စစ်ကိုင်းမှာ သစ်တင်လာတဲ့ ပရဟိတကားက ဆိုင်ကယ်တိုက်ထွက်ပြေး

စစ်ကိုင်း ဇန်နဝါရီ ၂၄ -၂၀၂၁
မောင်တာရာ (VOM)

စစ်ကိုင်းမြို့မှာ မေတ္တာရှင် အသင်းတံဆိပ်နဲ့ ပရဟိတကားက သစ်တင်လာတယ်လို့ သတင်းအရ ဒီနေ့ ဇန်နဝါရီလ ၂၄ ရက်နေ့ မနက်ပိုင်းက စစ်ကိုင်းမြို့မရဲစခန်းက နယ်ထိန်းတပ်ဖွဲ့ဝင်တွေဟာ စစ်ကိုင်းမြို့ အိုးဘိုးရပ် အသင်္ခယာစောယွန်းရုပ်တု အဝိုင်းပတ်ကနေ တားဆီးစဉ် ရပ်တန့်မပေးပဲ မောင်းနှင်းသွားတဲ့ အတွက် စစ်ကိုင်းမြို့မရဲစခန်းက တာဝန်ရှိသူတွေ၊ စစ်ကိုင်းမြို့က ပရဟိတအသင်းတွေကအဖွဲ့ဝင်တွေက လိုက်လံဖမ်းဆီးစဉ် ကောင်းမှုတော်ဘုရားဘက်အရောက်တွင် လိုက်မမီ၍ ထွက်ပြေးလွတ်မြောက် သွားခဲ့ပါတယ်။

”အိုးဘို အသင်္ခယာ အဝိုင်းပတ်မှာ တားတော့ တားတဲ့ ရဲပါ ဝင်တိုက်တာ ရဲက ရှောင်တာမြန်သွားလို့, ကျွန်တော်တို့လည်း စစ်ကိုင်းမြို့အဝင် COVID ဂိတ်ကို လှမ်းအကြောင်းကြားတော့ အဲကားက COVID ဂိတ် မရောက်ခင် လှည့်ပတ်ပြေးတာ၊ အကုန်လုံး လိုက်ရင်းနဲ့ ကောင်းမှုတော်ဘက်ကျ ပျောက်သွားတာ၊ ပြီးတော့ အဲဒီကားက ခရိုင်ချင်းဆက်လမ်းကနေ ကျောက်တာကျေးရွာ အရှေ့ဘက် ပြန်ဖောက်ထွက်ပြီး မင်းကွန်းလမ်းကြားကနေပြန်ထွက်လာတာ သီတဂူနားရောက်တော့ သတင်းရတော့ ဒီကနေ ပိတ်လိုက်တော့ ကိုးပေမှ မီးနီ မိသေးတယ် ။ သူတို့က ကားကို မီးတန်းဖွင့်ထားတယ် PPE ဝတ်ထားတယ်၊ သူတို့နောက်လိုက်နေတဲ့ ပရဟိတ ကောင်းလေးနှစ်ယောက်က ယာဉ်ထိန်းကို လှမ်းအော်တယ် ယာဉ်ထိန်းက မကြားတာလား မသိတာလား မသိ မီးနီစိမ်းတော့ ဖြတ်မောင်းတဲ့ အချိန် COVID ဂိတ် လှမ်းအကြောင်းကြားတော့ ယာဉ်ထိန်း ထွန်းထွန်းလင်းက ရှေ့က ပိတ်တားတော့ သူ ကို ပစ်တိုက်တာ သူကရှောင်လိုက်တော့ ဆိုင်ကယ် ချိတ်ပါသွားတာ အဲမှာ ကျွန်တော်တို့ လိုက်ကြတော့သူတို့က လမ်းအတော်ကျွမ်းတယ် နောက်တော့ ရွှေကြက်ယက်မှာ COVID ဂိတ်တစ်ဂိတ်ရှိသေးတော့ အဲဂိတ်ကိုရှောင်ပြီး ရွှေကြက်ယက်ကျေးရွာထဲ ဝင်ပြေးတာ အဲမှာ ဆက်လိုက်တော့ ရွှေကြက်ယက် သံလမ်းအဆင်းကနေ ဆင်းပြီ အတွင်းလမ်း တံတားဖြူ လမ်းကနေ အစပျောက်သွားတာ ၊ မန္တလေးအသင်းတွေကို ချိတ်ဆက်ပြီလိုက်ခိုင်းတော့ မန္တလေးအသင်းကားတွေနဲ့လည်း ညှိသွားတယ် ပြောတယ် စက်မှုထဲမှာတင် ခြေရာပျောက်သွားတယ် လိုက်တော့ ရှာတော့တယ် ”လို့ အိုးဘို ကျန်းမာရေးနှင့် လူမှုကူညီရေးအသင်းမှ ကိုသံမဏိက ပြောပါတယ်။

ကားနဲ့ တိုက်မလိုလုပ်ခံရတဲ့အမှတ် ၁၀၆ ယာဉ်ထိန်းရဲတပ်ဖွဲ့စုရုံး (စစ်ကိုင်း) က ယာဉ်ထိန်းထွန်းထွန်းလင်းက”အဲဒီကား က ကိုးပေ မီးပွိုင့်ကို ရောက်နေပြီး မန္တလေးဘက် အတက်လမ်း တက်လာနေတယ်ဆိုတော့ကျွန်တော်ကို တားခိုင်းထားတော့ တားပေးတယ်။ အဲဒီမှာ ရပ်မပေးဘူး ကျွန်တော်ရှေ့က ဆိုင်ကယ်တစ်စီးကို ဝင်တိုက်ပြီး မောင်းပြေးသွားတာ ” လို့ ပြောပါတယ်။

အဲလိုထွက်ပြေးသွားတဲ့ မေတ္တာရှင် အသင်းတံဆိပ်နဲ့ ပရဟိတ ကားကို မန္တလေးရဲတပ်ဖွဲ့နဲ့ ပေါင်းပြီး ဖမ်းမိနိုင်ရေး ပူးပေါင်းရှာဖွေနေတယ်လို့သိရပါတယ်။

#voiceofmyanmar #VOM #ပရဟိတကားနဲ့သစ်တင်ပြီးထွက်ပြေး #စစ်ကိုင်း

Related posts

Leave a Comment

VOM News

FREE
VIEW