ဇန်နဝါရီ ၂၅ -၂၀၂၁ ထက်အောင်စိုင်း(VOM) ရခိုင်ပြည်နယ်အခြေစိုက် သတင်ဌာနတစ်ခုဖြစ်တဲ့ Development Media Group(DMG) သတင်းဌာနက သတင်းသမားနှစ်ဦးကို တပ်မတော်က တရားလိုလုပ်ပြီး စစ်တွေမြို့၊ အမှတ် (၂) မြို့မရဲစခန်းမှာ ဆက်သွယ်ရေးဥပဒေပုဒ်မ-၆၆(ဃ) နဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၃ ရက်နေ့မှာ ထပ်မံအမှုဖွင့်ခဲ့တယ်လို့ သိရပါတယ်။ အမှုဖွင့်ခံရတဲ့ သတင်းသမားတွေကတော့ DMG သတင်းဌာနက ဒုတာဝန်ခံအယ်ဒီတာ ဦးနေဝင်းစံနဲ့ သတင်းထောက် မနှင်းနွယ်တို့ဖြစ်တယ်လို့ သိရပါတယ်။ အမှုဖွင့်ခံရတဲ့ DMG သတင်းဌာန ဒုတိယတာဝန်ခံအယ်ဒီတာ ကိုနေဝင်းစံက” အမှုဖွင့်ခံရတာတော့ဟုတ်တယ်။ လောလောဆယ်မှာတော့ ဘာမှမထူးသေးဘူး။ ရဲစခန်းကလည်း ဘာမှအကြောင်းမကြားသေးဘူး၊ တပ်မတော်အနေနဲ့ ဘာကြောင့် အခုလိုအမှုဖွင့်တယ်ဆိုတာ လက်ရှိအချိန်ထိ အတိအကျမသိရသေးပေမယ့် ကျောက်တော်မြို့နယ်၊ မာလာကျေးရွာကသတင်းကို ဖော်ပြမှုနဲ့ အမှုဖွင့်တယ်လို့ သိရတယ်”လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၀ ရက်နေ့ ရက်စွဲနဲ့…
Read MoreMonth: January 2021
မူးယစ်ဆေးဝါးအမှုနဲ့ အမျိုးသမီးတစ်ဦး ဖမ်းဆီးခံထားရတဲ့ကိစ္စ အမှုမှန်ပေါ်ပေါက်ဖို့ ဆန္ဒပြ
ဇန်နဝါရီ ၂၅ -၂၀၂၁ အေးချမ်းသူ(VOM) မူးယစ်ဆေးဝါးအမှုနဲ့ ဖမ်းဆီးအရေးယူထားတဲ့ကိစ္စ အမှုမှန်ပေါ်ပေါက်ရေးအတွက် ရန်ကုန်မြို့၊ မဟာဗန္ဓုလပန်းခြံရှေ့မှာ ဒီကနေ့မနက်ပိုင်းက ဆန္ဒပြခဲ့ကြပါတယ်။ အဲ့ဒီဆန္ဒပြပွဲမှာ ဦးဆောင်သူနဲ့ လူ ၁၁ဦးဟာ မည့်သည့်ကြွေးကြော်သံမှပြုလုပ်ခြင်းမရှိဘဲ မတရားမှုကို ဆန့်ကျင်ကြ ၊ရပ်ကွက်နေ ဆယ်/ ရာအိမ်မှူးများမသိဘဲ ဖမ်းဆီးခံခြင်းမှ လွတ်မြောက်ရေး၊ မတရားဖမ်းဆီးခံရမှုမှ လွတ်မြောက်ရေး၊ အရွယ်မရောက်သည့် မိန်းခလေးနှစ်ဦး၏ ဂုဏ်သိက္ခာအား ထောက်ထားပါ စတဲ့ဆိုင်းဘုတ်တွေကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ ဆန္ဒပြရခြင်းအကြောင်းဟာ ပြီးခဲ့တဲ့ ၂၀၂၀ခုနှစ်၊ ဒီဇင်ဘာ ၂၇ရက်နေ့က သာကေတမြို့နယ်၊ ၂တောင်ရပ်ကွက်၊ မာန်ပြေ ၃လမ်းရှိနေအိမ်တစ်အိမ်မှာ အမျိုးသမီးတစ်ဦးကို မူးယစ်ဆေးဝါးရောင်းတယ်ဆိုကာ လုပ်ကြံဖမ်းဆီးခံရတဲ့အတွက် ဆန္ဒပြကြတာဖြစ်ပါတယ်။ အဲ့ဒီကိစ္စနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၀ရက်နေ့ကလည်း အလွတ်တန်းသတင်းထောက်တစ်ဦးဟာ ဖမ်းဆီးခံထားရတဲ့ ဒေါ်လှလှဌေး(ခ)မမှုံကိစ္စကို အမှုမှန်ပေါ်ပေါက်ဖို့ တစ်ကိုယ်တော်ဆန္ဒပြမှုပြုလုပ်ခဲ့ပါသေးတယ်။ #voiceofmyanmar #VOM #ရန်ကုန် #မူးယစ်ဆေးဖမ်းခံရအမျိုးသမီး #အမှုမှန်ပေါ်ဖို့ #ဆန္ဒပြ
Read Moreလွှတ်တော် ပထမဆုံးနေ့မှာ ဘာတွေ လုပ်ကြမလဲ
ဇန်နဝါရီ ၂၅-၂၀၂၁ ဆွေလင်းထွန်း(VOM) ဖေဖေါ်ဝါရီ ၁ရက်နေ့မှာခေါ်ယူထားတဲ့ နေပြည်တော်က တတိယအကြိမ်မြောက်လွှတ်တော်ရဲ့ ပထမဆုံး လွှတ်တော်အစည်းအဝေးတက်ဖို့အတွက် ကျန်းမာရေးစစ်ဆေးဖို့နဲ့ ကွာရန်တင်းဝင်ဖို့အတွက် အနိုင်ရထားတဲ့ ပြည်ထောင်စုအဆင့်လွှတ်တော်ကိုယ်စားလှယ်တွေဟာ ဆေးစစ်ပြီးကျသလို နေရာထိုင်ခင်းအတွက် တည်းခိုရာနေရာတွေကို အသင့်ရောက်ရှိနေကြပါပြီ။ မြန်မာနိုင်ငံ လက်တွေ့လိုက်နာကျင့်သုံးနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်သူ့လွှတ်တော် ပထမဆုံးအစည်းအဝေးကို ရွေးကောက်ပွဲစကျင်းပတဲ့ရက်ကနေ ရက်ပေါင်း၉၀အတွင်း ခေါ်ယူရမှာ ဖြစ်ပါတယ်။ အမျိုးသားလွှတ်တော် ပထမဆုံးအစည်းအဝေးကို ပြည်သူ့လွှတ်တော်သက်တမ်း စတင်တဲ့ရက်ကနေ ၇ရက်အတွင်း ခေါ်ယူရမှာ ဖြစ်ပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေကိုတော့ ပြည်သူ့လွှတ်တော်သက်တမ်း စတင်တဲ့ရက်ကနေ ၁၅ရက်အတွင်း ခေါ်ယူရမှာ ဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်အစည်းအဝေးတွေ စတင်ကျင်းပတဲ့ ပထမဆုံးနေ့မှာ လွှတ်တော်တက်ခွင့်ရှိတဲ့ ကိုယ်စားလှယ် စုစုပေါင်းရဲ့ ထက်ဝက်ကျော်ဦးရေ တက်ရောက်ရင် အစည်းအဝေး အထမြောက်ပါတယ်။ အဲ့ဒီအရေအတွက် မပြည့်ဘူးဆိုရင်တော့ အစည်းအဝေးကို ရွှေ့ဆိုင်းရမှာ ဖြစ်ပါတယ်။ သတ်မှတ်ကိုယ်စားလှယ်မပြည့်လို့ ရွှေ့ဆိုင်းကျင်းပတဲ့…
Read Moreကျွန်းလှမြို့နယ်ထဲမှာ ရှေးဟောင်းပစ္စည်းတွေ တူးဖော်နေလို့ တားမြစ်မိန့်ထုတ်ထားရ
