သေနတ်မှန်လို့ သေဆုံးခဲ့ရတဲ့ မမြသွဲ့သွဲ့ခိုင်ကို UFL ကျောင်းရှေ့မှာ အလေးပြုအစီအစဉ်ပြုလုပ်

ဖေဖော်ဝါရီ ၁၄ -၂၀၂၁
ရှိုင်းအောင်(VOM)

သေနတ်မှန်လို့ သေဆုံးခဲ့ရတဲ့ မမြသွဲ့သွဲ့ခိုင်ကို UFL ကျောင်းရှေ့မှာ အလေးပြုအစီအစဉ်ပြုလုပ်


နေပြည်တော်က ဆန္ဒပြတဲ့ထဲမှာ ပါဝင်လို့ သေနတ်ထိမှန်ခံခဲ့ပြီး ဆေးရုံမှာ သေဆုံးခဲ့ရတဲ့ မမြသွဲ့သွဲ့ခိုင်အတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေနဲ့ အလေးပြုတဲ့ အစီအစဉ်တစ်ခုကို မန္တလေးမြို့က UFL(နိုင်ငံခြားဘာသာစကားတက္ကသိုလ်) ကျောင်းရှေ့မှာ ကျောင်းသူကျောင်းသားတွေက ပြုလုပ်ခဲ့ကြပါတယ်။

မမြသွဲ့သွဲ့ခိုင်ဟာ ဖေဖော်ဝါရီ ၉ ရက်နေ့က ရဲမှူးတစ်ဦးက သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ ဦးခေါင်းကို ကျည်ဆံထိမှန်ပြီး နေပြည်တော်က ကုတင် ၁၀၀၀ ဆေးရုံကြီးမှာ အောက်စီဂျင်နဲ့ အသက်ဆက်ခဲ့ရကာ မိသားစုဝင်တွေက အောက်စီဂျင်ပိုက်ဖြုတ်ဖို့ မနေ့က ခွင့်ပြုခဲ့ရတာဖြစ်တယ်လို့ ဆေးရုံကနေ သိရပါတယ်။

UFL ကျောင်းသူ၊ ကျောင်းသားတွေက မမြသွဲ့သွဲ့ခိုင်ကို အလေးပြုတဲ့ အစီအစဉ်အပါ အဝင် ဘာသာစကား ၈ မျိုးနဲ့ ဟောပြောပွဲလည်း ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

#VOM #voiceofmyanmar #UFL #မြသွဲ့သွဲ့ခိုင် #ဂုဏ်ပြုခြင်းအခမ်းအနား #ဝမ်းနည်းခြင်းအထိမ်းအမှတ်

Related posts

Leave a Comment

VOM News

FREE
VIEW