ဇန်နဝါရီ ၂၇ -၂၀၂၁ ကိုတိုးကြီး(VOM) မုံရွာမှာ ကျန်းမာရေးဝန်ထမ်းတွေကို ဒီကနေ့ ဇန်နဝါရီ ၂၇ရက်မှာ ကာကွယ်ဆေးစတင်ထိုးပေးတဲ့နေရာကို သတင်းထောက်တွေ သတင်းရယူခွင့်မရဘူးလို့ ဒေသခံသတင်းထောက်တွေကနေ သိရပါတယ်။ သတင်းထောက်တွေဟာ တိုင်းကျန်းမာရေးဌာနမှာ ကိုဗစ်ကာကွယ်ဆေးထိုးနေတာနဲ့ ပတ်သက်လို့ သတင်းသွားယူတာကို စစ်ကိုင်းတိုင်း ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာဝင်းလွင်က “မီဒီယာသမားတွေ ဖိတ်ကြားမထားဘူး၊ သတင်းဖော်ပြရင်လည်း ကန့်ကွက်သွားမယ်”လို့ အဲ့ဒီနေရာကို သတင်းသွားရောက်ယူတဲ့ သတင်းသမားတွေကို ပြောဆိုခဲ့ပါတယ်။ ဒီကနေ့ မနက်ပိုင်း မုံရွာ ပြည်သူ့ဆေးရုံကြီးနဲ့ တိုင်းကျန်းမာရေးဌာန နေရာ ၂ ခုမှာ ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးနေတာဖြစ်ပြီး အဲ့ဒီနေရာ ၂ ခုစလုံးမှာ သတင်းရယူခွင့် တားမြစ်ခံရတာဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းကတော့ ” သတင်းယူခွင့်နဲ့ပတ်သက်လို့ သီးခြား ညွှန်ကြားထားတာတော့ မရှိဘူး”လို့ ပြောပါတယ်။ မုံရွာအခြေစိုက် သတင်းမီဒီယာတွေဖြစ်တဲ့ မုံရွာဂေဇက် ၊ မျက်မှောက်ခေတ် စတဲ့…
Read MoreMonth: January 2021
ပြည်တွင်းရှိ လိုင်စင်မဲ့ပုဂ္ဂလိကစက်သုံးဆီအရောင်းဆိုင်အားလုံး အခုလကုန်အပြီးပိတိသိမ်းဖို့ ညွန်ကြား
ဇန်နဝါရီ ၂၇ -၂၀၂၁ ကောင်းလက်ျာ(VOM) ပြည်တွင်းမှာ ဖွင့်လှစ်နေကြတဲ့ စက်သုံးဆီဆိုင်တွေထဲက တရားမဝင် အရောင်းဆိုင်တွေကို အခုလကုန် အပြီးပိတ်သိမ်းဖို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက မနေ့ ဇန်နဝါရီလ၂၆ ရက်နေ့မှာ အသိပေးကြေညာထားပါတယ်။ ” လမ်းဘေးဆိုင်တွေနဲ့ ဘထ္ထရီပန့်ဆိုင်တွေက တရားမဝင်ဆိုင်တွေပါ။ဒီဆိုင်တွေကိုလည်း နို့တစ်စာတွေ ပေးပို့ထားပြီးဖြစ်သလို သတိပေးမှုတွေလုပ်နေပြီ”လို့ စက်သုံးဆီရောင်းဝယ်ရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။ တရားမဝင် စက်သုံးဆီအရောင်းဆိုင်တွေ ဖွင့်နေသူတွေဟာ ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေပုဒ်မ – ၃၀ နဲ့ သက်ဆိုင်နေတာကြောင့် အခုလ ၃၀ ရက်နေ့နောက်ဆုံထား ပိတ်သိမ်းထားဖို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက