ကရင်ဝန်ကြီးချုပ်ကို ပြန်လွှတ်ပေးပြီး နေအိမ်အကျယ်ချုပ်ထားရှိ

ဖေဖော်၀ါရီ ၂ -၂၀၂၁
ခွန်ခမ့်သူ(VOM)

တပ်မ ၂၂ လက်အောက်ခံ၊ အမှတ်(၂၀၂) တပ်ရင်းဧည့်ရိပ်သာမှာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကို ဒီကနေ့မနက်ပိုင်းက တပ်မတော်ကနေ ပြန်လည်ပို့ဆောင်ပေးခဲ့ပါတယ်။

ဇန်နဝါရီဝါရီ ၁ ရက်နေ့ မနက် ၄ နာရီခန့်မှာ ကရင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေကို အစိုးရအဖွဲ့ဝန်ကြီးတွေနေထိုင်တဲ့ အိမ်ရာဝန်းအတွင်းမှာ တပ်မတော်က အင်အားသုံး လာရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီး ထိန်းသိမ်းထားခဲ့တာ ဖြစ်ပါတယ်။

ပြန်လည်လွတ်မြောက်လာတဲ့ ပြည်နယ်ဝန်ကြီးချုပ်ဟာ လက်ရှိမှာတော့ အကျယ်ချုပ်ပုံစံနဲ့နေထိုင်ရပြီး လုံခြုံရေးတွေနဲ့ စောင့်ကြည့်ခံထားရ​တယ်လို့ သိရပါတယ်။

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကတော့ “ပြည်သူတွေ စိုးရိမ်နေသလိုပဲ ကျွန်မတို့က စိုးရိမ်တယ်။ ကျွန်မတို့က ပြည်သူတွေကိုလည်း စိုးရိမ်တယ်။ ကျွန်မတို့ခေါင်းဆောင်ကိုလည် စိုးရိမ်တာပေါ့။ ပြည်သူတွေက ယုံကြည်လို့ ပေးထားတဲ့ဟာကို ကျွန်မတို့ကလည်း အစွမ်းကုန် ပြန်ပြီးကြိုးစားမှာပါ။ အဲ့ဒီလို ကြိုးစားတဲ့အခါမှာ ပြည်သူတွေကကျွန်မတို့နဲ့အတူ အေးအေးချမ်းချမ်းလေး ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်ပေးပါလို့ ပြောချင်တယ်”လို့ ပြောပါတယ်။

ကရင်ပြည်နယ် အစိုးရအဖွဲ့ဝင်တွေဖြစ်တဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်၊ လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်၊ အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးမင်းကိုခိုင်တို့ကို ဆက်လက် ထိန်းသိမ်းခံနေရဆဲဖြစ်ပြီး ပြန်လည်လွတ်မြောက်လာခြင်း မရှိသေး​ဘူးလိူ့ သိရပါတယ်။

#voiceofmyanmar #VOM #ကရင် #၀န်ကြီးချုပ် #ဒေါ်နန်းခင်ထွေးမြင့် #နေအိမ်အကျယ်ချုပ်ထား

Related posts

Leave a Comment

VOM News

FREE
VIEW