ကိုဗစ်-၁၉ ကူးစက်ခံရသူ သန်း ၁၀၀ ကျော်ရှိလာ၊ ခုနှစ်စက္ကန့်တိုင်း လူတစ်ဦး ကူးစက်ခံနေရ

ဝါရှင်တန်၊ ဇန်နဝါရီ ၂၇-၂၀၂၁
မျိုးဆက်(VOM)

ကမ္ဘာ့တစ်ဝန်းမှာ သန္ဓေပြောင်းဗိုင်ရပ်စ်သစ်နဲ့ ကာကွယ်ဆေးမလုံလောက်မှုတွေကို ရင်ဆိုင်နေရချိန်မနှာ ဗိုင်းရပ်စ်ကူးစက်ခံရသူစုစုပေါင်းဟာ ဇန်နဝါရီ ၂၇ ရက်အထိ သန်း ၁၀၀ ကျော်လွန်သွားပြီဖြစ်ပါတယ်။

လက်ရှိမှာ ကမ္ဘာ့လူဦးရေရဲ့ ၁ ဒသမ ၃ ရာခိုင်နှုန်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံနေရပြီး လူပေါင်း ၂ ဒသမ ၁ သန်း သေဆုံးသွားပြီဖြစ်ပါတယ်။

အခုနှစ်စကတည်းက ပျမ်းမျှအားဖြင့် ၇ ဒသမ ၇ စက္ကန့်တိုင်း လူတစ်ဦးနှုန်း ရောဂါကူးစက်ခံနေရပြီး တစ်နေ့ကို ကူးစက်ခံရသူ ၆၆၈၂၅၀ ဦးရှိကာ ကမ္ဘာ့တစ်ဝန်းသေဆုံးမှုနှုန်းဟာလည်း ၂ ဒသမ ၁၅ ရာခိုင်နှုန်းထိရှိနေပါတယ်။

ကူးစက်မှုအမြင့်ဆုံးနိုင်ငံတွေကတော့ အမေရိကန်၊ အိန္ဒိယ၊ ဘရာဇီး ၊ ရုရှားနဲ့ ဗြိတိန်တို့ဖြစ်ပြီး ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုရဲ့ ၂၈ ရာခိုင်နှုန်းရှိကာ ကမ္ဘာ့လူဦးရေရဲ့ ၂၈ ရာခိုင်နှုန်းကို ကိုယ်စားပြုနေတဲ့ နိုင်ငံတွေဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ ရောဂါကူးစက်မှု ပထမဆုံး သန်း ၅၀ ပြည့်ဖို့ ၁၁ လအချိန်ကြာမြင့်ခဲ့ပြီး သုံးလအတွင်း ကူးစက်မှုနှစ်ဆမြင့်တက်ကာ သန်း ၁၀၀ ထိရှိလာခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ နိုင်ငံပေါင်း ၅၆ နိုင်ငံဟာ သူတို့ရဲ့ပြည်သူတွေကို ကာကွယ်ဆေးထိုးနှံပေးတာတွေ စတင်နေပြီး ကာကွယ်ဆေးအသုံးပြုမှု ၆၄ သန်းရှိနေပါတယ်။

အစ္စရေးနိုင်ငံဟာ ပြည်သူတစ်ဦးချင်း ကာကွယ်ဆေးထိုးနှံပေးမှုမှာ ဦးဆောင်နေပြီး လူဦးရေ ၂၉ ရာခိုင်နှုန်းကို ကာကွယ်ဆေးတစ်ကြိမ် ထိုးနှံပေးပြီးဖြစ်ပါတယ်။

Ref : BBC
Photo: Reuters
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW