Voice Of Myanmar ရဲ့ သတင်းစုံလင် မြန်ပြည်တခွင် ဇန်နဝါရီ ၂၂ ညနေခင်းအစီအစဉ်

ဇန်နဝါရီ၊ ၂၂- ၁- ၂၀၂၁ (VOM) – အိန္ဒိယနိုင်ငံကနေမှာယူထားတဲ့ ကိုဗစ်ကာကွယ်ဆေးတွေ မြန်မာနိုင်ငံကို ရောက်ပြီ – အစိုးရသစ်လက်ထက်မှာ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ လက်ရှိဝန်ကြီးတွေ အလိုမရှိကြောင်း ဆိုင်းဘုတ်ကပ် – ဘိုးဘွားပိုင် လယ်မြေပေါ် ပြန်လည်နေထိုင်တဲ့ လယ်သမား ၁၅ ဦးကို တပ်မတော်က တရားစွဲ – တပ်ကထုတ်တဲ့ ကရင်ပြည်နယ်မဲစာရင်းတွေကို UECက ရှင်းလင်းပေးဖို့ KNDP ပါတီတောင်းဆို – နေပြည်တော်မှာ COVID -19 သတိပေး အရုပ်ဖွင့်ပွဲပြုလုပ် – အခြေခံပညာဦးစီးဌာနက ဝန်ထမ်းတွေကို ကိုဗစ်ကာကွယ်ဆေးထိုးဖို့ စာရင်းတောင်းယူ – ဝိုင်းမော်မြို့နယ်က ကာရာအိုကေဆိုင် ဝန်ထမ်း ၈ ဦး Covid-19 ရောဂါပိုးတွေ့ – ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်ထဲက မြန်မာနိုင်ငံသားတွေ နေရပ်ပြန်လိုပါက အမည်စာရင်းပေးနိုင်ပြီ ဆိုတဲ့ သတင်းတွေကို တင်ဆက်ထားပါတယ်ခင်ဗျာ။…

Read More

ရေးမြစ်ထဲ မော်တော်ကားပြုတ်ကျ လူ ၂ဦးသေဆုံး

ဇန်နဝါရီ ၂၂ -၂၀၂၁ ကောင်းလက်ျာ(VOM) မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ ဒီကနေ့မနက် အစောပိုင်းက အိမ်စီးကားတစ်စီး ရေးမြစ်ထဲ ပြုတ်ကျရာကနေ အမျိုးသား ၂ ဦး ရေနစ်သေဆုံးခဲ့တယ်လို့ ရေးမြို့မရဲစခန်းကနေ သိရပါတယ်။ ” သေဆုံးသူနှစ်ဦးက ရေးမြို့ကပါပဲ။ အလောင်းတွေနဲ့ကားကို မနက် ၁၁ နာရီနီးပါးမှာ ပြန်ဆယ်နိုင်ပါတယ်။ လက်တစ်လောမှာ လူသေဆုံးမှုနဲ့ အမှုဖွင့်ထားပါတယ်”လို့ ဒု-ရဲမှူး ဝင်းမြင့်ကပြောပါတယ်။ ရေးမြို့နယ်၊ အမှတ်(၁၆) ရပ်ကွက်က အသက်(၅၂နှစ်)အရွယ် အမျိုးသားမောင်းလာပြီး အသက်(၇၀)အရွယ် အမျိုးသားလိုက်ပါလာတဲ့ အိမ်စီးကား တစ်စီးဟာ ကမ်းနားလမ်းအတိုင်း မောင်းလာချိန် ကမ်းနားလမ်းမှာ ရပ်ထားတဲ့ ဆိုင်ကယ်တစ်စင်းကို တိုက်မိခဲ့ပါတယ်။ အဲ့ဒီလိုတိုက်မိချိန် မြစ်ဘေးလက်ရမ်းကိုပါ ထပ်ဆင့်တိုက်မိပြီး မြစ်ထဲ ကို ပြုတ်ကျခဲ့တာကြောင့် အနီးပတ်ဝန်းကျင်ကလူတွေနဲ့ နယ်မြေရဲစ ခန်း တာဝန်ရှိသူတွေ၊ ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေက လူနှစ်ဦးကို ချက်ခြင်းကယ်ထုတ်ခဲ့ပေမယ့် အသက်ဆုံးရှုံးသွားတယ်လို့ ရေးမြို့မရဲစခန်းကနေ…