ဇန်နဝါရီ ၂၅ -၂၀၂၁ ကိုတိုးကြီး(VOM) စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ မော်ကယ်အုပ်စု၊ ညောင်ပင်ကျေးရွာအရှေ့ဘက် ၁ မိုင်ခန့်အကွာ ခါချဉ်ကုန်းမှာ ရှေးဟောင်းယဉ်ကျေမှုပစ္စည်းတွေကို ဒေသခံတချို့က စီးပွားဖြစ် တူးဖော်လုပ်ကိုင်နေတာကြောင့် မနေ့ ဇန်နဝါရီ ၂၄ ရက်က မြို့နယ်အာဏာပိုင်အဖွဲ့တွေ သွားရောက်ပြီး တူးဖော်တာတွေ ဆက်မလုပ်ကြဖို့ တားမြစ်အမိန့် ထုတ်ပြန်ခဲ့ရတယ်လို့ ကျွန်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကနေ သိရပါတယ်။ ” နန်းသုံး စစ်လက်နက်၊လက်ရာတွေဖြစ်နိုင်တယ်လို့ ယူဆရတယ်၊ မျက်နှာဝ အကျယ် ၂ ပေ ၊ မြေအနက် ၃ ပေ၊ ကျင်း ၃၀ တူးဖော်ထားတာတွေ့ရတယ်၊ တူးဖော်တွေ့ရှိထားတဲ့ ပစ္စည်းတွေကို မြို့နယ်စီမံခန့်ခွဲရေးကော်မတီက စနစ်တကျ ထိန်းသိမ်းထားတယ်”လို့ ကျွန်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးက အတည်ပြုပြောပါတယ်။ အဲ့ဒီ ဒေသက တူးဖော်တွေ့ရှိထားတဲ့ ရှေးဟောင်းယဉ်ကျေးမှုပစ္စည်းတွေဟာ အရှည် ၆ လက်မကနေ လက်မ ၂၀…
Read Moreထီလက်မှတ်တွေ အရောင်ပြောင်းသွားပေမယ့် ဆုငွေထုတ်ချိန် အခက်အခဲမရှိ
ဇန်နဝါရီ ၂၅ -၂၀၂၁ ယဉ်ပပထွန်း(VOM) ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ဖွင့်လှစ်မယ့် အောင်ဘာလေ ထီလက်မှတ်တွေဟာ အောက်ခံ အစိမ်းနုရောင်ကနေ အရောင်တချို့ ပြောင်းလဲနေတဲ့ ထီလက်မှတ်တွေရှိနေပြီး အဲ့ဒီ ထီလက်မှတ်တွေကနေ ထီပေါက်ခဲ့ရင် ဆုငွေထုတ်ရာမှာ အခက်အခဲမရှိဘူးလို့ အောင်ဘာလေသိန်းဆုဌာနခွဲ ကနေ သိရပါတယ်။ ထီလက်မှတ်ထဲက တချို့ထီလက်မှတ်တွေဟာ နေရောင်ခြည်ထိတွေ့သွားလို့ ဆေးရောင်လွင့်ပြယ်မှုတွေဖြစ်ပေါ်နေပေမယ့် ထီလက်မှတ်တွေမှာထည့်ထားတဲ့ လုံခြုံမှု အဆင့်အတန်းတွေကို ပြည်သူတွေဝယ်ယူတဲ့အခါမှာ ယုံကြည်မှုနဲ့ ဝယ်ယူကံစမ်းနိုင်ပြီး အဲ့ဒီထီလက်မှတ်တွေကနေ ထီပေါက်ခဲ့ပါက ဆုငွေထုတ်ယူရာမှာ အခက်အခဲမရှိ စီစစ်ဆောင်ရွက်ပေးမယ်လို့ မနေ့ ဇန်နဝါရီ ၂၄ရက်နေ့က ကြေးမုံသတင်းစာမှာ တရားဝင်ကြေညာထားတာဖြစ်ပါတယ်။ “ လက်မှတ်တွေနဲ့ ပတ်သက်ပြီးတော့မှ ပြည်သူတွေအနေနဲ့ စိုးရိမ်စရာ မလိုပါဘူး။ ထီဆုငွေထုတ်တဲ့အခါမှာလည်း ဘာအခက်အခဲမှ မရှိစေရပါဘူး။ ထီလက်မှတ် အစစ်၊အမှန်ဖြစ်ဖို့တော့ လိုတာပေါ့။ ထီအက္ခရာတွေကို ဘာမှ မသမာမှုနဲ့ မပြုပြင်ထားဘူးဆိုရင် ဘာတစ်ခုမှ…
