မူးယစ်ဆေးဝါးအမှုနဲ့ ဖမ်းဆီးခံထားရတဲ့ အမျိုးသမီး ပြန်လည်လွတ်မြောက်

ဇန်နဝါရီ ၂၇ -၂၀၂၁
အေးချမ်းသူ(VOM)

မူးယစ်ဆေးဝါးအမှုနဲ့ ဖမ်းဆီးအရေးယူထားတဲ့ သာကေတ -၂ တောင်ရပ်ကွက်၊ မာန်ပြေ(၃)လမ်းမှ ဒေါ်လှလှဌေး(ခ)မယ်မှုံကို သာကေတအမှတ်(၁)ရဲစခန်းက မနေ့ ဇန်နဝါရီ ၂၆ ရက်နေ့ နေ့လယ်ပိုင်းက ပြန်လည်လွှတ်ပေးလိုက်တယ်လို့ ၂/တောင်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကနေ သိရပါတယ်။

၂/တောင်ရပ်ကွက်၊ မာန်ပြေ(၃)လမ်း ရာအိမ်မှူး ဦးသန်းထွန်းရှိန်က “မနေ့က နေ့လယ်က ရဲစခန်းကတင်ဘဲ ပြန်လွှတ်လိုက်တာ၊ သာကေတမြို့နယ်တရားရုံးမှာ တရားစွဲဆိုတင်ပို့ခဲ့တယ်၊ သက်သေခိုင်မာမှုမရှိတဲ့အတွက် ဥပဒေအကြံပေးရဲ့ သဘောထားမှတ်ချက်နဲ့ အပြီးအပြတ်ပြန်လွှတ်ခဲ့တယ်”လို့ VOM ကို ပြောပါတယ်။

မူးယစ်ဆေးဝါးအမှုနဲ့ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူ ဒေါ်လှလှဌေး(ခ)ဒေါ်မှုံကို မေးမြန်းဖို့အတွက် ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ပြီးခဲ့တဲ့ ၂၀၂၀ခုနှစ် ဒီဇင်ဘာ ၂၇ရက်နေ့က သာကေတမြို့နယ်၊ ၂တောင်ရပ်ကွက်၊ မာန်ပြေ ၃လမ်းရှိ နေအိမ်တစ်အိမ်မှာ မူးယစ်ဆေး
ဝါးဝင်ရောက်ဖမ်းဆီးရာ လုပ်ကြံဖမ်းဆီးခံရတယ်လို့ဆိုကာ ရပ်ကွက်နေပြည်သူများအတွင်း ဝေဖန်မှုများခဲ့တဲ့ အမှုတစ်ခုလည်းဖြစ်ပါတယ်။

အဲ့ဒီလို လုပ်ကြံဖမ်းဆီးခံရတဲ့ကိစ္စကို အလွတ်တန်းသတင်းထောက်တစ်ဦးနဲ့ ရပ်ကွက်နေပြည်သူတွေက ကျောက်တံတာမြို့နယ်၊ မဟာဗန္ဓုလပန်းခြံရှေ့မှာ အမှုမှန်ပေါ်ပေါက်ရေးနဲ့ ပြန်လည်လွတ်မြောက်ရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

Photo crd – မင်းထွဏ်း
#voiceofmyanmar #VOM #ရန်ကုန် #မူးယစ်ဆေးနဲ့ဖမ်းခံရတဲ့ #အမျိုးသမီး #ပြန်လည်လွတ်မြောက်

Related posts

Leave a Comment

VOM News

FREE
VIEW