ကျောက်ကြီးမြို့ခံနှစ်ဦးကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ပစ်ခတ်သတ်ဖြတ်

ဇန်နဝါရီ ၂၀ -၂၀၂၁ ကောင်းလက်ျာ(VOM) ပဲခူးတိုင်း‌ နဲ့ ကရင်ပြည်နယ်နယ်စပ်၊ ဖာပွန်ခရိုင်၊ ဘောစဲခိုစခန်းက ‌ဈေးရောင်းပြန်လာတဲ့ ကျောက်ကြီးမြို့ခံနှစ်ဦးကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး ဈေးရောင်းချထားတဲ့ ငွေကြေးတွေကို ယူဆောင်သွားတဲ့ဖြစ်စဉ် မနေ့ ဇန်နဝါရီ ၁၉ ရက်နေ့က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ” ဈေးရောင်း ပြန်လာသူနှစ်ဦး အသတ်ခံရတဲ့အမှုက အပိုင်နယ်ထဲမှာမဟုတ်လို့ အမှုမဖွင့်ထားဘူး။ သက်ဆိုင်ရာ ဖားပွန်ရဲတပ်ဖွဲ့ကို အကြောင်းကြားပြီး ဒီဘက်က ဆေးစာတို့ဘာတို့ လုပ်ပေးထားရပါတယ်”လို့ ကျောက်ကြီးမြို့မရဲစခန်းမှူဒ ဒု-ရဲမှူး အောင်ဌေးဝင်းက ပြောပါတယ်။ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့၊ တောင်ငူတန်းရပ်ကွက်နေ ဦးတာ(၅၄ နှစ်)နဲ့ ဦးထွန်းစိုး(၄၂ နှစ်)တို့နှစ်ဦးဟာ ဆိုင်ကယ်‌တွေနဲ့ ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ မူသဲကျေးရွာအနီး ဘောစဲခိုစခန်းကို ဈေးရောင်းသွားကြပါတယ်။ ဈေးရောင်းပြန်လာချိန် နေ့လယ် ၂နာရီခန့်က ရှာမားကုန်းအတက်မှာ KNU တပ်မဟာ ၅ လက်အောက်က…

Read More

မော်လမြိုင်ကျွန်းမြို့မှာ နိုင်ငံသားအထောက်အထားမဲ့(၃၄)ဦး ဖမ်းမိ

ဇန်နဝါရီ ၂၀ -၂၀၂၁ ကိုအောင်(VOM) ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်မှာ၊ မနေ့ ဇန်နဝါရီ ၁၉ရက်နေ့က ရခိုင်ပြည်နယ်ကနေ ဝင်ရောက်လာတဲ့ နိုင်ငံသားအထောက်အထားမဲ့(၃၄)ဦး ဖမ်းမိခဲ့တယ်လို့ တိုင်းရဲတပ်ဖွဲ့ကနေ သိရပါတယ်။ ကျွဲခြံကျေးရွာအဝင် သစ်ပုတ်ကျေးရွာအနီး ရာဇူဒိုင်မြစ်ထဲရပ်ထားတဲ့ စက်လှေကို မသင်္ကာစရာဖြစ်နေလို့ စစ်ဆေးရာကနေ ဖမ်းမိခဲ့တာဖြစ်တယ်လို့ တိုင်းရဲတပ်ဖွဲ့တာဝန်ရှိသူကပြောပါတယ်။ ” အမျိုးသား ၇ ယောက် အမျိုးသမီး ၂၇ ယောက်ပေါ့၊ လောလောဆယ် အဲ့ဒီရွာမှာပဲ စစ်ဆေးတာတွေ ပြုလုပ်ဖို့အတွက် ထိန်းသိမ်းထားပါတယ်”လို့ ဧရာဝတီတိုင်းရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒု-ရဲမှူးကြီး ထွန်းရွှေက ပြောပါတယ်။ အထောက်အထားမဲ့ ၃၄ ဦးကို ရွာဘုန်းကြီးကျောင်းဓမ္မာရုံမှာ ကွာရန်တင်းထားရှိပြီး လိုက်ပို့တဲ့ စက်လှေမောင်းသမား ၃ ဦးကတော့ ထွက်ပြေးနေတာကြောင့် ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။ ၂၀၂၁ ခုနှစ် ဇန်နဝါရီလအစပိုင်းက ပုသိမ်မြို့နယ်၊ ချောင်းသာကမ်းခြေမှာ ဖမ်းမိခဲ့တဲ့ နိုင်ငံသားအထောက်အထားမဲ့…