ညွှန်ကြားလိုက်တာဖြစ်ပါတယ်။ တရားမဝင် ပုဂ္ဂလိကစက်သုံးဆီဆိုင်စာရင်းတွေကို ရေနံထွက်ပစ္စည်းကြီးကြပ်ရေးဦးစီးဌာနရဲ့ကြီးကြပ်စစ်ဆေးမှုအရ စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပြီး တိုင်းနဲ့ပြည်နယ် ၁၄ ခုနဲ့နေပြည်တော်ကောင်စီနယ်မြေတွေမှာလိုင်စင်မဲ့ရောင်းချနေတဲ့ ဆီဆိုင်ပေါင်း ၅၀၀၀ နီးပါးရှိနေတယ်လို့ သိရပါတယ်။ ” ပဲခူးမှာ တရားမဝင်ဆီဆိုင်တွေကို ဖမ်းဆီးတရားစွဲဆိုထားတာ ၄ ဆိုင်ရှိပြီ၊ ရေနံဥပဒေအရ တရားမဝင်ဆိုင်ဆိုရင် ချက်ခြင်းတရားစွဲဆို…
Read Moreပုသိမ်မှာ နိုင်ငံသားအထောက်အထားမဲ့သူ ၁၃ ဦးဖမ်းမိ
ဇန်နဝါရီ ၂၇ -၂၀၂၁ ကိုအောင်(VOM) ပုသိမ်မြို့၊ ဒိုက်ထူစစ်ဆေးရေးဂိတ်မှာ ဒီကနေ မနက် အစောပိုင်းက နိုင်ငံသားအထောက်အထားမဲ့သူ ၁၃ဦးနဲ့ လိုက်ပါပို့ဆောင်သူ ၂ ဦးကိုဖမ်းဆီးရမိခဲ့တယ်လို့ ပုသိမ်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။ “ပုသိမ်ကြိုးတံတားဂိတ်မှာ စစ်ဆေးကတည်းက မသင်္ကာလို့ ရဲတပ်ဖွဲ့ကနောက်ကလိုက်ခဲ့တာ၊ ပုသိမ်မြို့အထွက် ဒိုက်ထူစစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးရမိခဲ့ပါတယ်၊ အသေးစိတ်တော့ စစ်ဆေးနေတုန်းပါ”လို့ ပုသိမ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်လှိုင်ကပြောပါတယ်။ အမျိုးသမီး ၁၂ဦး နဲ့ ကလေးငယ်တစ်ဦးပါဝင်ပြီး သာပေါင်းမြို့နယ်တောတွင်းကနေ သယ်ဆောင်လာကာ ပုသိမ်မြို့အရောက်မှာ ဖမ်းဆီးနိုင်ခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့မှတ်တမ်းတွေအရ သိရပါတယ်။ လက်ရှိမှာ အထောက်အထားမဲ့သူတွေကို ပုသိမ်တက္ကသိုလ်၊ တေဇဆောင်ကွာရန်တင်းစင်တာမှာ စစ်ဆေးနေပြီး ကားသမား၂ဦးကိုတော့ ပုသိမ်မြို့မရဲစခန်းမှာ စစ်ဆေးမှုတွေပြုလုပ်နေပါတယ်။ ဧရာဝတီတိုင်းမှာ ၂၀၂၀ခုနှစ်အတွင်း နိုင်ငံသားအထောက်အထားမဲ့သူတွေဝင်ရောက်မှု ၃ကြိမ်သာရှိခဲ့ပေမယ့် ၂၀၂၁ ဇန်နဝါရီလ တစ်လထဲမှာတော့ ဖမ်းဆီးရမိတာ ၄ကြိမ်ထိရှိနေပြီဖြစ်ပါတယ်။ ဧရာဝတီတိုင်းဟာ ရခိုင်ပြည်နယ်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေပြီး ကုန်းလမ်း ၊…
Read Moreရနောင်းမှာ ထိန်းသိမ်းခံထားရတဲ့ မြန်မာလုပ်သား ၄၀၀ ကျော် ပြန်လွတ်တော့မယ်
