တိုင်းနဲ့ပြည်နယ်တချို့မှာ အခြေခံပညာကျောင်းဖွင့်ဖို့ လုပ်ဆောင်နေတာဟာ CDM ဝန်ထမ်းတွေကို ယိမ်းယိုင်အောင်သွေတိုးစမ်း

ဖေဖော်ဝါရီ ၂၄ -၂၀၂၁ ယဉ်ပပထွန်း (VOM) အခုလက်ရှိ တိုင်းရင်းသားဒေသ၊ နယ်စပ်ဒေသတွေ နဲ့နယ်မြို့တွေမှာ အခြေခံပညာကျောင်းတွေပြန်လည်ဖွင့်လှစ်ဖို့ လုပ်ဆောင်နေတာဟာ CDM လုပ်နေတဲ့ ဝန်ထမ်းတွေအားလုံးကို ယိမ်းယိုင်သွားအောင် သွေးတိုးစမ်တဲ့သဘောဖြစ်နေတယ်လို့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးပညာဌာန ကထိက ဦးလှိုင်တင့် က VOM ကိုပြောပါတယ်။ ” ဒီအချိန်က ကျောင်းဖွင့်သင့်တဲ့အချိန်အခါမဟုတ်ဘူး။ ကျောင်းဖွင့်မယ်ဆိုရင် ကိုဗစ်ကာလတစ်လျှောက်လုံးမှာ စီမံထားတဲ့ စီမံချက်တွေရှိနေတယ်။ စိတ်ချရမှ ပြန်ဖွင့်ရမယ် လုပ်ထားတယ်။ ဇွတ်အတင်းဖွင့်ခိုင်တားက အခု CDM လုပ်နေတဲ့ ဝန်ထမ်းတွေအားလုံးကို ယိမ်ယိုင်သွားအောင်လို့သွေးတိုးစမ်းတဲ့သဘောဖြစ်တယ်။ ဒါကြောင့်မို့လို့ တိုင်းရင်းသားဒေသတွေ နယ်စပ်ဒေသတွေ နယ်တွေမှာရှိနေတဲ့ ပညာရေးဝန်ထမ်းနဲ့တခြားဝန်ထမ်းတွေအားလုံးက ဒီကိစ္စကို လက်ခံနိုင်စရာမရှိဘူး၊ တညီတညွှတ်ထဲ ကန့်ကွက်ဖို့လိုပါတယ်”လို့ဦးလှိုင်တင့်ကပြောပါတယ်။ အခုလို ကန့်ကွက်ရာမှာလည်း အကူအညီလိုအပ်ပါက မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ဆရာမများသမဂ္ဂအဖွဲ့ချုပ် ၊ ဆရာသမဂ္ဂကွန်ရက်၊ အခြေခံပညာရေလုပ်သားသမဂ္ဂတို့စတဲ့ ဆရာသမဂ္ဂမအဖွဲ့အစည်းတွေနဲ့ချိတ်ဆက်ပြီး အကူအညီတောင်းခံနိုင်တယ်လို့လည်း သိရပါတယ်။ ဖိအားပေးတာတွေ…

Read More

မြန်မာ့အရေးဆွေးနွေးဖို့ န.စ.အကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် ထိုင်းနိုင်ငံရောက်နေ

ဘန်ကောက်၊ ဖေဖော်ဝါရီ ၂၄-၂၀၂၁ မျိုးဆက်(VOM) မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် သံတမန်ရေးရာ အားထုတ်မှုအဖြစ် န.စ.အကောင်စီက ခန့်အပ်တဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် ထိုင်းနိုင်ငံကို ရောက်နေတယ်လို့ ထိုင်းအစိုးရသတင်းရင်းမြစ်တစ်ဦးက ရိုက်တာသတင်းဌာနကို ပြောပါတယ်။ အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် အာဆီယံနိုင်တွေနဲ့အတူ မြန်မာ့အရေး အဖြေရှာ ဆွေးနွေးဖို့အတွက် ဦးဝဏ္ဏမောင်လွင်ဟာ ဒီနေ့ ဖေဖော်ဝါရီ ၂၄ရက်နေ့မှာ ထိုင်းနိုင်ငံကို ရောက်ရှိခဲ့တာလို့ အဲဒီသတင်းရင်းမြစ်က ဆိုပါတယ်။ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဟာ မြန်မာစစ်ဘက်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ အစောပိုင်းမှာ စီစဉ်ထားပေမယ့် မြန်မာနိုင်ငံကို မလာဖြစ်တော့ဘူးလို့ အင်ဒိုနီးရှားနိုင်ငံခြားရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ဒီနေ့မှာ ရိုက်တာသတင်းဌာနကို ပြောပါတယ်။ Ref :Jerusalem post Photo: Wikipedia