Read More

ထိုင်းတော်ဝင်မိသားစုကို ဝေဖန်ခဲ့တဲ့အမျိုးသမီး ထောင် ၄၃ နှစ်ကျ

ဘန်ကောက်၊ ဇန်နဝါရီ ၂၀-၂၀၂၁ မျိုးဆက် (VOM) ထိုင်းတော်ဝင်မိသားစုကို ဝေဖန်ခဲ့သူ ထိုင်းအမျိုးသမီးတစ်ဦးကို အာဏာပိုင်တွေက ထောင်ဒဏ် ၄၃ နှစ်ချမှတ်လိုက်ပြီး ဒါဟာ ဘုရင်စနစ်ကို စော်ကားမှုအတွက် အပြင်းထန်ဆုံးသော ပြစ်ဒဏ်ချမှတ်မှုတစ်ခုဖြစ်ပါတယ်။ ယခင်က ဝန်ထမ်းဟောင်းတစ်ဦးဖြစ်သူ အန်ချန်ဆိုတဲ့ အမျိုးသမီးဟာ တော်ဝင်မိသားစုကို ဝေဖန်တဲ့ အသံမှတ်တမ်းဖိုင်တွေကို လူမှုကွန်ရက်မှာ မျှဝေခဲ့တာကြောင့် ထောင်ချခံရတာဖြစ်ပါတယ်။ သူ့အနေနဲ့ အသံဖိုင်တွေကို ရိုးရိုးသားသားမျှဝေခြင်းသာဖြစ်ပြီး အဲ့ဒီမှတ်တမ်းတွေနဲ့ပတ်သက်ပြီး ဘယ်လိုမှတ်ချက်ပြုပြောဆိုခဲ့တာမျိုးမှ မရှိဘူးလို့ အသက် ၆၃ နှစ်အရွယ် အန်ချန်က ပြောပါတယ်။ ထိုင်းနိုင်ငံမှာ ဘုရင်စနစ်အပေါ် ဘယ်လို ဝေဖန်စော်ကားမှုမျိုးကိုမဆို တားမြစ်ထားတဲ့ ဥပဒေတစ်ရပ်ပြဌာန်းထားပြီး ဒါဟာ ကမ္ဘာပေါ်မှာ အတင်းကြပ်ဆုံး ဥပဒေတွေထဲမှာ တစ်ခုပါဝင်နေပါတယ်။ အဲ့ဒီဥပဒေအသုံးပြုတာကို သုံးနှစ်တာရပ်ဆိုင်းပြီးနောက် ဘုရင်စနစ်ကိုပြုပြင်ပြောင်းလဲဖို့ တောင်းဆိုမှုတွေနဲ့အတူ လပေါင်းများစွာ ဖြစ်ပွားခဲ့တဲ့ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေကို ထိန်းချုပ်ဖို့ ကြိုးစားမှုအဖြစ် အငြင်းပွားဖွယ် အဲ့ဒီဥပဒေကို…