Read More

ကိုဗစ်ကြောင့် ပိတ်ထားရတဲ့ ဟိုတယ်လုပ်ငန်းရှင်တွေ အစိုးရဆီကနေ ချေးငွေလိုအပ်နေ

ဇန်နဝါရီ ၂၂ -၂၀၂၁ သိင်္ဂီထွန်း(VOM) ကိုဗစ်ကာလ ဟိုတယ်နဲ့ တည်းခိုရိပ်သာတွေ ပိတ်သိမ်းထားရတဲ့အတွက် စီးပွားရေးလုပ်ငန်းရှင်တွေ အကြပ်အတည်းတွေဖြစ်ပေါ်နေရပြီး ဆက်လက်ရပ်တည်ရဖို့ အခက်အခဲတွေလည်း ရှိလာနိုင်တာကြောင့် အတိုးနူန်းသက်သာစွာနဲ့ ချေးငွေရရှိဖို့ ဆန္ဒရှိနေကြပါတယ်။ “ကိုဗစ်က အခုကူးစက်မှုတွေလျော့ကျနေပြီဆိုတော့ မကြာခင် လမ်းကြောင်းတွေ ပြန်ပွင့်လာမယ်လို့ထင်တယ်။ ဒါပေမယ့် ကျနော်တို့မှာ လုပ်ငန်းပြန်လည်ပတ်ဖို့ အရင်းအနှီးလိုသွားပြီ၊ အဓိက ဝန်ထမ်းလစာ၊ မီတာခ ရှိမယ်၊ တခြားကုန်ကျစရိတ်တွေရှိမယ်။ ဒါတွေအတွက် အစိုးရဘက်က ချေးငွေ ထုတ်ချေးစေချင်တယ်။ သက်တမ်းကိုလည်း ၂ နှစ်လောက်ထားပေးရင် ကျနော်တို့လုပ်ငန်းရှင်တွေ အဆင်ပြေ၊ အသက်ရှုချောင်မှာပါ”လို့ မိုတယ်လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးဇော်ဝင်းထွန်းကပြောပါတယ်။ ကိုဗစ်ကြာင့် ဖြစ်ပေါ်လာနိုင်တဲ့ စီးပွားရေးသက်ရောက်မှုတွေအပေါ် ကုစားရေးလုပ်ငန်းကော်မတီကတော့ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းအပါအဝင် စီးပွားရေးလုပ်ငန်းပေါင်း ၃၀၀၀ ကျော်ကို ၂၀၂၀ ခုနှစ်ထဲမှာ ချေးငွေတွေထုတ်ချေးထားတယ်လို့လည်း သိရပါတယ်။ ဟိုတယ်လုပ်ငန်းတွေအပေါ် မှီခိုလုပ်ကိုင်နေရတဲ့ ဝန်ထမ်းတွေထဲမှာ အလုပ်လက်မဲ့ဖြစ်တာတွေရှိနေတဲ့အတွက် လက်ရှိမှာ အလုပ်လက်မဲ့…

