအပါအဝင် ၉၄ ဦးကို ကိုဗစ်ရောဂါပိုး ရှိ-မရှိ RDT နဲ့ စစ်ဆေးခဲ့ရာ ၁၉ဦးမှာ Positive ဖြစ်ကြောင်း သိရှိခဲ့ရတာဖြစ်တယ်လို့ မနေ့ ဇန်နဝါရီလ ၂၀ ရက်နေ့ ညနေပိုင်းက…

Read More

Voice Of Myanmar ရဲ့ ဇန်နဝါရီ ၂၀ သတင်းစုံလင် မြန်ပြည်တခွင် ညနေခင်းအစီအစဉ်

ဇန်နဝါရီ၊ ၂၀- ၁- ၂၀၂၁ (VOM) – တပ်မတော်ရဲ့လုပ်ရပ်တွေကို နိုင်ငံတကာက အရေးယူပေးဖို့ စစ်ရှောင်တွေ ဆန္ဒဖော်ထုတ် – မိုက်ကယ်ကျော်မြင့်ကို နိုင်ငံတော်အစိုးရအပေါ် အကြည်ညိုပျက်စေမှု ပုဒ်မနဲ့ ထပ်မံအမှုဖွင့် – ရန်ကုန်က ပန်းခြံတွေ မနက် ၅ နာရီကနေ မနက် ၉ နာရီထိ ပြန်ဖွင့်မယ် – မော်လမြိုင်ကျွန်းမြို့မှာ နိုင်ငံသားအထောက်အထားမဲ့(၃၄)ဦး ဖမ်းမိ – ကျောက်ကြီးမြို့ခံနှစ်ဦးကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ပစ်ခတ်သတ်ဖြတ် – စစစ အဖွဲ့ကဆိုပြီး အောင်ဘာလေထီ လိမ်ရောင်းသူတွေကို ဖမ်းဆီးရမိ – စစ်ရှောင်အလုပ်သမား ၄ ဦး ညောင်နှစ်ပင် ဘဲမွေးမြူရေးခြံမှာ ခြိမ်းခြောက်ပြီးပိတ်ခံထားရ VOM သတင်းဌာနရဲ့ သတင်းတွေကို ဖေ့ဘုတ်ကနေကြည့်မယ်ဆိုရင် Voice of Myanmar လို့ ရှာဖွေကြည့်နိုင်သလို ယူကျုကနေ ရုပ်သံသတင်းတွေကို ကြည့်ချင်တယ်ဆိုရင်တော့…

Read More

ပခုက္ကူမြို့က ၁၉၉၀ ခုနှစ် NLDပြည်သူလွှတ်တော်အမတ် ဦးလှိုင်ဧ ကွယ်လွန်

ဇန်န၀ါရီ ၂၀ -၂၀၂၁ နေလင်းဖြူ(VOM) မကွေးတိုင်း၊ ပခုက္ကူမြို့မှာနေတဲ့ ၁၉၉၀ ခုနှစ် အမျိုးသားဒီမိုကရေစီအဖွဲချုပ် အရွေးချယ်ခံပြည်သူလွှတ်တော်အမတ် ဦးလှိုင်ဧ အသက်(၈၀)နှစ်ဟာ ဒီကနေ့မနက် ၃ နာရီကျော်က သွေးတိုးရောဂါနဲ့ ကွယ်လွန်သွားတယ်လို့မိသားစု၀င်တွေဆီကနေ သိရပါတယ်။ ” ဆရာဦးလှိုင်ဧ က ပခုက္ကူမြို့ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တည်ထောင်သူ မြို့နယ်ပါတီအလုပ်အမှုဆောင်ဥက္ကဌဖြစ်တယ်၊ ၁၉၉၀ ခုနှစ်မှာ အမျိုးသားဒီမိုကရေစီအဖွဲချုပ် အမှတ်၂ပြည်သူလွှတ်တော်ကိုယ်စားလှယ်အဖြစ်အရွေးချယ်ခံအမတ်တစ်ဦးဖြစ်​တယ်”လို့ ၁၉၉၀ ခုနှစ် အမှတ်(၁) ပြည်သူလွတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါက်တာကြည်မင်းကပြောပါတယ်။ ဦးလှိုင်ဧဟာ ၁၉၈၈ ခုနှစ် စက်တင်ဘာ (၂၇)ရက်နေ့မှာ ရန်ကုန်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်တည်ပြီး တပတ်အကြာ ပခုက္ကူမြို့ရဲ့ ပထမဆုံး NLDအလုပ်အမှုဆောင်ဥက္ကဌတာဝန်ထမ်းဆောင်ပြီး ပထမအကြိမ် NLD ညီလာခံသဘာပတိနဲ့ မကွေးတိုင်းညီလာခံဥက္ကဌ ဗဟိုဦးစီးကော်မတီဖွဲ့ဝင်အဖြစ် ပါတီတာဝန်တွေကိုထမ်းဆောင်ခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။ ” နိုင်ငံလှုပ်ရှားမှုကြောင့် အကြိမ်ကြိမ်ထိန်းသိမ်းခံရပြီး၂၀၀၇ ခုနှစ်ရွှေဝါရောင်တော်လှန်ရေးကိုဦးဆောင်ခဲ့တာကြောင့် မြင်းခြံနဲ့ကလေးထောင်မှာ ၇နှစ်အမိန့်ချမှတ်​ခံခဲ့ရသူဖြစ်တယ်”လို့ ၂၀၂၀ခုနှစ်ရွေးကောက်ပွဲအနိုင်ရ မကွေးတိုင်းဒေသကြီးအမှတ်၁ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဌေးဌေးလှိုင်ကပြောပါတယ်။…

Read More

မြင်းခြံက တပ်ထောက်ခံပွဲ ဦးဆောင်သူ သုံးဦးကို သဘာဝဘေးဥပဒေနဲ့ ထပ်မံအမှုဖွင့်

ဇန်နဝါရီ ၂၀ -၂၀၂၁ မောင်တာရာ (VOM) မန္တလေးတိုင်း၊ မြင်းခြံမြို့မှာ ဇန်နဝါရီ ၁၆ ရက်နေ့က ပြုလုပ်ခဲ့တဲ့ တပ်မတော်ကိုထောက်ခံပြီး ရွေးကောက်ပွဲတရားမျှတမှုလိုလားကြောင်း ဆန္ဒထုတ်ဖော်ပွဲကို ဦးဆောင်သူ ၃ ဦးကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေတွေနဲ့ ထပ်မံအမှုဖွင့်ထားတယ်လို့ သိရပါတယ်။ ”ကျွန်မတို့က စည်းကမ်းချက်နဲ့အညီ တင်ထားတဲ့ အတိုင်း တသွေမတိမ်းလိုက်နာပြီး စည်းကမ်းချက်နဲ့အညီပဲ စီတန်းလှည့်လည်တယ်။ ဒါကို ကျွန်မအပါ ၃ ဦးကို ငြိမ်းစုစီဥပဒေနဲ့ အရင် တရားစွဲတယ်ဆိုတယ်။ ငြိမ်းစုစီဥပဒေက အာမခံရတဲ့အတွက် ကျွန်မတို့ကို အာမခံပေးပါတယ်။ နောက်ရက်ကျ ကျွန်မတို့ကို သဘာဝဘေးအန္တရာယ်ဥပဒေနဲ့ ထပ်ပြီး အမှုဖွင့်ထားပါတယ်ဆိုပြီး အကြောင်းကြားလာတယ်။ သဘာဝဘေးအန္တရာယ်ဥပဒေနဲ့က သူတို့က ဝန်းရံသူတွေပါလာလို့ ပြောတာပဲ၊ ကျွန်မတင်တာက လူ ၃၀ ထက် မကျော်သော လူများနဲ့ ငြိမ်းချမ်းစွာ စီတန်းလမ်းလျှောက်မယ် စုဝေးဟောပြောတယ်၊ လူ ၃၀ ထက်ပိုပြီး…

Read More

ရန်ကုန်က ပန်းခြံတွေ မနက် ၅ နာရီကနေ မနက် ၉ နာရီခွဲထိ ပြန်ဖွင့်မယ်

ရန်ကုန်-ဇန်နဝါရီ ၂၀ . ၂၀၂၁ ယဉ်ပပထွန်း (VOM) ရန်ကုန်မြို့မှာ ရှိနေတဲ့ ကန်တော်ကြီးအပါအဝင် ပန်းခြံတွေအားလုံးကို မနက်ဖြန် ဇန်နဝါရီ၂၁ ရက်က စပြီး မနက် ၅ နာရီကနေ မနက် ၉ နာရီခွဲထိ အားကစားလုပ်ဖို့ ပြန်ဖွင့်ပေးတော့မယ်လို့ သိရပါတယ် ။ “ အဓိက ကန်တော်ကြီးမှာလမ်းလျှောက်တဲ့လူတွေအတွက်ပေါ့ ။ ရန်ကုန်မြို့မှာ အားကစား လှုပ်ရှားတဲ့ ပန်းခြံတွေ ဖွင့်မယ်။ ရန်ရွယ်ချက်က ကျန်းမာရေးလှုပ်ရှားတဲ့လူတွေအတွက် ဖွင့်ပေးတာပါ ။ ပန်းဥယျာဉ်ကနေ ဒီနေ့ ထုတ်ပြန်တာပါ” လို့ မင်္ဂလာတောင်ညွှန့်မြို့နယ် အမှတ်(၁) ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက VOM ကိုပြောပါတယ် ။ တချို့သက်ကြီးရွယ်အိုတွေ ဆီးချိုသမားတွေလမ်းလျှောက်ဖို့က အရေးကြီးတယ် အဲ့ဒီ အတွက်ကြောင့် မနက် ၅နာရီကနေ ၉ နာရီခွဲထိ ပန်းခြံတွေ မပိတ်ခင်က သက်…