ရနောင်း၊ ဇန်နဝါရီ ၂၇-၂၀၂၁ မျိုးဆက် (VOM) ထိုင်း-မြန်မာနယ်စပ် ရနောင်းမှာ ထိန်းသိမ်းခံထားရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၄၀၂ ဦးထဲက ၁၆၆ ဦးကို ပထမအသုတ်အဖြစ် ဇန်နဝါရီ ၂၈ ရက်မှာ မြန်မာနိုင်ငံကို ပြန်ပို့မယ်လို့ ရနောင်းအုပ်ချုပ်ရေးမှူး Somkiat Sisanet က ဇန်နဝါရီ ၂၆ ရက်မှာ ပြောပါတယ်။ သူတို့တွေဟာ ထိုင်းနိုင်ငံအတွင်း တရားမဝင်ဝင်ရောက်မှုအပါအဝင် အကြမ်းဖက်မဟုတ်တဲ့ အမှုတွေနဲ့ ဖမ်းဆီးခံခဲ့ရပြီးနောက် ရနောင်းလူဝင်မှုကြီးကြပ်ရေးရုံးရဲ့ ထိန်းသိမ်းရေးစခန်းတွေမှာ ၂ လကနေ ၅ လကြာ ထိန်းသိမ်းခံထားရတာဖြစ်ပါတယ်။ အဲ့ဒီလို ဖမ်းဆီးထိန်းသိမ်းမှုတွေအပြီးမှာ သူ့တို့တွေကို မြန်မာနိုင်ငံကို ပြန်မပို့ပေးသေးတဲ့အတွက် ဇန်နဝါရီ ၂၅ ရက်မှာတော့ ထိန်းသိမ်းခံမြန်မာလုပ်သားတွေဟာ ငြိမ်းချမ်းစွာ ဆန္ဒပြမှုတွေပြုလုပ်ခဲ့ကြပါတယ်။ ဒီလိုပြန်မလွှတ်ရတဲ့အကြောင်းကတော့ ကိုဗစ်-၁၉ အခြေအနေဆိုးရွားနေတာကြောင့် မြန်မာအစိုးရက ပြန်လက်ခံဖို့အသင့်မဖြစ်သေးတာကြောင့်လို့ ပြည်နယ်တာဝန်ရှိသူတွေက အကြောင်းပြချက်ပေးထားပါတယ်။ မြန်မာနိုင်ငံမှာ အခြေအနေတွေတိုးတက်ကောင်းမွန်လာပြီဖြစ်တဲ့အတွက်…
Read Moreတောင်ကြီးမြို့ကို ကိုဗစ်ကာကွယ်ဆေး အလုံး ၅၆၀ကျော် ရောက်ရှိ
ဇန်နဝါရီ ၂၇ -၂၀၂၁ နေနန်းနွယ်(VOM) ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဟဲဟိုးလေဆိပ်ကို ဒီကနေ့မနက်ပိုင်းက ကိုဗစ်ကာကွယ်ဆေး အလုံး ၅၆၄ လုံး ရောက်ရှိလာပြီဖြစ်တယ်လို့ သိရပါတယ်။ “မနက်ဖြန်မှာ စထိုးပေးသွားမှာဖြစ်ပါတယ်၊ တောင်ကြီးမှာ စဝ်စံထွန်း ဆေးရုံနဲ့ အမျိုးသမီးနဲ့ကလေးဆေးရုံတို့မှာ ဆေးထိုးပေးသွားမှာပါ။ကျန်တဲ့မြို့နယ်တွေက သူတို့မြို့နယ်အလိုက်ထိုးပေးမှာဖြစ်ပါတယ်”လို့ တောင်ကြီးမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာမိုးထွန်းကပြောပါတယ်။ ဆေး တစ်လုံးအတွက် လူ ၁၀ ယောက် ထိုးနိုင်မှာဖြစ်ပြီး လူဦးရေ (၅၆၄၀)ဦးကို ထိုးပေးနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ မနက်ဖြန်ဇန်နဝါရီ ၂၈ရက်နေ့က စပြီး တောင်ကြီးမြို့နယ်အတွင်းရှိကျန်းမာရေးဝန်ထမ်းတွေကို ကာကွယ်ဆေး စတင်ထိုးပေးသွားမှာဖြစ်ပါတယ်။ ကာကွယ်ဆေးဟာ အိန္ဒိယနိုင်ငံကနေ မြန်မာနိုင်ငံကို COVID-19 ကာကွယ်ဆေး ၁ ဒသမ ၅ သန်း လက်ဆောင်အဖြစ်ပေးခဲ့တာဖြစ်ပြီး ရှမ်းပြည်နယ်တောင်ပိုင်းရှိ ကျန်းမာရေးဝန်ထမ်းတွေကို စတင်ထိုးပေးဖို့ ပေးအပ်တဲ့ဆေးတွေဖြစ်တယ်လို့ သိရပါတယ်။ ကာကွယ်ဆေး ထိုးနှံရာမှာ အသက် ၁၈ နှစ်အထက် ရှိသူတွေသာ…