Read Moreမြန်မာ့ဆန် တန်ချိန်တစ်သိန်း ဘင်္ဂလားဒေ့ရှ် ဝယ်ယူမယ်
ဒါကာ၊ ဇန်နဝါရီ ၂၅-၂၀၂၁ မျိုးဆက်(VOM) ဘင်္ဂလားဒေ့ရှ်အစိုးရဟာ ပြည်သူသန်း ၁၆၀ အတွက် အဓိကစားသောက်ကုန်တွေရှားပါးမှုကို ကျော်လွှားနိုင်ဖို့ အကြပ်အတည်းနဲ့ ရင်ဆိုင်နေရတာကြောင့် ရိုဟင်ဂျာပြသနာကို ဘေးချိတ်ပြီး မြန်မာနိုင်ငံက ဆန်တန်ချိန်တစ်သိန်း ဝယ်ယူမှာဖြစ်ပါတယ်။ နိုင်ငံအတွင်း ဆန်ဈေးနှုန်းကြီးမြင့်နေတာဟာ ဘင်္ဂလားဒေ့ရှ်အစိုးရအတွက် ပြဿနာတစ်ရပ်ဖြစ်ပြီး ပြီးခဲ့တဲ့နှစ်ကဖြစ်ပွားခဲ့တဲ့ ရေကြီးရေလျှံမှုတွေကြောင့် ကောက်ပဲသီးနှံတွေ ပျက်စီးခဲ့ကာ ဆန်ဈေးနှုန်း စံချိန်တင်မြင့်တက်နေတာဖြစ်ပါတယ်။ မွတ်စလင်အများစုရှိရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ဗုဒ္ဓဘာသာအများစုနေထိုင်ရာ မြန်မာနိုင်ငံတို့အကြား ဘင်္ဂလားဒေ့ရှ်တောင်ပိုင်းမှာ လက်ခံထားရတဲ့ ရိုဟင်ဂျာဒုက္ခသည်တစ်သန်းနီးပါးနဲ့ပတ်သက်ပြီး သဘောထားကွဲလွဲမှုတွေရှိနေပါတယ်။ နှစ်နိုင်ငံအစိုးရချင်း သဘောတူညီချက်အရ ဘင်္ဂလားဒေ့ရှ်ဟာ မြန်မာ့ဆန်ဖြူ တစ်တန်ကို ကုန်ကျစရိတ်၊ အာမခံနဲ့ ကုန်တင်ကုန်ချစရိတ်အပါအဝင် ၄၈၅ ဒေါ်လာနဲ့ ဝယ်ယူမှာဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ် စားနပ်ရိက္ခာဝန်ကြီးဌာန အတွင်းဝန် Mosammat Nazmanara Khanum ကပြောပါတယ်။ မိမိတို့ရဲ့ အဓိကဦးစားပေးကတော့ ဆန်ဈေးကျသွားဖို့ဖြစ်ပြီး အခုနှစ်ဇွန်လအထိ အစိုးရအနေနဲ့ ဆန်တန်ချိန် ၁၀…
Read Moreဗိုလ်ကြီးအဆင့်ရှိသူ သယ်ဆောင်လာတဲ့ သစ်ခွဲသားတွေ ဖမ်းမိ
ဇန်နဝါရီ ၂၅ -၂၀၂၁ နေလင်းဖြူ(VOM) မကွေးတိုင်း၊ ပခုက္ကူမြို့၊ ၁၅ ရပ်ကွက်၊ မြကန်သာလမ်းဆုံမှာ ဇန်နဝါရီ ၂၃ရက် မနက်အစောပိုင်းက ဗိုလ်ကြီးအဆင့်ရှိသူ ဦးဆောင်သယ်ယူလာတဲံ Forlandမော်တော်ယာဉ်ပေါ်ကနေ သစ်ခွဲသား ၃တန်ခန့် ဖမ်းဆီးရမိခဲ့တယ်လို့ ပခုက္ကူမြို့မစခန်းကနေ သိရပါတယ်။ မှုခင်းကျဆင်းရေးအတွက် နယ်မြေလုံခြုံရေးအတွက်ဆောင်ရွက်နေချိန် မြကန်သာဘမ်းဆုံမှာ Forland အဖြူရောင်မော်တော်ယာဉ်ကို စစ်ဆေးရာ ကလေးမြို့၊ အမှတ်(၁၀) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း၊ အင်ဂျင်နီယာနည်းပြအရာရှိ ဗိုလ်ကြီးတစ်ဦးလိုက်ပါလာတာဖြစ်ပါတယ်။ အဲ့ဒီဗိုလ်ကြီးတစ်ဦးနဲ့ အမှတ်(၉၁၆)စစ်မြေပြင်အင်ဂျီနီယာတပ်ရင်းက ယာဉ်မောင်း တစ်ဦး၊ ယာဉ်နောက်လိုက်တစ်ဦးတို့ကို သစ်ခွဲသားဆိုဒ်စုံ ၃၆ ချောင်း၊ ၃ တန်ခန့် ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ ပခုက္ကူမြို့မစခန်းကနေ သိရပါတယ်။ တရားမဝင်သစ်ခွဲသားတွေ သယ်ဆောင်လာတဲ့ ဗိုလ်ကြီးတစ်ဦး၊ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တို့ကို (ပ)၄၂/၂၀၂၁၊ သစ်တောဥပဒေပုဒ်မ – ၄၃(က)နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်၊ #voiceofmyanmar #VOM #ပခုက္ကူ #ဗိုလ်ကြီးတစ်ဦး #သစ်ခွဲသားတွေဖမ်းမိ
Read MoreVoice Of Myanmar ရဲ့ သတင်းစုံလင် မြန်ပြည်တခွင် ဇန်နဝါရီ ၂၄ ညနေခင်းအစီအစဉ်
ဇန်နဝါရီ၊ ၂၄- ၁- ၂၀၂၁ (VOM) – နေပြည်တော်မှာ NLD ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီအဖွဲ့ အစည်းအဝေးပြုလုပ် – အစိုးရအသစ်၊ သမ္မတနဲ့ UEC ကို ထောက်ခံပွဲ ရန်ကုန်မှာပြုလုပ် – နေပြည်တော်မှာ စိုက်မယ်ဆိုတဲ့ မောကွန်းကျောက်တိုင်ကိစ္စ ပြည်ခိုင်ဖြိုးပါတီ ဦးဆောင်တာ မဟုတ်ကြောင်း ငြင်းဆို – မောင်တောမှာ လက်နက်ကိုင် အဖွဲ့ရဲ့ ဖမ်းဆီးရိုက်နှက်ခံရသူတစ်ဦး စစ်တွေဆေးရုံရောက် – စစ်ကိုင်းမှာ သစ်တင်လာတဲ့ ပရဟိတကားက ဆိုင်ကယ်ကိုတိုက်ပြီးထွက်ပြေး – ညောင်နှစ်ပင် မွေမြူရေးခြံမှာ ပိတ်လှောင်ခံရတဲ့ ရခိုင်စစ်ရှောင်အလုပ်သမား ၄ ဦးကို ပြန်ထုတ်နိုင်ပေမယ့် အမှုကိုရုပ်သိမ်း – KNU(N.D.A) ဒုဗိုလ်မှူးကြီး ငှားရမ်းနေထိုင်တဲ့ အိမ်ထဲက လက်နက်ခဲယမ်းတွေ ဖမ်းဆီးရမိ – ကိုဗစ်ကာကွယ်ဆေးထိုးဖို့ ရန်ကုန်မှာ စာရင်းကောက် စတဲ့ သတင်းတွေကို တင်ဆက်ထားပါတယ်။…
Read Moreကိုဗစ်ကာကွယ်ဆေးထိုးဖို့ ရန်ကုန်မှာ စာရင်းကောက်
ရန်ကုန်- ဇန်နဝါရီ ၂၄ – ၂၀၂၁ ယဉ်ပပထွန်း ( VOM) ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် ငမိုးရိပ်ရပ်ကွက်က ရပ်ကွက်နေပြည်သူတွေအားလုံး ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် စာရင်းတွေစကောက်ခံနေတယ် လို့သိရပါတယ် ။ စာရင်းကောက်ယူရာမှာ ပေးထားတဲ့ဖောင်စာရွက်ပေါ်မှာတော့ အိမ်ရှိလူအားလုံး ရဲ ့ အမည် မွေးသက္ကရာဇ် မှတ်ပုံတင်အမှတ် နေရပ်လိပ်စာ ဖုန်းနံပါတ်တွေအပြင် မိမိမှာရောဂါအခံ ဘာရောဂါအခံရှိတယ်ဆိုတဲ့ အရာတွေကိုပါဖြည့်ပေးရမှာဖြစ်ပါတယ် ။ ” ဒီနေ့ကစပြီး ရန်ကုန်တစ်တိုင်းလုံးကိုစာရင်းစယူကောက်ခံတာပါ ။ နိုင်ငံတော်က ထိုးဖို့အစီအစဉ်ဖြစ်ရင် အဆင်သင့်ဖြစ်အာင်လို့ကျွန်တော် တို့အားလုံးကိုညွှန်ကြားချက်ထုတ်တာပါ ။ အဲ့ထဲမှာက အုပ်စု ပြန်ခွဲအုံးမှာပါ ။ ကာကွယ်ဆေးထိုးဖို့အသက်အပိုင်းအခြား ပထမဦးစားပေးတွေ ဒုတိယဦးစားပေးတွေ အဲ့လိုမျိုးတွေကိုပြန်ခွဲသွားအုံးမှာပါ ” လို့ သင်္ဃန်းကျွန်း ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးနဲ့အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင် ဒေါက်တာကျော်စွာဦးက VOMကိုပြောပါတယ် ။ အိန္ဒိယနိင်ငံကနေ ၂၂ ရက်နေ့ညနေပိုင်းက ကိုဗစ်ကာကွယ်ဆေး ၁…
Read Moreစစ်ကိုင်းမှာ သစ်တင်လာတဲ့ ပရဟိတကားက ဆိုင်ကယ်တိုက်ထွက်ပြေး
စစ်ကိုင်း ဇန်နဝါရီ ၂၄ -၂၀၂၁ မောင်တာရာ (VOM) စစ်ကိုင်းမြို့မှာ မေတ္တာရှင် အသင်းတံဆိပ်နဲ့ ပရဟိတကားက သစ်တင်လာတယ်လို့ သတင်းအရ ဒီနေ့ ဇန်နဝါရီလ ၂၄ ရက်နေ့ မနက်ပိုင်းက စစ်ကိုင်းမြို့မရဲစခန်းက နယ်ထိန်းတပ်ဖွဲ့ဝင်တွေဟာ စစ်ကိုင်းမြို့ အိုးဘိုးရပ် အသင်္ခယာစောယွန်းရုပ်တု အဝိုင်းပတ်ကနေ တားဆီးစဉ် ရပ်တန့်မပေးပဲ မောင်းနှင်းသွားတဲ့ အတွက် စစ်ကိုင်းမြို့မရဲစခန်းက တာဝန်ရှိသူတွေ၊ စစ်ကိုင်းမြို့က ပရဟိတအသင်းတွေကအဖွဲ့ဝင်တွေက လိုက်လံဖမ်းဆီးစဉ် ကောင်းမှုတော်ဘုရားဘက်အရောက်တွင် လိုက်မမီ၍ ထွက်ပြေးလွတ်မြောက် သွားခဲ့ပါတယ်။ ”အိုးဘို အသင်္ခယာ အဝိုင်းပတ်မှာ တားတော့ တားတဲ့ ရဲပါ ဝင်တိုက်တာ ရဲက ရှောင်တာမြန်သွားလို့, ကျွန်တော်တို့လည်း စစ်ကိုင်းမြို့အဝင် COVID ဂိတ်ကို လှမ်းအကြောင်းကြားတော့ အဲကားက COVID ဂိတ် မရောက်ခင် လှည့်ပတ်ပြေးတာ၊ အကုန်လုံး လိုက်ရင်းနဲ့ ကောင်းမှုတော်ဘက်ကျ ပျောက်သွားတာ၊ ပြီးတော့…
Read More