Read More

တပ်ကထုတ်တဲ့ ကရင်ပြည်နယ်မဲစာရင်းတွေကို UECက ရှင်းလင်းပေးဖို့ KNDPပါတီတောင်းဆို

ဇန်နဝါရီ ၂၂ -၂၀၂၁ အေးချမ်းသူ(VOM) တပ်မတော်ကထုတ်ပြန်ထားတဲ့ ကရင်ပြည်နယ် မဲသမာမှုစာရင်းတွေကို ပြည်သူတွေ သံသယရှင်းစေရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ ဖြေရှင်းပေးစေလိုကြောင်း ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ(KNDP)က မနေ့ဇန်နဝါရီ ၂၁ ရက်နေ့က တောင်းဆိုထားတာဖြစ်ပါတယ်။ “ရွေးကောက်ပွဲမှာ နဂိုကျနော်တို့တွက်ထားတာ များများစားစားရှိတယ်ပေါ့။ အနိမ်ဆုံးမရရင်တောင် ထက်ဝက်လောက်တော့ရမယ်ပေါ့၊ တကယ်တမ်းထွက်လာတော့ ဇိုးရိုးပိတ်တယ်ဆိုတော့ အထင်နဲ့အမြင်အများကြီးလွဲသွားတယ် သံသယစိတ်တွေ အများကြီးဝင်တယ်”လို့ (KNDP)ပါတီဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက VOMကိုပြောပါတယ်။ တပ်မတော်အနေနဲ့ မဲစာရင်းလိုက်ပြီး စိစစ်တဲ့အခါ ကရင်ပြည်နယ်က မဲမသမာမှု အများဆုံးဆိုတာကို တာဝန်ရှိတဲ့ UECအနေနဲ့ မဲဆန္ဒရှင်ပြည်သူတွေကို ရှင်းရှင်းလင်းလင်းသိရှိစေဖို့ ချပြပေးစေလိုတဲ့အတွက် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီက မနေ့ ဇန်နဝါရီလ ၂၁ရက်နေ့မှာပဲ ကြေညာချက်ထုတ်ပြန်လိုက်ရတာဖြစ်တယ်လို့ ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက ရှင်းပြပါတယ်။ “ရွေးကောက်ပဲွဲပြန်လုပ်ပေးဖို့ တောင်းဆိုတာလည်းမဟုတ်ဘူး။ ပြည်သူတွေက မဲစာရင်းနဲ့ ပတ်သက်ပြီး သို့လော သို့လော ထင်ကြတယ်၊ ဒါကို UEC အနေနဲ့ ပြည်သူလူထုမဲဆန္ဒရှင်တွေကို…

Read More

အစိုးရသစ်လက်ထက်မှာ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ လက်ရှိဝန်ကြီးတွေ အလိုမရှိကြောင်း ဆိုင်းဘုတ်ကပ်

ဇန်နဝါရီ ၂၂ -၂၀၂၁ ကိုတိုးကြီး(VOM) စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရဲ့ လူသွားလူလာများတဲ့နေရာမှာ အစိုးရသစ် လက်ထက်မှာ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ လက်ရှိဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေကို အလိုမရှိကြောင်း စာတမ်းပါတဲ့ ဗီနိုင်းဆိုင်းဘုတ်တွေကို ဒီကနေ့မနက် အစောပိုင်းက ချိတ်ဆွဲသွားပါတယ်။ ” အလျား ၃ ပေ အနံ ၂ ပေ ဗီနိုင်းစပေါ်မှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ နာယက ဦးတင်ဦး ဓာတ်ပုံပါတယ် ၊ စာတမ်းကတော့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ အစိုးရသစ်မှာ အလိုမရှိလို့ပါတယ်”လို့ အဲ့ဒီဆိုင်းဘုတ်ကိုမျက်မြင်တွေ့လိုက်ရသူက ပြောပါတယ်။ အဲ့ဒီ ဆိုင်းဘုတ်တွေကို မုံရွာမြို့၊ ရုံးကြီးရပ်ကွက်၊ ဗိုလ်ချုပ်လမ်းက လမ်းလယ်ကျွန်းသံဇကာပေါ်မှာနဲ့ စိန်နဂါးနာရီဆိုင်အနီးက နေရာတွေမှာ တွေ့ရတာဖြစ်ပါတယ်။ ” ပြီးခဲ့တဲ့ ၂၀၂၀ မှာ အလုံ၊ စစ်ပင်ရပ်ကွက်က မွှေးကြူအောင်ဆိုတဲ့ လူတစ်ယောက်ကတော့ ဝန်ကြီးချုပ်…