Read More

ရိုဟင်ဂျာဒုက္ခသည်တွေကို အခုနှစ်ဒုတိယသုံးလပတ်မှာ ပြန်လက်ခံဖို့ မြန်မာသဘောတူ

ဒါကာ၊ ဇန်နဝါရီ ၂၀-၂၀၂၁ မျိုးဆက်(VOM) ဘင်္ဂလားဒေ့ရှ်မှာရောက်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို အခုနှစ် ဒုတိယသုံးလပတ်မှာ ပြန်ခေါ်ဖို့အတွက် တရုတ်နိုင်ငံရဲ့စီစဉ်မှုနဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ်-တရုတ် အွန်လိုင်း သုံးပွင့်ဆိုင်ဆွေးနွေးပွဲမှာ မြန်မာဘက်က သဘောတူခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်တာဝန်ရှိသူတွေက ဇန်နဝါရီ ၁၉ ရက်မှာ ပြောပါတယ်။ ဒုက္ခသည်တွေပြန်ခေါ်ရေးနဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်က တွန်းအားပေးနေပေမယ့် ထောက်ပံ့ပို့ဆောင်ရေးအစီအစဉ်တွေအတွက် အချိန်ယူရဦးမှာဖြစ်တာကြောင့် မြန်မာဘက်က ထပ်ပြီးရွှေ့ဆိုင်းခဲ့တယ်လို့ ပြောပါတယ်။ မိမိတို့အနေနဲ့ အခုနှစ်ပထမ သုံးလပတ်မှာ ဒုက္ခသည်တွေပြန်ခေါ်လုပ်ငန်းစဉ်စဖို့ တွန်းအားပေးခဲ့ပေမယ့် ထောက်ပံ့ပို့ဆောင်ရေး အစီအစဉ်တွေနဲ့ ရုပ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုတွေအတွက် အချိန်ပိုယူဖို့လိုတယ်ဆိုတာကြောင့် ဒုတိယသုံးလပတ်မှာ ဒုက္ခသည်တွေ ပြန်ခေါ်ရေးစတင်ဖို့ တောင်းဆိုချက်ကို မြန်မာဘက်က သဘောတူခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနအတွင်းဝန် မာဆွတ်ဘင်မိုမန်က ပြောပါတယ်။ ဒါ့အပြင် ဒုက္ခသည်ပြန်လည်လက်ခံံရေး စတင်ချိန်မှာ ရခိုင်ပြည်နယ်အတွင်း နိုင်ငံတကာအသိုင်းအဝိုင်းက အကူအညီပေးရေးအဖွဲ့တွေ ရှိနေတာကို ဆက်လက်ထိန်းသိမ်းထားဖို့ ဘင်္ဂလားဒေ့ရှ်ရဲ့ တိုက်တွန်းချက်ကို မြန်မာနဲ့တရုတ်နိုင်ငံဘက်က နားလည်သဘောတူခဲ့ကြတယ်လို့ ဘင်္ဂလားဒေ့ရှ်တာဝန်ရှိသူတွေက…

