ဖေဖော်ဝါရီ၁ရက်ကနေ ဒီနေ့ထိ လူပေါင်း ၃၆၀ဦး ထိန်းသိမ်းခံထားရ

ဖေဖော်ဝါရီ ၁၄-၂၀၂၁
Voice Of Myanmar

နစအကောင်စီက အာဏာရယူခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ဒီနေ့အထိ စုစုပေါင်း ဖမ်းဆီး၊ ထိန်းသိမ်းခြင်းခံခဲ့ရသူ (၃၈၄) ဦးထိရှိခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)ရဲ့ မှတ်တမ်းပြုချက်တွေအရ သိရပါတယ်။

အဲ့ဒီဖမ်းဆီးခံရသူတွေအနက် (၃) ဦးဟာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရပြီး (၂၄) ဦးမှာ ပြန်လည်လွတ်မြောက်လာခဲ့တဲ့အတွက် လက်ရှိအချိန်ထိ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသူ (၃) ဦးအပါအဝင် (၃၆၀) ဦးမှာ ဆက်လက်ထိန်းသိမ်းခြင်း ခံနေရဆဲဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ကယားပြည်နယ်အတွင်း CDM မှာ ပါဝင်တဲ့ ရဲတပ်ဖွဲ့ဝင် (၆၁)ဦးထိ ရှိလာပြီဖြစ်တယ်လို့ ကယားပြည်နယ် သပိတ်ကော်မတီက ကြေညာခဲ့တယ်လို့လည်း သိရပါတယ်။

အတည်မပြုနိုင်တဲ့သတင်းတွေအရတော့ ဖေဖော်ဝါရီ၁ရက်ကနေ ဒီနေ့ထိ ဖမ်းဆီးခံထားရတာ လူပေါင်း ထောင်ဂဏန်းလောက်ထိ ရှိနေပါပြီ။

#VoiceOfMyanmar #VOM #ဖမ်းဆီးခံထားရသူ၃၆၀ဦး

Related posts

Leave a Comment

VOM News

FREE
VIEW