Read Moreကိုဗစ်-၁၉ ကူးစက်ခံရသူ သန်း ၁၀၀ ကျော်ရှိလာ၊ ခုနှစ်စက္ကန့်တိုင်း လူတစ်ဦး ကူးစက်ခံနေရ
ဝါရှင်တန်၊ ဇန်နဝါရီ ၂၇-၂၀၂၁ မျိုးဆက်(VOM) ကမ္ဘာ့တစ်ဝန်းမှာ သန္ဓေပြောင်းဗိုင်ရပ်စ်သစ်နဲ့ ကာကွယ်ဆေးမလုံလောက်မှုတွေကို ရင်ဆိုင်နေရချိန်မနှာ ဗိုင်းရပ်စ်ကူးစက်ခံရသူစုစုပေါင်းဟာ ဇန်နဝါရီ ၂၇ ရက်အထိ သန်း ၁၀၀ ကျော်လွန်သွားပြီဖြစ်ပါတယ်။ လက်ရှိမှာ ကမ္ဘာ့လူဦးရေရဲ့ ၁ ဒသမ ၃ ရာခိုင်နှုန်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံနေရပြီး လူပေါင်း ၂ ဒသမ ၁ သန်း သေဆုံးသွားပြီဖြစ်ပါတယ်။ အခုနှစ်စကတည်းက ပျမ်းမျှအားဖြင့် ၇ ဒသမ ၇ စက္ကန့်တိုင်း လူတစ်ဦးနှုန်း ရောဂါကူးစက်ခံနေရပြီး တစ်နေ့ကို ကူးစက်ခံရသူ ၆၆၈၂၅၀ ဦးရှိကာ ကမ္ဘာ့တစ်ဝန်းသေဆုံးမှုနှုန်းဟာလည်း ၂ ဒသမ ၁၅ ရာခိုင်နှုန်းထိရှိနေပါတယ်။ ကူးစက်မှုအမြင့်ဆုံးနိုင်ငံတွေကတော့ အမေရိကန်၊ အိန္ဒိယ၊ ဘရာဇီး ၊ ရုရှားနဲ့ ဗြိတိန်တို့ဖြစ်ပြီး ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုရဲ့ ၂၈ ရာခိုင်နှုန်းရှိကာ ကမ္ဘာ့လူဦးရေရဲ့ ၂၈…
Read Moreအာဏာသိမ်းဖို့ လိုသလား
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်မှူးချုပ်(ဗိုလ်ချုပ်) ဇော်မင်းထွန်းရဲ့ ရွေးကောက်ပွဲမဲစာရင်းစိစစ်တွေ့ရှိချက် သတင်းစာရှင်းလင်းပွဲအပြီးမှာ အာဏာသိမ်းမလား ဆိုတဲ့ ဂယက်ဟာ အတော်ရိုက်ခတ်သွားပါတယ်။ တကယ်တော့ အလုပ်သမားတွေရဲ့ လုပ်ခလစာ တောင်းဆိုမှုတွေ၊ ကျောင်းသားတွေရဲ့ ပညာရေးတောင်းဆိုမှုတွေ၊ လယ်သမားတွေရဲ့ သိမ်းဆည်းလယ်ယာပြန်ရရေး တောင်းဆိုမှုတွေကို တပ်မတော်အာဏာသိမ်းမှာစိုးလို့ဆိုတဲ့ အတွေးမှားတွေနဲ့ ဆန္ဒပြပွဲတွေကို ကန့်ကွက်ရှုတ်ချလာကြတာ ကြာမြင့်ခဲ့ပါပြီ။ ဗိုလ်ချုပ်ဇော်မင်းထွန်းက တပ်မတော်အနေနဲ့ အာဏာသိမ်းမယ်၊ မသိမ်းဘူးဆိုတာ မပြောနိုင်ဘူးလို့ ဆိုပြီးချိန်မှာတော့ ၂၀၀၈ ဖွဲ့စည်းပုံကိုပြင်ဖို့ ရွေးကောက်ပွဲဝင်ရပါတယ်ဆိုတဲ့ ပါတီတွေနဲ့ ၂၀၀၈ ကို ပြင်ချင်ပါတယ်ဆိုတဲ့ လူပုဂ္ဂိုလ်တွေက ထိတ်လန့်သလိုလို မှတ်ချက်တွေ ထွက်လာကြပါတယ်။ နိုင်ငံရေးကို တတ်သိနားလည်ပါတယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေရဲ့ တပ်အာဏာသိမ်းရေးအပေါ် ကြောက်လန့်စိုးရိမ်တာတွေ ထုတ်ဖော်ပြောပြီးချိန်မှာတော့ ပြည်သူတွေကြားမှာပါ ၂၀၀၈ ဖွဲ့စည်းပုံအောက်မှာပဲ အေးအေးလူလူ နေပါတော့မယ်ဆိုတဲ့ အမြင်တွေ လွှမ်းမိုးလာပါတော့တယ်။ ဆူဆူပူပူတွေ…
Read Moreမွန်ပြည်နယ်အစိုးရအဖွဲ့ရုံးမှ အမှုထမ်းနဲ့အရာထမ်း ၃ ဦး Covid-19ပိုးတွေ့
ဇန်နဝါရီ ၂၇ -၂၀၂၁ ကောင်းလက်ျာ(VOM) မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ပြည်နယ်အစိုးရအဖွဲ့ရုံးမှ အမှုထမ်းနဲ့အရာထမ်း ၃ ဦး ဇန်နဝါရီ၂၅ ရက်နေ့နဲ့၂၆ရက်နေ့တွေမှာ Covid-19 ပိုးစစ်ဆေးတွေ့ရှိခဲ့တာကြောင့် အစိုးရအဖွဲ့ရုံးကို အသွားအလာကန့်သတ်ထားတယ်လို့ သိရပါတယ်။ ” ညွန်ကြာရေးမှူးအဆင့်နဲ့အထက် ဝန်ထမ်းတွေ မဟုတ်ပါဘူး။ အရာထမ်းနဲ့အမှုထမ်းပါ။ တိုက်ရိုက်ထိတွေ့သူတွေကို CBFQ ပို့ထားပြီး ဒုတိယအဆင့်ထိ တွေ့သူတွေကို အစိုးရအဖွဲ့ရုံးဝန်ထမ်းအိမ်ယာတွေမှာ စတေဟုမ်းသတ်မှတ်လိုက်တယ်”လို့ မွန်ပြည်နယ် လှုမှုရေးဝန်ကြီး ဒေါက်တာထိန်လင်းက ပြောပါတယ်။ Cဝvid-19ရောဂါပိုးပြည်တွင်းကူးစက်မှုကာလ တစ်နှစ်နီးပါးရှိလာချိန် ရောဂါပိုးတွေ့ရှိမှုနူန်းထားတွေ ကျဆင်းလာပေမယ့် နယ်မြို့တွေမှာ ပြန်လည်မြင့်တက်လာမှာကို စိုးရိမ်နေတာကြောင့် ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက မလိုအပ်ဘဲ အပြင်မထွက်ဖို့နဲ့ လိုအပ်လို့ အပြင်သွားလာပါက Maskတပ်ဆင်ဖို့သာမက လူစုလူဝေးရှောင်ရှားဖို့ သတိပေးထုတ်ပြန်ထားပါတယ်။ မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးမှ ကိုဗစ်ပိုးတွေ့လူနာ ၃ ဦးကို မော်လမြိုင်မြို့ဆေးရုံကြီးမှာ ပို့ဆောင်ကုသနေပြီး တိုက်ရိုက်ထိတွေ့ထားသူ ၉ ဦးကို CBFQ စခန်းနဲ့ တစ်ဆင့်ထိတွေ့သူ…
Read Moreအင်းတော်ရဲစခန်းက အချုပ်တရားခံ ကိုဗစ်ရောဂါပိုး ကူးစက်ခံရ