Read More

ဂျပန်မှာ နှင်းမုန်တိုင်းကြောင့် ကားအစီး ၁၃၀ ဆင့်တိုက်မှုဖြစ်ပွား

တိုကျို၊ ဇန်နဝါရီ ၂၀-၂၀၂၁ မျိုးဆက် (VOM) ဂျပန်နိုင်ငံမြောက်ပိုင်းက အဝေးပြေးလမ်းမကြီးတစ်ခုမှာ နှင်းမုန်တိုင်းအကြီးအကျယ်တိုက်ခတ်ခဲ့တာကြောင့် ကားအစီး ၁၃၀ ခန့် ဆင့်တိုက်မှုဖြစ်ပွားခဲ့ပြီး ၁၀ ဦးဒဏ်ရာရရှိသွားပါတယ်။ အဲ့ဒီမတော်တဆမှုဟာ မီယာဂီပြည်နယ်ရှိ တိုဟိုကူအဝေးပြေးလမ်းပေါ်မှာ ဇန်နဝါရီ ၁၉ ရက်နေ့လယ်ပိုင်းက နှင်းမုန်တိုင်းအကြီးအကျယ်တိုက်ခတ်ခဲ့တာကြောင့် ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ကားတွေဆင့်တိုက်တဲ့နေရာမှာ လူ ၂၀၀ ကျော်ပိတ်မိနေပြီး ကယ်ဆယ်ရေးသမားတွေက ကယ်ဆယ်ရေးတွေ လုပ်ဆောင်ခဲ့ရပါတယ်။ ဂျပန်နိုင်ငံမှာ မကြာသေးမီသီတင်းပတ်တွေအတွင်း ဆိုးရွားတဲ့နှင်းမုန်တိုင်း တိုက်ခတ်မှုတွေကြုံတွေခဲ့ရပြီး အချို့ဒေသတွေမှာ မျှော်မှန်းထားတာထက် နှစ်ဆပိုပြင်းထန်နေပါတယ်။ နှင်းမုန်တိုင်းကြောင့် တိုဟိုကူဒေသက မီးရထားဝန်ဆောင်မှုအချို့ကိုလည်း ဖျက်သိမ်းခဲ့ရပြီး ဂျပန်နိုင်ငံရဲ့ မြန်နှုန်းမြင့် ရထားလမ်းကွန်ရက်ကိုပါ အနှောက်အယှက်ဖြစ်စေခဲ့ပါတယ်။ ဒေသအတွင်း လာမယ့် ၂၄ နာရီအတွင်းမှာ နှင်းထု ၁၅ လက်မအထိ စံချိန်တင်ကျဆင်းဖွယ်ရှိတယ်လို့ ဒေသတွင်းသတင်းဌာနတွေက ဖော်ပြထားပါတယ်။ လွန်ခဲ့တဲ့လကလည်း ကာနက်ဆုအဝေးပြေးလမ်းမပေါ်မှာ ဆီးနှင်းထူထပ်စွာ ကျရောက်ခဲ့တာကြောင့် မော်တော်ယာဉ် ၁၀၀၀…

Read More

ဘုရားဖူးမရောက်လို့ ကျောက်တော်တောင်က မျောက်တွေ အစာငတ်

ဇန်နဝါရီ ၂၀ -၂၀၂၁ ထက်အောင်စိုင်း(VOM) ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်အတွင်းက ကျောက်တော်မြို့တစ်ဖက်ကမ်းက ဘုရားတောင်ပေါ်မှာ နေထိုင်နေတဲ့ ထောင်နဲ့ချီ မျောက်တွေဟာ အစားအစာ အငတ်ဘေးနဲ့ ရင်ဆိုင်နေကြရတယ်လို့ ဘုရားဂေါပဂတွေနဲ့ မျောက်အစာရောင်းတဲ့ ဈေးသည်တွေဆီကနေ သိရပါတယ်။ ဘုရားဖူးခရီးသည်တွေ မလာရောက်တဲ့ အဓိကအကြောင်းအရင်းဟာ တောင်ပေါ်မှာ စခန်းချနေထိုင်နေတာတွေရှိနေတာဖြစ်ပြီး အရင်က အဲ့ဒီမျောက်တွေဟာ ကစ္ဆပနဒီတံတားပေါ်အထိ အစားအစာတွေ လာရောက်ရှာဖွေကြတာဖြစ်ပါတယ်။ ဘုရားဖူးခရီးသည်တွေကို မှီခိုပြီး အသက်ရှင်သန်နေရတဲ့ မျောက်တွေဟာ လက်ရှိမှာ အစာငတ်နေကြပြီး လက်ရှိအချိန်မှာတော့ မြက်တွေကိုပဲ စားနေကြရတာကြောင့် အစားငတ် သေဆုံးမှုတွေနဲ့ပါ ရင်ဆိုင်နေရတယ်လို့ ဘုရားဂေါပကတွေက ပြောပါတယ်။ ကျောက်တော်တောင်ပေါ်က ဘုရားဂေါပဂအဖွဲ့ဝင်တစ်ဦးက ” မျောက်တွေကတော့ ဒီလိုရှာစားနေကြတာပါပဲ။ တံတားကိုသွားတယ် လူတွေဆီက အစာတောင်းတယ်။ ခရီးသည်တွေမှာပါတဲ့ အစား၊ အစာတွေ ကျွေးကြတယ်။ ကားတိုက်လို့လည်း သေခါသေကြတယ်”လို့ ပြောပါတယ်။ အဲ့ဒီမျောက်တွေဟာ အရင်ကတည်းက ကျောက်တော်ဘုရားတောင်မှာ…

Read More

စစစ အဖွဲ့ကဆိုပြီး အောင်ဘာလေထီ လိမ်ရောင်းသူတွေကို ဖမ်းဆီးရမိ

ဇန်နဝါရီ ၂၀ -၂၀၂၁ ကိုတိုးကြီး(VOM) စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်၊ ကိုင်းကြီးကျေးရွာအုပ်စု၊ ခေါင်းကိုက်ကျေးရွာမှာ စ.စ.စ အဖွဲ့ကပါဆိုပြီး အောင်ဘာလေထီလက်မှတ် ၁ အုပ်ကို ပိုက်ဆံ ၈ သောင်းကျပ်နဲ့ အတင်းအဓမ္မ ခြိမ်းခြောက်လာရောင်းတဲ့သူ ၄ဦးထဲက ၃ဦးကိုဖမ်းဆီးထားတယ်လို့ ဗန်းမောက်မြို့မရဲစခန်းကနေ သိရပါတယ်။ အတင်းအဓမ္မ ထီလာရောင်းတာကို ကြောက်လန့်လို့ ထီဝယ်လိုက်ရသူတွေက ကျေနပ်မှုမရှိလို့ မနေ့ ဇန်နဝါရီ ၁၉ရက်နေ့က ရဲစခန်းမှာ လာရောက်တိုင်ကြားခဲ့တာလည်းဖြစ်ပါတယ်။ ထီလက်မှတ် ၂ အုပ်ဝယ်ယူခဲ့ရသူ ဦးအောင်နိုင်ဦးကတော့ ” လူ ၄ ယောက် အိမ်ကိုရောက်လာတယ် ၊ (၂၄)ကြိမ်မြောက် အောင်ဘာလေထီ လက်မှတ် ၁ အုပ်ကို ၈ သောင်းနဲ့ဝယ်ရမယ်လို့ အတင်းအဓမ္မခိုင်းတယ်၊ အဲ့ဒီ ငွေကြေးလောက်ကြီး မတတ်နိုင်ဘူးပြောတော့ ၊ ငါတို့က စ.စ.စ အဖွဲ့ကဖြစ်တယ်၊ မဝယ်ဘူးဆိုရင် ဖမ်းမယ်လုပ်တော့ ထီ…

Read More

ကျောက်ကြီးမြို့ခံနှစ်ဦးကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ပစ်ခတ်သတ်ဖြတ်

ဇန်နဝါရီ ၂၀ -၂၀၂၁ ကောင်းလက်ျာ(VOM) ပဲခူးတိုင်း‌ နဲ့ ကရင်ပြည်နယ်နယ်စပ်၊ ဖာပွန်ခရိုင်၊ ဘောစဲခိုစခန်းက ‌ဈေးရောင်းပြန်လာတဲ့ ကျောက်ကြီးမြို့ခံနှစ်ဦးကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး ဈေးရောင်းချထားတဲ့ ငွေကြေးတွေကို ယူဆောင်သွားတဲ့ဖြစ်စဉ် မနေ့ ဇန်နဝါရီ ၁၉ ရက်နေ့က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ” ဈေးရောင်း ပြန်လာသူနှစ်ဦး အသတ်ခံရတဲ့အမှုက အပိုင်နယ်ထဲမှာမဟုတ်လို့ အမှုမဖွင့်ထားဘူး။ သက်ဆိုင်ရာ ဖားပွန်ရဲတပ်ဖွဲ့ကို အကြောင်းကြားပြီး ဒီဘက်က ဆေးစာတို့ဘာတို့ လုပ်ပေးထားရပါတယ်”လို့ ကျောက်ကြီးမြို့မရဲစခန်းမှူဒ ဒု-ရဲမှူး အောင်ဌေးဝင်းက ပြောပါတယ်။ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့၊ တောင်ငူတန်းရပ်ကွက်နေ ဦးတာ(၅၄ နှစ်)နဲ့ ဦးထွန်းစိုး(၄၂ နှစ်)တို့နှစ်ဦးဟာ ဆိုင်ကယ်‌တွေနဲ့ ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ မူသဲကျေးရွာအနီး ဘောစဲခိုစခန်းကို ဈေးရောင်းသွားကြပါတယ်။ ဈေးရောင်းပြန်လာချိန် နေ့လယ် ၂နာရီခန့်က ရှာမားကုန်းအတက်မှာ KNU တပ်မဟာ ၅ လက်အောက်က…

Read More
VOM News

FREE
VIEW