ရနောင်းမှာ ထိန်းသိမ်းခံထားရတဲ့ မြန်မာလုပ်သား ၄၀၀ ကျော် ပြန်လွတ်တော့မယ်

ရနောင်း၊ ဇန်နဝါရီ ၂၇-၂၀၂၁
မျိုးဆက် (VOM)

ထိုင်း-မြန်မာနယ်စပ် ရနောင်းမှာ ထိန်းသိမ်းခံထားရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၄၀၂ ဦးထဲက ၁၆၆ ဦးကို ပထမအသုတ်အဖြစ် ဇန်နဝါရီ ၂၈ ရက်မှာ မြန်မာနိုင်ငံကို ပြန်ပို့မယ်လို့ ရနောင်းအုပ်ချုပ်ရေးမှူး Somkiat Sisanet က ဇန်နဝါရီ ၂၆ ရက်မှာ ပြောပါတယ်။

သူတို့တွေဟာ ထိုင်းနိုင်ငံအတွင်း တရားမဝင်ဝင်ရောက်မှုအပါအဝင် အကြမ်းဖက်မဟုတ်တဲ့ အမှုတွေနဲ့ ဖမ်းဆီးခံခဲ့ရပြီးနောက် ရနောင်းလူဝင်မှုကြီးကြပ်ရေးရုံးရဲ့ ထိန်းသိမ်းရေးစခန်းတွေမှာ ၂ လကနေ ၅ လကြာ ထိန်းသိမ်းခံထားရတာဖြစ်ပါတယ်။

အဲ့ဒီလို ဖမ်းဆီးထိန်းသိမ်းမှုတွေအပြီးမှာ သူ့တို့တွေကို မြန်မာနိုင်ငံကို ပြန်မပို့ပေးသေးတဲ့အတွက် ဇန်နဝါရီ ၂၅ ရက်မှာတော့ ထိန်းသိမ်းခံမြန်မာလုပ်သားတွေဟာ ငြိမ်းချမ်းစွာ ဆန္ဒပြမှုတွေပြုလုပ်ခဲ့ကြပါတယ်။

ဒီလိုပြန်မလွှတ်ရတဲ့အကြောင်းကတော့ ကိုဗစ်-၁၉ အခြေအနေဆိုးရွားနေတာကြောင့် မြန်မာအစိုးရက ပြန်လက်ခံဖို့အသင့်မဖြစ်သေးတာကြောင့်လို့ ပြည်နယ်တာဝန်ရှိသူတွေက အကြောင်းပြချက်ပေးထားပါတယ်။

မြန်မာနိုင်ငံမှာ အခြေအနေတွေတိုးတက်ကောင်းမွန်လာပြီဖြစ်တဲ့အတွက် သူတို့ကို မြန်မာနိုင်ငံပြန်ပို့ရေးလုပ်ငန်းစဉ် မြန်ဆန်စေဖို့ မြန်မာသံရုံးနဲ့ ဆက်သွယ်ဆောင်ရွက်ဖို့ မြန်မာလုပ်သားတွေက ဇန်နဝါရီ ၂၅ ရက်မှာ တိုက်တွန်းခဲ့ပါတယ်။

အဲ့ဒီကိစ္စအပေါ် ဆွေးနွေးမှုတွေပြုအပြီးမှာတော့ ထိန်းသိမ်းခံမြန်မာလုပ်သားပထမအသုတ်ကို ဇန်နဝါရီ ၂၈ ရက်မှာ ပြန်ပို့ဖို့နဲ့ ကျန်နေတဲ့သူတွေကိုလည်း များမကြာခင်ပြန်ပို့ရေးကို ရနောင်းအုပ်ချုပ်ရေးမှူးနဲ့ မြန်မာသံရုံးတို့အကြား သဘောတူညီမှုရရှိခဲ့ကြပါတယ်။

Ref: The Nation
Photo: The Nation
#voiceofmyanmar #VOM #ရနောင်း

Related posts

Leave a Comment

VOM News

FREE
VIEW