Read More

တပ်မတော်ရဲ့လုပ်ရပ်တွေကို နိုင်ငံတကာက အရေးယူပေးဖို့ စစ်ရှောင်တွေ ဆန္ဒဖော်ထုတ်

ဇန်နဝါရီ ၂၀ -၂၀၂၁ ထက်အောင်စိုင်း (VOM) ရခိုင်ပြည်နယ်အတွင်းမှာ တပ်မတော်ရဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီး နိုင်ငံတကာကအရေးယူပေးဖို့ အပါအဝင် အစိုးရနဲ့ တပ်မတော်ကို ဝေဖန်တဲ့ ဆိုင်းဘုတ်တွေနဲ့ ကျောက်တော်မြို့က စစ်ဘေးရှောင်တွေဟာ မနေ့ ဇန်နဝါရီ ၁၉ရက်ညနေပိုင်းက ဆန္ဒပြမှု ပြုလုပ်ခဲ့ပါတယ်။ ဆန္ဒပြပွဲမှာပါဝင်တဲ့ ကျောက်တော်မြို့နယ်၊ မာလာကျေးရွာက စစ်ဘေးရှောင် ဒေါ်ဖြူဖြူသိန်းက” ရွာမှာကျန်ခဲ့တဲ့ ပစ္စည်းတွေကို ပြန်လိုချင်လို့ ဆန္ဒဖော်ထုတ်တာပါ။ ရွာကို တပ်မတော်ကဝင်လို့ မနေရဲဘဲ ထွက်ပြေးလာကြတာ (၂) နှစ်နီပါးကြာနေပါပြီ။ ရွာကို ပြန်သွားချင်တဲ့အတွက် ဆန္ဒဖော်ထုတ်ရတာပါ”လို့ ပြောပါတယ်။ အသက် (၁) နှစ်ခွဲအရွယ် သားလေးတစ်ယောက်နဲ့အတူ ကျောက်တော်မြို့ပေါ် စစ်ရှောင်စခန်းကို ထွက်ပြေးလာရတဲ့ ဒေါ်ဖြူဖြူသိန်းကပြောဆိုသွားခဲ့တာဖြစ်ပြီး ရွာအနီးကတောင်ပေါ်မှာ တပ်မတော်သားတွေရှိတဲ့အတွက် နေရပ်မပြန်နိုင်ဖြစ်နေရတယ်လို့ သူက ဆက်ပြောပါတယ်။ ဆန္ဒပြရာမှာပါဝင်တဲ့ ကျောက်တော်မြို့နယ်၊ မာလာရွာသစ်က စစ်ဘေးရှောင်အမျိုးသမီး ဒေါ်မစံသိန်က” ရွာမှာ စစ်သားတွေမရှိရင် ကျမတို့…

Read More

မိုက်ကယ်ကျော်မြင့်ကို နိုင်ငံတော်အစိုးရအပေါ် အကြည်ညိုပျက်စေမှု ပုဒ်မနဲ့ ထပ်မံအမှုဖွင့်

ဇန်နဝါရီ ၂၀ -၂၀၂၀ အေးချမ်းသူ(VOM) အခြေခံလူတန်းစားဘဝမြင့်မားတိုးတက်ရေးပါတီ(YDP)မှ အတွင်းရေးမှူး ဦးကျော်မြင့်(ခ)မိုက်ကယ်ကျော်မြင့်ကို တောင်ဒဂုံမြို့နယ်အုပ်ချုပ်ရေးမှူးက နိူင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ – ၁၂၄(က)နဲ့ မနေ့ ဇန်နဝါရီ ၁၉ရက်နေ့ အမှုဖွင့်ထားတယ်လို့ YDPပါတီကနေ သိရပါတယ်။ “ဟုတ်ပါတယ် အရှေ့ပိုင်းခရိုင်တရားရုံးမှာ တရားစွဲဆိုခဲ့တာပါ၊ အစ်မတို့ဘက်ကလည်း လုပ်သင့်လုပ်ထိုက်တာတွေ လုပ်ပြီးရင် အမှုကို ရင် ဆိုင်သွားမှာပါ”လို့ YDPပါတီမှ တွဲဘက်အတွင်းရေးမှူးတစ်ဦးဖြစ်သူ ဒေါ်မိုးမိုးခိုင်က အတည်ပြုပြောပါတယ်။ မိုက်ကယ်ကျော်မြင့်ဟာ ဇန်နဝါရီ ၁၈ ရက် ညပိုင်းက သူ့ရဲ့ဖေ့စ်ဘွတ် လူမှုကွန်ရက်စာမျက်နှာမှာ တိုင်းပြုပြည်ပြု မော်ကွန်းကျောက်စာတိုင်စိုက်ထူမယ့် ကိစ္စနဲ့ပတ်သက်ပြီး ဖြန့်ချီရေးသားခဲ့ပါတယ်။ အဲ့ဒီလိုရေးသားတာဟာ လက်ရှိအစိုးရအနေနဲ့ မဲမသမာမှုပြုလုပ်ပြီး ရွေးကောက်ပွဲမှာ အနိုင်ယူတယ်လို့ စွပ်စွဲရာရောက်တဲ့အပြင် တပ်မတော်ကို နိုင်ငံတော်အာဏာ ထိန်းသိမ်းဖို့ တိုက်တွန်းတဲ့သဘော သက်ရောက်နေတာကြောင့် တောင်ဒဂုံမြို့နယ်အုပ်ချုပ်ရေးမှူးက တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။ တောင်ဒဂုံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲအောင်က မနေ့ ဇန်နဝါရီ ၁၉ရက် နေ့လယ်ပိုင်းက…