Read More

ဘဂ္ဂဒက်မှာ အိုင်အက်စ်တို့ အသေခံဗုံးခွဲ၊ ၃၂ ဦးသေဆုံးပြီး ၁၀၀ ကျော်ဒဏ်ရာရ

ဘဂ္ဂဒက်၊ ဇန်နဝါရီ ၂၂-၂၀၂၁ မျိုးဆက် (VOM) အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့မှာ မနေ့ ဇန်နဝါရီ ၂၁ ရက်ကဖြစ်ပွားခဲ့တဲ့ လူ ၃၂ ဦးသေဆုံးပြီး ၁၀၀ ကျော်ဒဏ်ရာရရှိခဲ့တဲ့ အသေခံဗုံးခွဲတိုက်ခိုက်မှုနှစ်ခုကို ကြိုးကိုင်လုပ်ဆောင်ခဲ့တယ်လို့ အိုင်အက်စ် စစ်သွေးကြွအဖွဲ့က ပြောပါတယ်။ ဒီတိုက်ခိုက်မှုဟာ ရှီးယိုက်မွတ်စလင်တွေကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းဖြစ်တယ်လို့ ဆွန်နီအိုင်အက်စ်စစ်သွေးကြွအဖွဲ့ရဲ့အာမက်သတင်းဌာနက ထုတ်ပြန်ချက်ကို ကြေညာခဲ့ပါတယ်။ ဒါဟာ သုံးနှစ်အတွင်း ဘဂ္ဂဒက်မြို့မှာ အကြီးမားဆုံး အသေခံဗုံးခွဲတိုက်ခိုက်မှုလည်းဖြစ်ပါတယ်။ တိုက်ခိုက်ရေးသမားတွေဟာ တီရာယန်ရင်ပြင်ရှိ အဝတ်အထည်အဟောင်းရောင်းတဲ့ဈေးအတွင်းမှာ ဈေးဝယ်သူ လူအုပ်ကြားမှာ အသေခံဗုံးဖောက်ခွဲတိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်မှာ ဒေသအတွင်း အိုင်အက်စ်တို့ စစ်ရေးရှုံးနိမ့်ချိန်မှစပြီး ဘဂ္ဂဒက်မှာ အသေခံဗုံးခွဲ တိုက်ခိုက်မှုတွေဖြစ်တာ အလွန်ရှားပါးပါတယ်။ အိုင်အက်စ်တို့ဟာ အီရတ်အရှေ့ပိုင်းမှ ဆီးရီးယားအနောက်ပိုင်းထိ စတုရန်းမိုင် ၃၄၀၀၀ ကိုတစ်ချိန်က ထိန်းချုပ်ထားနိုင်ခဲ့ပြီး ဒေသခံရှစ်သန်းနီးပါးကို ရက်စက်စွာ အုပ်ချုပ်ခဲ့ကြပါတယ်။ စစ်ရေးအရ အိုင်အက်စ်တို့ ရှုံးနိမ့်ခဲ့ကြပေမယ့်လည်း…

