ဗိုလ်ကြီးအဆင့်ရှိသူ သယ်ဆောင်လာတဲ့ သစ်ခွဲသားတွေ ဖမ်းမိ

ဇန်နဝါရီ ၂၅ -၂၀၂၁
နေလင်းဖြူ(VOM)

မကွေးတိုင်း၊ ပခုက္ကူမြို့၊ ၁၅ ရပ်ကွက်၊ မြကန်သာလမ်းဆုံမှာ ဇန်နဝါရီ ၂၃ရက် မနက်အစောပိုင်းက ဗိုလ်ကြီးအဆင့်ရှိသူ ဦးဆောင်သယ်ယူလာတဲံ Forlandမော်တော်ယာဉ်ပေါ်ကနေ သစ်ခွဲသား ၃တန်ခန့် ဖမ်းဆီးရမိခဲ့တယ်လို့ ပခုက္ကူမြို့မစခန်းကနေ သိရပါတယ်။

မှုခင်းကျဆင်းရေးအတွက် နယ်မြေလုံခြုံရေးအတွက်ဆောင်ရွက်နေချိန် မြကန်သာဘမ်းဆုံမှာ Forland အဖြူရောင်မော်တော်ယာဉ်ကို စစ်ဆေးရာ ကလေးမြို့၊ အမှတ်(၁၀) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း၊ အင်ဂျင်နီယာနည်းပြအရာရှိ ဗိုလ်ကြီးတစ်ဦးလိုက်ပါလာတာဖြစ်ပါတယ်။

အဲ့ဒီဗိုလ်ကြီးတစ်ဦးနဲ့ အမှတ်(၉၁၆)စစ်မြေပြင်အင်ဂျီနီယာတပ်ရင်းက ယာဉ်မောင်း တစ်ဦး၊ ယာဉ်နောက်လိုက်တစ်ဦးတို့ကို သစ်ခွဲသားဆိုဒ်စုံ ၃၆ ချောင်း၊ ၃ တန်ခန့် ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ ပခုက္ကူမြို့မစခန်းကနေ သိရပါတယ်။

တရားမဝင်သစ်ခွဲသားတွေ သယ်ဆောင်လာတဲ့ ဗိုလ်ကြီးတစ်ဦး၊ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တို့ကို (ပ)၄၂/၂၀၂၁၊ သစ်တောဥပဒေပုဒ်မ – ၄၃(က)နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်၊

#voiceofmyanmar #VOM #ပခုက္ကူ #ဗိုလ်ကြီးတစ်ဦး #သစ်ခွဲသားတွေဖမ်းမိ

Related posts

Leave a Comment

VOM News

FREE
VIEW