ပြည်မြို့ အာဏာရှင်ကိုအလိုမရှိကြောင်း ဆန္ဒပြမှု လူအင်အား ရာဂဏန်းလောက်သာရှိ

ဖေဖော်ဝါရီလ ၂၄-၂၀၂၁
သိင်္ဂီထွန်း(VOM)

အာဏာရှင်အလိုမရှိကြောင်း ပြည်မြို့က ဆန္ဒပြပွဲ ၁၈ ရက်မြောက်နေ့အဖြစ် ဒီနေ့‌ ဖေဖော်ဝါရီ ၂၄ရက်နေ့မှာ ပြည်သူလူထုက ဆန္ဒပြမှုတွေ ဆက်လုပ်နေပေမယ့် ဆန္ဒပြလူအင်အားကတော့ လျော့နည်းသွားပြီး ရာဂဏန်းလောက်ပဲ ရှိတာကိုတွေ့ရပါတယ်။

ဒီနေ့ ပြည်မြို့ ဆန္ဒပြမှုမှာ လမ်းလျှောက်ဆန္ဒပြသပိတ်စစ်ကြောင်း တစ်ခုသာရှိပြီး ဘူတာကြီးနဲ့ ကျောက်ရုပ်အရှေ့မှာ CDM ကိုထောက်ခံကြောင်း ဝန်ထမ်းအားလုံးပါဝင်ဖို့ အထိုင်သပိတ် ဆန္ဒပြတဲ့အဖွဲ့၊ ပလက်ဖောင်းပေါ်မှာ အထိုင်သပိတ်ပြနေတဲ့အဖွဲ့၊ သိုးမွေးဝါသနာရှင်တချို့က သိုးမွေးထိုးရင် ထိုင်သပိတ်ပြုလုပ်နေကြပါတယ်။

ဆန္ဒပြနေတဲ့ ပြည်သူတွေကို ပြည်သူတွေကပဲ ထမင်းဗူးတွေ၊ အဆာပြေမုန့်တွေ လိုက်လံပေးဝေနေတာကိုလည်း တွေ့ရပါတယ်။

#VoiceOfMyanmar #VOM #ပြည်မြို့ #၁၈ရက်မြောက်နေ့ #လူနည်း

Related posts

Leave a Comment

VOM News

FREE
VIEW