Read More

အခြေခံပညာဦးစီးဌာနက ဝန်ထမ်းတွေကို ကိုဗစ်ကာကွယ်ဆေးထိုးဖို့ စာရင်းတောင်းယူ

ဇန်နဝါရီ ၂၂ – ၂၀၂၁ သိင်္ဂီထွန်း (VOM) အခြေခံပညာဦးစီးဌာနက ဝန်ထမ်းတွေကို ကာကွယ်ဆေးထိုးပေးနိုင်ဖို့အတွက် ဝန်ထမ်းအင်အား လူဦးရေစာရင်းအချုပ်ကို ဒီကနေ့ ဇန်နဝါရီလ ၂၂ ရက်နေ့မှာ တင်ပြရမှာဖြစ်တယ်လို့ အခြေခံပညာဦးစီးဌာနကနေ သိရပါတယ်။ ဝန်ထမ်းအင်အား အသေးစိတ်စာရင်း၊ အခြေအနေကိုတော့ လာမယ့် ဇန်နဝါရီလ ၂၇ ရက်နေ့ရောက်မှသာ တင်ပြရမှာဖြစ်တယ်လို့ သိရပါတယ်။ “ဒီနေ့နောက်ဆုံးဆိုတာ စာရင်းချုပ်ကိုပဲတောင်းတာ၊ မနေ့ကထုတ်တဲ့ ဒီနေ့နောက်ဆုံးဆိုတာကို တချို့တွေက အပြစ်ပြောပြီး ဖွနေတာရှိတယ်။ ကျနော်တို့မှာက အရေအတွက် အားလုံးပေါင်းစာရင်းတွေကရှိပြီးသား၊ လူနာမည်ရော အကုန်ရှိပြီးသား၊ ဖုန်းနံပါတ်တို့ အဖအမည်တို့ပဲထည့်ရမှာ”လို့ အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချူပ် ဦးကိုလေးဝင်းကပြောပါတယ်။ ကာကွယ်ဆေးတွေထိုးပြီးနောက်ပိုင်းမှာတော့ အခြေခံပညာကျောင်းတွေကို ပြန်လည်ဖွင့်လှစ်နိုင်ဖွယ်ရှိပြီး ကျောင်းသားတွေကတော့ အသက် ၁၈ နှစ်အောက်တွေဖြစ်လို့ ကာကွယ်ဆေးထိုးနှံမယ့်အထဲ မပါဝင်သေးဘူးလို့ ပြောပါတယ်။ အခြေခံပညာဦးစီးဌာန တစ်ခုထဲမှာတင် တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းပေါင်း ၅ သိန်းဝန်းကျင်ရှိပြီး…

Read More

ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်ထဲက မြန်မာနိုင်ငံသားတွေ နေရပ်ပြန်လိုပါက အမည်စာရင်းပေးနိုင်ပြီ

ဇန်နဝါရီ ၂၂ – ၂၀၂၁ ကိုတိုးကြီး(VOM) ထိုင်းနိုင်ငံ ၊ ချင်းရိုင်ခရိုင်မှာနေထိုင်တဲ့ မြန်မာနိုင်ငံသားတွေ နေရပ်ပြန်လိုပါက တရားဝင်ပြန်နိုင်ရေးအတွက် မြန်မာသံရုံးနဲ့ ထိုင်းအာဏာပိုင်တို့ ပူးပေါင်းစီစဥ်မှုနဲ့ ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ” မယ်ဆိုင် – တာချီလိတ်လမ်းကြောင်းကနေ ပြန်နိုင်ဖို့စီစဥ်ပေးထားတာဖြစ်တယ်၊ လာမယ့် ဇန်နဝါရီ ၂၇ ရက်နေ့ မနက် ၉ နာရီမှာ အမှတ် ၂ တံတားကနေဖြတ်ရမယ်လို့ သိရတယ် ၊ နေရပ်ပြန်လိုတဲ့သူတွေက ၂၅ ရက်နေ့ နောက်ဆုံးထားပြီး အမည်စာရင်းပေးရမှာ ဖြစ်တယ်”လို့ ချင်းရိုင်ခရိုင် မြန်မာနိုင်ငံသားများ ကူညီစောင့်ရှောက်ရေးလုပ်ကိုင်နေသူ ကိုထွန်းမြတ်ကပြောပါတယ်။ အဲ့ဒါကြောင့် နေရပ်ပြန်လိုတဲ့ ချင်းရိုင်ခရိုင်ထဲက မြန်မာနိုင်ငံသားတွေဟာ ဒီလ ၂၅ ရက် နောက်ဆုံးထားပြီး တယ်လီဖုန်းအမှတ် 0900532 430 ၊ 0896376367 နဲ့ 0877265404 ကို အမည်စာရင်းပေးပို့ရမှာ…

