ကိုဗစ်ကာကွယ်ဆေးထိုးဖို့ ရန်ကုန်မှာ စာရင်းကောက်

ရန်ကုန်- ဇန်နဝါရီ ၂၄ – ၂၀၂၁
ယဉ်ပပထွန်း ( VOM)

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် ငမိုးရိပ်ရပ်ကွက်က ရပ်ကွက်နေပြည်သူတွေအားလုံး ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် စာရင်းတွေစကောက်ခံနေတယ် လို့သိရပါတယ် ။

စာရင်းကောက်ယူရာမှာ ပေးထားတဲ့ဖောင်စာရွက်ပေါ်မှာတော့ အိမ်ရှိလူအားလုံး ရဲ ့ အမည် မွေးသက္ကရာဇ် မှတ်ပုံတင်အမှတ် နေရပ်လိပ်စာ ဖုန်းနံပါတ်တွေအပြင် မိမိမှာရောဂါအခံ ဘာရောဂါအခံရှိတယ်ဆိုတဲ့ အရာတွေကိုပါဖြည့်ပေးရမှာဖြစ်ပါတယ် ။

” ဒီနေ့ကစပြီး ရန်ကုန်တစ်တိုင်းလုံးကိုစာရင်းစယူကောက်ခံတာပါ ။ နိုင်ငံတော်က ထိုးဖို့အစီအစဉ်ဖြစ်ရင် အဆင်သင့်ဖြစ်အာင်လို့ကျွန်တော် တို့အားလုံးကိုညွှန်ကြားချက်ထုတ်တာပါ ။ အဲ့ထဲမှာက အုပ်စု ပြန်ခွဲအုံးမှာပါ ။ ကာကွယ်ဆေးထိုးဖို့အသက်အပိုင်းအခြား ပထမဦးစားပေးတွေ ဒုတိယဦးစားပေးတွေ အဲ့လိုမျိုးတွေကိုပြန်ခွဲသွားအုံးမှာပါ ” လို့ သင်္ဃန်းကျွန်း ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးနဲ့အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင် ဒေါက်တာကျော်စွာဦးက VOMကိုပြောပါတယ် ။

အိန္ဒိယနိင်ငံကနေ ၂၂ ရက်နေ့ညနေပိုင်းက ကိုဗစ်ကာကွယ်ဆေး ၁ ဒသမ ၅ သန်းကို မြန်မာနိုင်ငံအတွက်လှူဒါန်းခဲ့တာဖြစ်ပါတယ်။ ထိုကာကွယ်ဆေးကို ပထမဆုံးအနေနဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ စေတနာဝန်ထမ်း ဗဟိုတိုင်းဒေသကြီးနဲ့ပြည်နယ်အစိုးရအဖွဲ့ဝင်များ လွှတ်တော်ကိုယ်စားများကို ထိုးနှံပေးမှာဖြစ်ပါတယ် ။

ကျန်အုပ်စုတွေကို ကာကွယ်ဆေးရ ရှိမူတွေအပေါ်မူတည်ပြီးတော့ ဆက်လက်ထိုးနှံပေးသွားမှာဖြစ်ပါတယ် ။ ထိုကာကွယ်ဆေးကိုထိုးနှံရာမှာ လူတစ်ဦးက ၂ ကြိမ်ထိုးနှံရမှာဖြစ်တယ်လို့လည်းသိရပါတယ်။

#voiceofmyanmar #VOM #ကိုဗစ်ကာကွယ်ဆေးထိုးဖို့စာရင်းကောက် #ရန်ကုန်

Related posts

Leave a Comment

VOM News

FREE
VIEW