ရန်ကုန်က ပန်းခြံတွေ မနက် ၅ နာရီကနေ မနက် ၉ နာရီခွဲထိ ပြန်ဖွင့်မယ်

ရန်ကုန်-ဇန်နဝါရီ ၂၀ . ၂၀၂၁
ယဉ်ပပထွန်း (VOM)

ရန်ကုန်မြို့မှာ ရှိနေတဲ့ ကန်တော်ကြီးအပါအဝင် ပန်းခြံတွေအားလုံးကို မနက်ဖြန် ဇန်နဝါရီ၂၁ ရက်က စပြီး မနက် ၅ နာရီကနေ မနက် ၉ နာရီခွဲထိ အားကစားလုပ်ဖို့ ပြန်ဖွင့်ပေးတော့မယ်လို့ သိရပါတယ် ။

“ အဓိက ကန်တော်ကြီးမှာလမ်းလျှောက်တဲ့လူတွေအတွက်ပေါ့ ။ ရန်ကုန်မြို့မှာ အားကစား လှုပ်ရှားတဲ့ ပန်းခြံတွေ ဖွင့်မယ်။ ရန်ရွယ်ချက်က ကျန်းမာရေးလှုပ်ရှားတဲ့လူတွေအတွက် ဖွင့်ပေးတာပါ ။ ပန်းဥယျာဉ်ကနေ ဒီနေ့ ထုတ်ပြန်တာပါ” လို့ မင်္ဂလာတောင်ညွှန့်မြို့နယ် အမှတ်(၁) ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက VOM ကိုပြောပါတယ် ။

တချို့သက်ကြီးရွယ်အိုတွေ ဆီးချိုသမားတွေလမ်းလျှောက်ဖို့က အရေးကြီးတယ် အဲ့ဒီ အတွက်ကြောင့် မနက် ၅နာရီကနေ ၉ နာရီခွဲထိ ပန်းခြံတွေ မပိတ်ခင်က သက် ဆိုင်ရာ ရန်ကုန်စည်ပင်သာယာရေးကော်မတီကို အကြံပြုတင်ပါထားလို့လဲ သင်္ဃန်းကျွန်းမြို့နယ် ကိုဗစ်က ကာကွယ်ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင် ဒေါက်တာကျော်စွာဦးက VOM ကိုပြောပါတယ်။

“ သင်္ဃန်းကျွန်းမြို့နယ်က သုဝဏ္ဏနဲ့ ပြည်ထောင်စု ပန်းခြံ နှစ်ခုကို အဲ့ဒီလိုလုပ်ဖို့ သတ်မှတ်ပေး ထားပြီးမှ ပန်းခြံတွေအားလုံးပိတ်တဲ့ထဲ ပါသွားတာပေါ့ ။ ပန်းခြံတွေ ပိတ်တာလည်း အဖြေမဟုတ်ဘူး ။ ဖွင့်တာလဲ အဖြေမဟုတ်ဘူး ။ အလုံးစုံဖွင့်တာလဲ မဟုတ်ဘူး အလုံးစုံပိတ်တာလဲ မဟုတ်ဘူး အချိန်အကန့်အသတ်နဲ့ အများပြည်သူကျန်းမာရေးအတွက်ပါ လုပ်ပေးတော့ ကောင်းပါတယ် “ လို့ ဆိုပါတယ်။

၂၀၂၀ ဒီဇင်ဘာ ၇ ရက်က စပြီးတော့ ရန်ကုန်မြို့မှာ ရှိနေတဲ့ မဟာဗန္ဓုလပန်းခြံကို စတင်ပိတ် ခဲ့ပြီးနောက် ဒီဇင်ဘာ ၉ ရက်နေ့မှာတော့ ရန်ကုန်မြို့မှာရှိနေတဲ့ ပန်းခြံတွေအားလုံးကို ပိတ်ခဲ့တာ ဖြစ်ပါတယ်။ ရန်ကုန်မှာ ပန်းခြံ ၆၁ခုရှိပြီး ကစားကွင်း ၁၆၁ ခုရှိတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန်ပန်းခြံတွေပြန်ဖွင့်မယ်

Related posts

Leave a Comment

VOM News

FREE
VIEW