Read More

BYMA ကုမ္ပဏီအလုပ်သမားတွေ ဆန္ဒပြတောင်းဆိုမှု ပြန်လည်အဆင်ပြေ

ဇန်နဝါရီ ၁၉-၂၀၂၁ ယဉ်ပပထွန်း(VOM) ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်၊ ဗိုလ်ချုပ်ဈေးအနီးရှိ မီးရထားဝန်းအတွင်း ဆောက်လုပ်ရေးလုပ်ငန်းခွင်က BYMA ကုမ္ပဏီလုပ်သားတွေဟာ လုပ်ခလစာ ဖြတ်တောက်ခြင်းနဲ့ နိုင်ငံတော်ကထောက်ပံ့ပေးတဲ့ လူမှုဖူလုံရေးထောက်ပံ့ငွေတွေ မရရှိလို့ ဒီကနေ့ နေ့လယ်ပိုင်းမှာ ဆန္ဒတောင်းဆိုခဲ့ကြပါတယ်။ အဲ့ဒီဆန္ဒပြမှုကြောင့် ကုမ္ပဏီဘက်ကနေ အလုပ်သမားတွေတောင်းဆိုတာကို လိုက်လျောမယ်လို့ ပြောဆိုခဲ့တဲ့အတွက် ဒီကနေ့ညနေပိုင်းမှာ ညှိနိူင်းမှုအဆင်ပြေသွားပြီဖြစ်တယ်လို့ သိရပါတယ်။ ” တိုင်းဒေသကြီး လူမူဖူလုံရေးက တာဝန်ရှိသူတွေနဲ့ အထဲမှာ ညှိနိုင်းတဲ့အခါမှာ ကိုဗစ်ဒုတိယလှိုင်းမှာ ရရှိမယ့် လူမူဖူလုံရေးကြေးထောက်ပံ့မူကို ဒီလ ၂၆ ရက်နေ့မှာ အားလုံးအတွက် ကုမ္ပဏီကို ချက်လက်မှတ်ပို့ပေးပါမယ်လို့ ညှိနိုင်းမှုရလာပါတယ်။ အစိုးရရဲ့လုပ်ထုံးလုပ်နည်းတွေနဲ့ လုပ်နေရတဲ့အတွက်ကြောင့် အမြန်ဆုံးလုပ်ပေးရတာဖြစ်ပါတယ်။ မှန်မှန်ကန်ကန် တိတိကျကျလုပ်ပေးဖို့ ကုမ္ပဏီက ပံ့ပိုးကူညီပေးသွားမှာပါ၊ အလုပ်သမားတွေရဲ့ရပိုင်ခွင့်တွေဖြစ်တဲ့ တစ်ပတ်စာလုပ်ခလစာရယ် ကားခတွေရယ် OT ကြေးတွေရယ် ဘောနက်စ်တွေရယ် အားလုံးကို ၂၆ ရက်နေ့မှာ အားလုံးရှင်းပေးသွားမှာဖြစ်ပါတယ်”လို့ BYMAကုမ္ပဏီမှ…

Read More

Voice Of Myanmar ရဲ့ ဇန်နဝါရီ ၁၉ ရက်သတင်းစုံလင် မြန်ပြည်တခွင် ညနေခင်းအစီအစဉ် 

  -ရက်မှန်ကြေးနဲ့ ကျွမ်းကျင်ကြေးရရှိဖို့ အထည်ချုပ်စက်ရုံ အလုပ်သမား ၅ ရာကျော် ဆန္ဒပြ – ရန်ကုန် ဗိုလ်ချုပ်လမ်းပေါ်မှာရှိတဲ့ မီးရထားဝန်းထဲက BYMA ကုမ္ပဏီ အလုပ်သမားတွေ ဆန္ဒပြ – မြို့နယ် ၄ ခုမှာ တပ်မတော်ထောက်ခံပွဲနဲ့ UEC ကန့်ကွက်ပွဲ တစ်နေ့တည်းပြုလုပ်ခဲ့ – ကရင်စစ်ရှောင်တွေ ပြန်နေရာချဖို့ လိုအပ်ချက်တွေရှိနေ – ပြည်တွင်းခရီးသွားလုပ်ငန်း ဇွန်လနောက်ပိုင်းမှ ပြန်လည်အဆင်ပြေမယ် – ဇနီးကို ပြန်ပေါင်းဖို့အတွက် ခေါ်မရလို့ ယောင်္ကျားဖြစ်သူ ကြိုးဆွဲချသေတယ်ဆိုတဲ့ သတင်းတွေကို တင်ဆက်ထားပါတယ်။   VOM သတင်းဌာနရဲ့ သတင်းတွေကို ဖေ့ဘုတ်ကနေကြည့်မယ်ဆိုရင် WWW.facebook.com/voiceofmyanmarnews လို့ ရှာဖွေကြည့်နိုင်သလို ယူကျုကနေ ရုပ်သံသတင်းတွေကို ကြည့်ချင်တယ်ဆိုရင်တော့ ယူကျုမှာ Voice Of Myanmar လို့ ရိုက်ရှာပြီး စပ်ခရိုက်လုပ်ထားယုံနဲ့ အခမဲ့ ကြည့်ရှုနိုင်ပါတယ်။…

