မူဆယ်မှာ စစ်အာဏာရှင်စနစ် ဆန့်ကျင် ဆန္ဒပြသူ ၄ဦးကို ရုံးထုတ်စစ်ဆေး

ဖေဖော်ဝါရီလ ၂၄၊ ၂၀၂၁
Shayi Violin( VOM)

မူဆယ်မြို့နယ်မှာ စစ်အာဏာရှင် စနစ်ကိုဆန့်ကျင်ဆန္ဒပြခဲ့သူ လေးဦးကို သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ နဲ့ အမှုဖွင့်အရေးယူကာ ဖေဖော်ဝါရီ ၂၃ရက်နေ့က Video Conferencing ဖြင့် ရုံးထုတ်ခဲ့ကြောင်း မူဆယ်မြို့နယ်တရားရုံးကနေ သိရပါတယ်။

ဒီအမှုကို အခမဲ့လိုက်ပါဆောင်ရွက်သူ တရားလွှတ်တော်ရှေ့နေ ဒေါ်ဖြူဖြူဝင်းက ” ပုဒ်မ ၂၅နဲ့အမှုဖွင့် တရားစွဲတာ ၅ယောက်ပါ ဒီနေ့ လေးယောက်ပဲ ရုံးထုတ်တယ် တစ်ဦးတော့မပါဘူး ဒါကလည်း ဖမ်းဆီးခံရတဲ့နေ့နဲ့တရားစွဲဆိုရာမှာ ရက်ကွာနေလို့ပါ”ဟု VOMကို ပြောပါတယ်။

ဖမ်းဆီးတရားစွဲဆိုခံရသူများမှာ NLDပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုင်းထွန်းကိုကိုနဲ့ ဆန္ဒပြရာတွင်ပါဝင်သူသုံးဦးဖြစ်ပြီး ဖေဖော်ဝါရီ ၉ရက်နေ့က ဖမ်းဆီခံခဲ့ရပြီး သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ ဖြင့် တရားစွဲဆိုခဲ့တာဖြစ်ကြောင်း ရှင်းပြပါတယ်။

မူဆယ်မြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ တက်ကြွ လှုပ်ရှားသူများအား ဖမ်းဆီးပြီး လာရှိုးထောင်သို့ တန်းပို့တာကြောင့် မိသားစုဝင်များနှင့် ဆက်သွယ်ရန်အခက်အခဲ ရှိကြောင်း တရားလွှတ်တော်ရှေ့နေ ဒေါ်ဖြူဖြူဝင်းက ပြောပါတယ်။

မူဆယ်မြို့နယ် ဖေဖော်ဝါရီ ၁၂ရက်နေ့ကလည်းစစ်အာဏာရှင်စနစ်ဆန့်ကျင်ဆန္ဒပြပွဲမှာ တက်ကြွသူ NLD လွှတ်တော်ကိုယ်စားလှယ်
လောင်း ဦးစောဘအေးကို ထပ်မံဖမ်းဆီးထားတယ်လို့ လည်း သူက ပြောပါတယ်။

ဖမ်းဆီးခံရသူတွေအတွက် မူဆယ်မြို့နယ်က တရားလွှတ်တော်ရှေ့နေ ငါးဦး အဖွဲ့ဖွဲ့ကနေ အခမဲ့အမှုလိုက်ပါဆောင်ရွက်ပေးနေတာလည်းဖြစ်ပါတယ်။

တပ်မတော်မှ အာဏာရယူပြီးနောက် မူဆယ်မြို့နယ်မှာ ဖေဖော်ဝါရီ ၈ရက်နေ့ကစပြီး ဆန္ဒပြနေတာ ဒီနေ့အထိဖြစ်ပါတယ်။

#voiceofmyanmar #VOM #မူဆယ်

Related posts

Leave a Comment

VOM News

FREE
VIEW