တောင်ကြီးမြို့ ၂ ငါးလုံးအထွေထွေသပိတ်နေ့

ဖေဖော်ဝါရီ ၂၂-၂၀၂၁
နေနန်းနွယ်(VOM)

တောင်ကြီးမြို့မှာ ဒီကနေ့ကျရောက်တဲ့ ၂ ငါးလုံး ပြည်လုံးကျွတ် အထွေထွေသပိတ်မှာ လူအင်အား ၅ သိန်းထက်မနည်း စီတန်းလမ်းလျှောက်ခဲ့ကြပါတယ်။

တောင်ကြီးမြို့သူ၊သားများတင်မကပဲ အေးသာယာ၊ ရွှေညောင်၊ ညောင်ရွှေကဲ့သို့သော အနီးအနားမြို့များက ပြည်သူတွေလဲ ပါဝင်တာကို တွေ့ရပါတယ်။

လူအင်အား ၅ သိန်းခန့်ထဲမှာ တိုင်းရင်းသားလူမျိုးပေါင်းစုံသပိတ်ကြောင်း၊ မြန်မာပြည်ပေါက် တရုတ်လူမျိုးများသပိတ်ကြောင်း၊ ဘာသာပေါင်းစုံအဖွဲ့များ၊ ကျောင်းပေါင်းစုံမှ ကျောင်းသား၊သူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ အစိုးရဝန်ထမ်းပေါင်းစုံ စသဖြင့် နယ်ပယ်စုံမှ ပြည်သူများ ပါဝင်ခဲ့ကြပါတယ်။

#voiceofmyanmar #VOM #တောင်ကြီး

တောင်ကြီးမြို့ ၂ ငါးလုံးအထွေထွေသပိတ်နေ့

Related posts

Leave a Comment

VOM News

FREE
VIEW