Read More

သတင်းမီဒီယာကောင်စီမှာ ကောင်စီဝင် ၂ဦးတည်းသာကျန်

မန္တလေး-ဖေဖေါ်ဝါရီ ၂၄-၂၀၂၁ VOM   အရင်ရက်တွေက သတင်းမီဒီယာကောင်စီဝင်တွေဟာ စစ်ကောင်စီလက်အောက်မှာ ဘာမှမီဒီယာကို အကာကွယ်မပေးနိုင်တာကြောင့် မလုပ်လိုကြောင်း အလျိုလျို နုတ်ထွက်စာတင်ပြီးနောက် ၃ယောက်တည်းကျန်ခဲ့ပါတယ်။  ခုဆိုရင် စာရေးဆရာအသင်းကိုယ်စားလှယ် မောင်ငြိမ်းသူ(ကြို့ပင်ကောက်) ခေါ် ဦးညွန့်တင်ဟာ ဒီကနေ့မှာ ကျမ္မာရေးအကြောင်းပြ ထွက်စာတင်လိုက်တာကြောင့် ၂ဦးတည်းပဲ မီဒီယာကောင်စီမှာ ကျန်ပါတော့တယ်။   ၂ ဦးသာကျန်တော့တဲ့သူတွေကတော့ သိပွံပညာရှင်ကိုယ်စားလှယ်အဖွဲ့ကဒေါက်တာမျိုးသန့်တင်နဲ့ ပုံနှိပ်လုပ်ငန်းရှင်များအဖွဲ့က ဦးမင်းဟန်တို့ပဲ ဖြစ်ပါတယ်။   မီဒီယာကောင်စီကို စတင်ဖွဲ့စည်းတုန်းက ၂၉ ယောက်နဲ့ဖွဲ့ပြီး အနည်းဆုံး ၁၅ ယောက်ရှိမှ ဆက်လက်ရှင်သန်လို့ ရမှာမို့  ခုလို ၂ယောက်တည်းရှိတယ်ဆိုရင် ကောင်စီပျက်ပြီမို့ ပြန်ကြားရေးဝန်ကြီးဌာနက အသစ်ဖွဲ့ဖို့ ကြိုးစားနေတယ်လို့ နီးစပ်တဲ့ အသိုင်းအဝိုင်းကသိရပါတယ်။   ကောင်စီအသစ် ပြန်လည်ရွေးချယ်မယ်ဆိုရင်လည်း ကောင်စီအတွက်ရွေးချယ်ရေးကော်မရှင်တွေအကုန်နီးပါး နုတ်ထွက်ထားတာမို့ ပြန်ဖွဲ့မရနိုင်သလို မရ ရအောင် ဖွဲ့မယ်ဆိုရင်လည်း ကောင်စီကိုဖွဲ့ပြီးရင် သမ္မတရဲ့…

Read More

ဖမ်းဆီးခံခေါင်းဆောင်တွေပြန်လွတ်မှ လုပ်ငန်းခွင်ပြန်ဝင်မယ်လို့ CDM တိုက်နယ်ဆရာဝန်တွေထုတ်ပြန်