Read More

ဘိုးဘွားပိုင် လယ်မြေပေါ် ပြန်လည်နေထိုင်တဲ့ လယ်သမား ၁၅ ဦးကို တပ်မတော်က တရားစွဲ

ဇန်နဝါရီ ၂၂ -၂၀၂၁ ခွန်ခမ့်သူ(VOM) ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ထီလုံကျေးရွာ၊ ဘားအံ-လှိုင်းဘွဲသွား ကားလမ်းဘေးရှိ ဘိုးဘွားပိုင်လယ်မြေပေါ် ပြန်လည်နေထိုင်ဖို့ တဲအိမ်ဆောက်လုပ်ပြီး ခြံစည်းရိုးကာရံတဲ့ ဒေသခံ တမီးလ်လူမျိုးလယ်သမား ၁၅ ဦးကို တပ်မတော်က တရားစွဲဆိုထားတယ်လို့ သိရပါတယ်။ သိမ်းဆည်းခံလယ်သမားတွေဟာ တဲအိမ်ဆောက်လုပ်ခြင်း၊ ခြံစည်းရိုးကာရံခြင်းတွေကို ပြုလုပ်ခဲ့တဲ့အတွက် ပိုင်နက်ကျူးလွန်မှုပုဒ်မ – ၄၄၇နဲ့ ၁၄ ဦး၊ အားပေးကူညီမှုပုဒ်မ – ၁၁၄ နဲ့ ၁ ဦး တပ်မတော်ဖက်က တရားစွဲဆိုတာဖြစ်တယ်လို့ လှိုင်းဘွဲမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းဦးကပြောပါတယ်။ “ခမရ ၂၀၃ က အမှုဖွင့်ထားတယ်။ ကျနော်တို့က ဥပဒေအကြံပြုချက် တင်တယ်။ စစ်ဆေးပေါ် ပေါက်ချက်အရ တရားစွဲဖို့အတွက် ဥပဒေအကြံဉာဏ်လည်း ကျလာတယ်။ ကျလာတဲ့အပေါ်မှာ ကျနော်တို့က တရားစွဲတင်ရမှာ”လို့ ရဲမှူးသန်းဦးကပြောပါတယ်။ မိဘဘိုးဘွားပိုင်လယ်မြေဧက ၄၉ ဧကကို တပ်မ(၂၂)လက်အောက်ခံ၊…

Read More

ဝိုင်းမော်မြို့နယ်က ကာရာအိုကေဆိုင် ဝန်ထမ်း ၈ ဦး Covid-19 ရောဂါပိုးတွေ့

ဝိုင်းမော်-ဇန်နဝါရီ၂၁-၂၀၂၁ ရန်အောင်ထွန်း(VOM) ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် မိုင်းနား ၊ မခေါယန်ကျေးရွာအနီးက Green Valley ကာရာအိုကေဆိုင် ဝန်ထမ်းတွေထဲက ၈ ဦး Covid-19 ရောဂါပိုးတွေ့ရှိခဲ့လို့ ဝိုင်းမော်မြို့နယ်ဆေးရုံမှာ အတွင်းလူနာအဖြစ် ကုသမှုခံယူနေတယ်လို့ ဝိုင်းမော်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။ အဲ့ဒီပိုးတွေ့လူနာတွေဟာ ဇန်နဝါရီ ၁၉ ရက်နေ့က မြစ်ကြီးနားမှာတွေ့ရှိခဲ့တဲ့ ပိုးတွေ့လူနာ ၁၁ ယောက်နဲ့ ဆက်စပ်ပြီး Green Valley ကာရာအိုကေဆိုင် ဝန်ထမ်း အမျိုးသား ၈၀ နဲ့ အမျိုးသမီး ၈၁ ဦးကို စစ်ဆေးခဲ့ရာကနေ တွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အခုပိုးတွေ့လူနာတွေဟာ အမျိုးသား ၅ ယောက်နဲ့ အမျိုးသမီး ၃ ဦးပါဝင်ပြီး အသက် ၃၀ ဝန်းကျင်အရွယ်တွေဖြစ်ပါတယ်။ လက်ရှိမှာတော့ Green Valley ကာရာအိုကေဆိုင်ကို လော့ဒေါင်းချထားပါတယ်။ ပိုးတွေ့လူနာတွေ သွားလာခဲ့တဲ့…

Read More
VOM News

FREE
VIEW