လမ်းဘေးရပ်ထားတဲ့ကားကို စစ်ကားက ဝင်တိုက်မိလို့ ၁ ယောက်သေ ၊ ၁၂ ယောက် ဒဏ်ရာရ

ဇန်နဝါရီ ၃၁ ၊ ၂၀၂၁
ကိုတိုးကြီး (VOM)

ပဲခူးတိုင်း ပြည်ခရိုင် ပန်းတောင်းမြို့နယ် စမ်းဝကျေးရွာအုပ်စု မုံရွာ – ပုသိမ် အဝေးပြေးကားလမ်းမှာ ရပ်ထားတဲ့ ကားတစ်စီးကို တပ်မတော်ကားတစ်စီးက ဝင်ရောက်တိုက်မိတဲ့အတွက် လူ ၁ ဦးသေဆုံးပြီး ၁၂ ယောက် ဒဏ်ရာရရှိခဲ့တဲ့ ယာဥ်တိုက်မှုဖြစ်စဥ် တစ်ရပ် မနေ့ ဇန်နဝါရီ ၃၀ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့တယ်လို့ ပဲခူးတိုင်း ရဲတပ်ဖွဲ့ရုံးက သိရပါတယ်။

” အခင်းဖြစ်တာက မုံရွာ ပုသိမ်ကားလမ်း မိုင်တိုင်အမှတ် ၁၁၂ /၁ နဲ့ ၁၁၂ / ၂ အကြားမှာ ဖြစ်တာပါ ၊ အမှတ် ၅ ကာကွယ်ရေး ပစ္စည်းစက်ရုံက တပ်ကြပ်ကြီး နန်းဝင်းအောင် မောင်းနှင်လာတဲ့ ယာဥ်အမှတ်……၆ ဘီး ၊ Faw ကားဟာ မျက်နှာချင်းဆိုင်က လာတဲ့ ဆိုင်ကယ်ကို ရှောင်တိမ်းတဲ့အခါ အရှိန်မထိန်းနိုင်ဘဲ တဘက် ယာဥ်ကြောက ရပ်ထားတဲ့ ဟိုက်ဂျက်ကားကို ဝင်တိုက်မိတာဖြစ်တယ် “လို့ ထုံးဘိုနယ်မြေရဲစခန်းက ရဲဝန်ထမ်း တစ်ယောက်က ပြောပါတယ် ။

အဲ့ဒီ ယာဥ်တိုက်မှုဖြစ်စဥ်ကြောင့် ဟိုက်ဂျက်ကားပေါ်ဟာ လမ်းဘေးယာခင်းထဲကို လွင့်စင်ကျသွားခဲ့ပြီး ယာဥ်ပေါ်ပါ အမျိုးသား ၄ ယောက် အမျိုးသမီး ၇ ယောက် ဒဏ်ရာရရှိခဲ့တဲ့
အနက်က ယာဥ်မောင်းဖြစ်သူ အသက် ၅၅ နှစ်အရွယ် ဦးမျိုးဝင်း ဆိုသူဟာ ရရှိဒဏ်ရာနဲ့ ပြည် ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသခံယူနေရင်း ဒီမနက် ၉ နာရီ ၃၀ မှာ သေဆုံးသွားတယ်လို့ သေဆုံးသူ ရဲ့ သားဖြစ်သူ ကိုလှဝင်းက ရဲစခန်းကို ဖုန်းနဲ့ ဆက်သွယ် အကြောင်းကြားခဲ့ပါတယ် ။

အဲ့ဒီ ယာဥ်တိုက်မှုဖြစ်စဥ်ကို ထုံးဘို နယ်မြေရဲစခန်းက ယာဥ် (ပ) ၂ / ၂၀၂၁ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၀၄ – က / ၃၃၇ /၃၃၈ အရ အမှုဖွင့် အရေးယူ စစ်ဆေးနေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ကပစစစ်ကားအရပ်ကားကိုတိုက် #ပဲခူး

ဓာတ်ပုံ ထုံးဘိုရဲစခန်း

 

Related posts

Leave a Comment

VOM News

FREE
VIEW