ဖေဖော်ဝါရီ ၂၄-၂၀၂၁ ကောင်းလက်ျာ(VOM)   ၂၀၂၀ ခုနှစ် ‌ေရွးကောက်ပွဲ အနိုင်ရပါတ‌ီခေါင်းဆောင် နိုင်ငံတော်သမ္မတကြီးဦးဝင်းမြင့်နဲ့   အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဒီမိုကရေစီခေါင်းဆောင်များ ပြန်လည်လွတ်မြောက်လာမှသာလျှင် လုပ်ငန်းခွင်ကိုပြန်လည်ဝင်ရောက်တော့မယ်လို့ CDM လုပ်နေတဲ့  တိုက်နယ်ဆရာဝန်တွေက ဒီနေ့ ရက်စွဲနဲ့ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။   တစ်နိုင်ငံလုံးမှာရှိနေတဲ့တိုက်နယ်ဆရာဝန်တွေဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲရလာဒ်ကို သဘောတူထောက်ခံထားပြီး ဖေ‌ေဖာ်ဝါရီ ၁ ရက်နေ့က နိုင်ငံ တော်သမ္မတကြီး ဦးဝင်းမြင့်နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အတင်းအကျပ် ဖမ်းဆီးပြီး နိုင်ငံတော် အာဏာကို စစ်အာဏာရှင် (တပ်မတော်)က မတရားရယူသွားခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။   “အဓိကပြောရမယ်ဆိုရင် အာဏာရှင်စနစ် လက်အောက်  တာဝန်ဆက်လက်ထမ်း ဆောင်ခြင်းမပြုလိုလို့ပါ။ လက်ရှိမှာဘဲ သူတို့ဟာငြိမ်းချမ်းစွာဆန္ဒပြသူတွေကို ကြမ်းတမ်းစွာဖမ်းဆီး အရေးယူတာ။ CDMလုပ်နေသူတွေကိုဖိအားပေးခြိမ်း ခြောက်နေပြီဖြစ်ပါတယ်။  ကျွန်တော်တို့က ဆက်လက်တိုက်ပွဲဝင်ဖိုဆုံးဖြတ်ထားပြီးဖြစ်ပါတယ်” လို့ ထန်းတပင်မြို့နယ် လှည်းလမ်းကူးတိုက်နယ်‌ ဆရာဝန်ဒေါက်တာနန္ဒအောင်ကပြောပါတယ်။   တိုက်နယ် ဆရာဝန်တွေဟာ…

Read More

ပျဉ်းမနားကဖမ်းဆီသွားသူတွေကို ပြန်လွှတ်ပေး

ဖေဖော်ဝါရီ ၂၃ -၂၀၂၁ ကိုထွန်း( VOM) မနေ့ ဖေဖေါ်ဝါရီ ၂၂ ရက်က နေပြည်တော်ပျဉ်းမနား နှင်းဆီပန်းအဝိုင်းနားမှာ ဖမ်းဆီးခံခဲ့ရသူတွေကို ပြန်လည်လွှတ်ပေးဖို့ ရှေ့နေအဖွဲ့နဲ့ ပြည်သူတွေရဲ့ ဝိုင်းဝန်းတောင်းဆိုမှုကြောင့် ပုဗ္ဗသီရိမြို့နယ် ရဲတပ်ရင်း၂၀ထဲမှာ ထိမ်းသိမ်းထားရာက ခုစတင် လွှတ်ပေးနေပြီ ဖြစ်ကြောင်းသိရပါတယ်။ မနေ့က ဖမ်းခံရသူ ၁၉၈ ယောက်ထဲက ၄ ယောက်ကို ဖမ်းထားပြီး ၁၉၄ ယောက်လွှတ်လိုက်တာလို့လည်း သိရပါတယ်။ #voiceofmyanmar #VOM #နေပြည်တော်