Read More

သိပ္ပံနည်းပညာရဲ့ ကဏ္ဍကတော့ ပြီးပြီ၊ ကမ္ဘာ့ကုန်သွယ်ရေးရဲ့ ကဏ္ဍက ဘယ်လိုလဲ

ရေးသားသူ- ဘရာဂျင်ဒြာ နဗ်နစ် (အိန္ဒိယသံအမတ်၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ အိန္ဒိယနိုင်ငံဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ်)   အိန္ဒိယ၊ တောင်အာဖရိကအပါအဝင် အခြားသော နိုင်ငံ ၈ ခုက ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ကို ကုန်သွယ်ရေးဆိုင်ရာ မူဝါဒဆိုင်ရာတွေထဲက မူပိုင်ခွင့်နဲ့ သက်ဆိုင်တဲ့ အချို့အချက်အလက်တွေကို ခေတ္တဖြေလျှော့ပေးဖို့ အဆိုပြုတင်ပြထားပါတယ်။ ဒါက ဘာလဲဆိုတော့ ကိုဗစ် ၁၉ ရောဂါ ကာကွယ်ဆေးတွေ ကုသဆေးတွေကို အရှိန်အဟုန်မြှင့်ပြီး ထုတ်လုပ်လာကြတဲ့အခါ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့က သတ်မှတ်ထားတဲ့ TRIPS လို့ အများသိကြတဲ့ မူပိုင်ခွင့်ဆိုင်ရာ မူဝါဒတွေက ဒီအဆိုပြုတဲ့ နိုင်ငံတွေရဲ့ ဆေးဝါးထုတ်လုပ်မှုတွေကို အဟန့်အတား မဖြစ်စေဖို့ပါပဲ။ အဆိုပြုချက်အပေါ် ကန့်ကွက်လိုသူ အနည်းစု ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့မှာ ရှိခဲ့ပေမယ့် ဒီအဆိုပြုချက်ကို အဖွဲ့ဝင်တွေ အတော်များများက သဘောတူ ထောက်ခံခဲ့ကြပါတယ်။ အမျိုးမျိုးသော နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ ကမ္ဘာတဝှမ်းက…

