တရုတ်ကိုတန်ပြန်ဖို့ အမေရိကန်၊ ဂျပန်နဲ့ပြင်သစ်တို့ ရေတပ်ပူးတွဲစစ်ရေး လေ့ကျင့်

တိုကျို၊ ဖေဖော်ဝါရီ-၂၁-၂၀၂၁
မျိုးဆက် (VOM)

အမေရိကန်၊ ဂျပန်နဲ့ ပြင်သစ်နိုင်ငံတို့ဟာ ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း ကျူရှူးကျွန်းအနီးက ပင်လယ်ပြင်မှာ ရေတပ်ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်နေပါတယ်။

ရေတပ်ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ ဂျပန်စစ်သ‌ေင်္ဘာ Hamana ၊ အမေရိကန်ရေတပ်က ဖျက်သငေ်္ဘာ Curtis Wilbur နဲ့ ပြင်သစ်ရဲ့ ဖရီးဂိတ်စစ်သငေ်္ဘာ Prairial တို့ပါ၀င်ခဲ့ကြပါတယ်။

ဂျပန်နဲ့ ပြင်သစ်နိုင်ငံတို့ဟာ Acquisition and Cross-Servicing Agreement သို့မဟုတ် ACSA ကို ၂၀၁၉ ခုနှစ်မှာ လက်မှတ်ရေးထိုးခဲ့ပြီး သဘောတူညီချက်အရ နှစ်နိုင်ငံနှစ်နိုင်ငံတပ်ဖွဲ့၀င်တွေအကြား အစားအစာ၊ လောင်စာနဲ့ လက်နက်တွေလိုမျိုး ပစ္စည်းတွေကို အပြန်အလှန်ထောက်ပံ့ဖို့ကို ခွင့်ပြုထားပါတယ်။

လက်ရှိစစ်ရေးလေ့ကျင့်မှုဟာ အဲဒီသဘောတူညီချက်အောက်မှာပြုလုပ်တဲ့ ပထမဆုံးစစ်ရေးလေ့ကျင့်မှုလည်းဖြစ်ပါတယ်။ စစ်ရေးလေ့ကျင့်မှုမှာ ပါ၀င်ခဲ့တဲ့ ပြင်သစ်စစ်သငေ်္ဘာဟာ မြောက်ကိုရီးယားရဲ့ သငေ်္ဘာချင်းရေနံလွှဲပြောင်းရယူမှုတွေကို စောင့်ကြည်ဖို့ အရှေ့တရုတ်ပင်လယ်ပြင်ကို ယခုလအတွင်းက စေလွှတ်ထားတာဖြစ်ပါတယ်။

ယခုလို ရေတပ်ပူးတွဲစစ်ရေးလေ့ကျင့်မှုရဲ့ ရည်ရွယ်ချက်ကတော့ ဒေသတွင်းမှာ တရုတ်နိုင်ငံရဲ့ စစ်ရေးလေ့ကျင့်မှုတွေ အရှိိန်မြှင့်လုပ်ဆောင်နေတာနဲ့ပတ်သက်ပြီးတန်ပြန်ဖို့အတွက် မဟာမိတ်နို််င်ငံတွေအကြား ခို်င်မာတဲ့ပူးပေါင်းဆောင်ရွက်မှုကို ပြသတာဖြစ်တယ်လို့ တာ၀န်ရှိသူတွေက ပြောပါတယ်။

Ref: NHK
Photo: Reuters

Related posts

Leave a Comment

VOM News

FREE
VIEW