ဇန်နဝါရီ ၂၇ -၂၀၂၁ ကိုတိုးကြီး(VOM) စစ်ကိုင်းတိုင်း၊ အင်းတော်မြို့၊ အင်းတော်မြို့မရဲစခန်းမှာ ချုပ်နှောင်ထားတဲ့ အချုပ်တရားခံတွေထဲက အချုပ်သားတစ်ယောက်ဟာ ဇန်နဝါရီ ၂၆ ရက် မနက်ပိုင်းက ကသာအကျဉ်းထောင်ကို ပို့ဆောင်တဲ့အခါ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံထားရတာကို စစ်ဆေးတွေ့ရတယ်လို့ သိရပါတယ်။ ” မနေ့က ပြစ်ဒဏ်ကျ တရားခံ အမျိုးသား ၄၇ ယောက်ကို ကသာအကျဉ်းထောင်ကို ပို့ခဲ့တယ်၊ အကျဉ်းထောင်က ကျန်းမာရေးမှူးနဲ့အဖွဲ့က အဲ့ဒီတရားခံ ၄၇ ယောက်ကို ကျန်းမာရေးစစ်ဆေးချက်လုပ်တဲ့အခါ အင်းတော်ရဲစခန်း(ပ)၁၁၂/၂၀၂၀၊ ခြေချုပ်နဲ့ ခံဝန်ဥပဒေပုဒ်မ-၅၁ (စ)(ဆ) အမှုက တရားခံမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရတာကို အတည်ပြုတွေ့ရတယ်”လို့ အင်းတော်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက ရဲအရာရှိတစ်ယောက်က ပြောပါတယ်။ အဲ့ဒီ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ တရားခံကို ကသာအကျဉ်းထောင်က လက်မခံတာကြောင့် အင်းတော်ပြည်သူ့ဆေးရုံ Isolation room မှာ…
Read Moreမူးယစ်ဆေးဝါးအမှုနဲ့ ဖမ်းဆီးခံထားရတဲ့ အမျိုးသမီး ပြန်လည်လွတ်မြောက်
ဇန်နဝါရီ ၂၇ -၂၀၂၁ အေးချမ်းသူ(VOM) မူးယစ်ဆေးဝါးအမှုနဲ့ ဖမ်းဆီးအရေးယူထားတဲ့ သာကေတ -၂ တောင်ရပ်ကွက်၊ မာန်ပြေ(၃)လမ်းမှ ဒေါ်လှလှဌေး(ခ)မယ်မှုံကို သာကေတအမှတ်(၁)ရဲစခန်းက မနေ့ ဇန်နဝါရီ ၂၆ ရက်နေ့ နေ့လယ်ပိုင်းက ပြန်လည်လွှတ်ပေးလိုက်တယ်လို့ ၂/တောင်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကနေ သိရပါတယ်။ ၂/တောင်ရပ်ကွက်၊ မာန်ပြေ(၃)လမ်း ရာအိမ်မှူး ဦးသန်းထွန်းရှိန်က “မနေ့က နေ့လယ်က ရဲစခန်းကတင်ဘဲ ပြန်လွှတ်လိုက်တာ၊ သာကေတမြို့နယ်တရားရုံးမှာ တရားစွဲဆိုတင်ပို့ခဲ့တယ်၊ သက်သေခိုင်မာမှုမရှိတဲ့အတွက် ဥပဒေအကြံပေးရဲ့ သဘောထားမှတ်ချက်နဲ့ အပြီးအပြတ်ပြန်လွှတ်ခဲ့တယ်”လို့ VOM ကို ပြောပါတယ်။ မူးယစ်ဆေးဝါးအမှုနဲ့ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူ ဒေါ်လှလှဌေး(ခ)ဒေါ်မှုံကို မေးမြန်းဖို့အတွက် ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။ ပြီးခဲ့တဲ့ ၂၀၂၀ခုနှစ် ဒီဇင်ဘာ ၂၇ရက်နေ့က သာကေတမြို့နယ်၊ ၂တောင်ရပ်ကွက်၊ မာန်ပြေ ၃လမ်းရှိ နေအိမ်တစ်အိမ်မှာ မူးယစ်ဆေး ဝါးဝင်ရောက်ဖမ်းဆီးရာ လုပ်ကြံဖမ်းဆီးခံရတယ်လို့ဆိုကာ ရပ်ကွက်နေပြည်သူများအတွင်း ဝေဖန်မှုများခဲ့တဲ့ အမှုတစ်ခုလည်းဖြစ်ပါတယ်။…
Read More