Read More

ရက်မှန်ကြေးနဲ့ ကျွမ်းကျင်ကြေးရရှိဖို့ အထည်ချုပ်စက်ရုံ အလုပ်သမား ၅ ရာကျော် ဆန္ဒပြ

ဇန်နဝါရီ ၁၉ -၂၀၂၁ အေးချမ်းသူ(VOM) ရန်ကုန်မြို့၊ လှိုင်သာယာအနောက်ပိုင်းမြို့နယ်၊ရွှေလင်ပန်းစက်မှုဇုန်ရှိ Unique HTTအထည်ချုပ်စက်ရုံမှ အလုပ်သမား ၅ ရာကျော်ဟာ ရက်မှန်ကြေး(၂၀၀၀၀)ကျပ်၊ ကျွမ်ကျင်ကြေး(A)အဆင့်(၃၀၀၀၀)ကျပ်ပေးဖို့အပါအဝင် အချက်(၁၈)ချက်ရရှိစေဖို့ ဒီကနေ့မနက်ပိုင်းက စက်ရုံရှေ့မှာဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြရာတွင် ပါဝင်တဲ့ အလုပ်သမားတစ်ဦးက “ညီမတို့က အလုပ်သမားခြင်း တန်းတူညီတူရချင်လို့ ဆန္ဒပြတာပါ၊ ရက်မှန်ကြေး သူများနှစ်သောင်းဆို ကိုယ်လည်း နှစ်သောင်းရချင်တယ်။ ကျွမ်းကျင်ကြေး သူများ သုံးသောင်းဆို ကိုယ်လည်း သုံးသောင်းရချင်တယ်”လို့ ပြောပါတယ်။ အလုပ်သမားတွေ အခုလိုဆန္ဒပြတာနဲ့ပတ်သက်ပြီး အလုပ်ရှင်၊ အလုပ်သမားတွေ၊ အလုပ်သမားအရေးဆောင်ရွက်သူတွေ ညိုနှိုင်းခဲ့ကြခဲ့ရာ အဆင်ပြေမှုရရှိခဲ့တယ်လို့ မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်မိုးစန္ဒာမြင့်ကပြောပါတယ်။ “အလုပ်သမားတွေက နှစ်သောင်းတောင်းတာ အလုပ်ရှင်က တစ်သောင်းပေးတယ်၊ နှစ်ဘက်ပြေလည်မှုရရှိသွားတယ်”လို့ ဒေါ်မိုးစန္ဒာမြင့်က ပြောပါတယ်။ လက်ရှိအခြေအနေမှာတော့ အလုပ်သမားတွေဟာ ဖြေရှင်းမှုအဆင်ပြေပြီးနောက်ပိုင်း ဆန္ဒပြပွဲကို ရုတ်သိမ်းခဲ့ပါတယ်။ Unique HTT အထည်ချုပ်စက်ရုံဟာ လှိုင်သာယာ(အနောက်ပိုင်း)မြိုနယ်၊ အလယ်ကျေးရွာ၊ ရွှေလင်ပန်းစက်မူဇုန်၊…

Read More

ရန်ကုန်မှာ ဆိုင်ကယ်စီးခွင့်တောင်းတဲ့ကိစ္စ လွှတ်တော်ကိုယ်စားလှယ်တွေ ဘာပြောသလဲ

ဇန်နဝါရီ ၁၉ -၂၀၂၁ ယဉ်ပပထွန်း(VOM) ရန်ကုန်မြို့မှာ ဆိုင်ကယ်ကို မှတ်ပုံတင်နဲ့ တရားဝင်စီးခွင့်ရဖို့အတွက် ဒုတိယအကြိမ် ရန်ကုန်တိုင်းလွှတ်တော်မှာ အဆိုအောင်မြင်ထားတာကြောင့် အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး တိုင်းလွှတ်တော်ကိုယ်စားလှယ်တွေကို ဆက်သွယ်မေးမြန်းထားပါတယ်။ ဒဂုံမြို့နယ်၊ အမှတ်(၂) တို်င်းလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ” ဆိုင်ကယ်ကို ရန်ကုန်တိုင်းဒေသကြီးမြို့နယ်အချို့မှာ မဖြစ်မနေ စီးနေရတဲ့အတွက် နယ်မြေသတ်မှတ်ပေးပြီးတော့ ပိုင်းခြားပြီးတော့ စီးခွင့်ပြုဖို့ အဆိုပြုတင်ပြတယ်။ စီးခွင့်ပြုရင်လည်း စီးခွင့်ရတဲ့ မြို့နယ်တွေမှာ မှတ်ပုံတင်ထားပြီးတော့ ကျန်တဲ့ စီးခွင့်မပြုတဲ့ နေရာတွေမှာတော့ စီးမယ်ဆိုရင် ဥပဒေအရ အရေးယူဖို့ ကျွန်တော်ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးမှာ အစိုးရကို တိုက်တွန်းကြောင်းအဆိုကို တင်ပြခဲ့ပါတယ်။ မဲခွဲဆုံးဖြတ်တဲ့အခါမှာ အဆိုက နိုင်ခဲ့တယ် ။ ဒါကို လက်ရှိအချိန်မှာ အကောင်အထည် မဖော်ဘူး ။ ဆိုင်ကယ်စီးခွင့်မပြုတာကို ရန်ကုန်စည်ပင်ဥပဒေက ဟိုအရင်ကဟာကို ကျင့်သုံးနေတာ ပြင်လိုက်ရင် ရတယ် ။ စီးခွင့်ပြုရင်လည်း လှိုင်သာယာ…

Read More
VOM News

FREE
VIEW