Read More

CRPH က နိုင်ငံသားတွေရဲ့လုံခြုံရေးအတွက် ကြားကာလပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းဖို့ပြင်ဆင်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃-၂၀၂၁ အေးချမ်းသူ(VOM) ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က မြန်မာနိုင်ငံတစ်ဝှမ်းမှာ ပြည်နယ်နှင့်တိုင်းအလိုက် ကြားကာလပြည်သူအုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းဖို့ ဒီနေ့ ဖေဖော်ဝါရီ ၂၃ရက်နေ့ကစပြီး ပြင်ဆင်နေတယ်လို့ CRPH အဖွဲ့ဝင် ဦးလွင်ကိုလတ်ကနေ သိရပါတယ်။ ဦးလွင်ကိုလတ်က “ကြားကာလပြည်သူအုပ်ချုပ်ရေးကို ဖွဲ့ရတာက စစ်တပ်က အာဏာသိမ်းတယ်၊ ဒါကို ပြည်သူတွေက အသိအမှတ်မပြုဘူး ဆန္ဒပြတယ်။ ဒါနဲ့နောက်ဆက်တွဲဘာဖြစ်လာဆိုတဲ့ နိုင်ငံသားတွေရဲ့လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးအပေါ်မှာလည်းပဲ နစအကောင်စီက တာဝန်ယူနိုင်မှုမရှိတော့ဘူးဆိုတာ တွေ့ရတယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့ ပြည်သူအုပ်ချုပ်ရေးအဖွဲ့ ဖို့လိုအပ်လာလို့ ဖွဲ့ရတာ” လို့ VOM ကို ပြောပါတယ်။ CRPH က ကြားကာလ ပြည်သူအုပ်ချုုပ်ရေးအစီအစဉ်ကို ဖေဖော်ဝါရီ ၂၁ ရက်နေ့ ညပိုင်းမှာ ဖေဖော်ဝါရီ ၂၂ရက်နေ့ ရက်စွဲနဲ့ ကြေညာခဲ့တာဖြစ်ပါတယ်။ ပြည်သူအုပ်ချုပ်ရေးအဖွဲ့ကို ရပ်ကျေးကစတင်ကာ မြိုနယ်၊ ခရိုင်၊ တိုင်းအလိုက် ဖွဲ့စည်းသွားမှာဖြစ်ပြီး ရပ်မိရပ်ဖတွေ၊…

Read More

န.စ.အ ကောင်စီတက်လာပြီးနောက် ငြိမ်းချမ်းစွာဆန္ဒပြမှုတွေကို အကြမ်းဖက်နှိမ်နင်းရာမှာ သေဆုံးသွားသော သာမန်ပြည်သူများ

ဖေဖော်ဝါရီ ၈: ကိုနပွား (ခ) ကိုကိုဦး(မန္တလေးမှာ ညကားနဲ့ဆင့်တိုက်ခံရ) ဖေဖော်ဝါရီ ၉: မမြသွဲ့သွဲ့ခိုင်-အသက် ၁၉နှစ် (နေပြည်တော် သပြေကုန်းဝိုင်း ဆန္ဒပြပွဲအတွင်း သေနတ်နဲ့ ခေါင်းကို အပစ်ခံခဲ့ရ) ဖေဖော်ဝါရီ ၁၅: ကိုနေနေဝင်းထက်-အသက် ၁၈နှစ် (မြိတ်မှာ ညကင်းစောင့်ရင်း‌ ခေါင်းအရိုက်ခံရ) ဖေဖော်ဝါရီ ၂၀: ကိုတင်ထွဋ်ဟိန်း-အသက် ၃၀ နှစ် (ရန်ကုန်မြို့ ရွှေပြည်သာ တ-၁၅ ရပ်ကွက်မှာ ရပ်ကွက်ကင်းစောင့်နေသူ) ဖေဖော်ဝါရီ ၂၀: ကိုဝေယံထွန်း-အသက် ၁၆ နှစ် (မန္တလေး ကမ်းနားလမ်းဆန္ဒပြပွဲအတွင်း ခေါင်းကိုသေနတ်မှန်) ဖေဖော်ဝါရီ ၂၀: ကိုမင်းမင်း(ခ)သက်နိုင်ဝင်း-အသက် ၃၇ နှစ်(မန္တလေး ကမ်းနားလမ်းဆန္ဒပြပွဲအတွင်း ဗိုက်ကိုသေနတ်မှန်) ဖေဖော်ဝါရီ ၂၀: ကိုကြည်စိုး-အသက် ၃၈ နှစ် (မန္တလေး ကမ်းနားလမ်းဆန္ဒပြပွဲအတွင်း ဝိုင်းရိုက်ခံရ) လူစုခွဲ အကြမ်းဖက်ဖြိုခွဲမှုကြောင့် မဟုတ်ဘဲ ဆန္ဒပြပွဲအတွင်း…

Read More

ကလေးမြို့မှာ ထိုင်သပိတ်ကို ရဲတပ်ဖွဲ့က တားလို့ နောက်ပြန်လှည့်ခဲ့ရ

ကလေး-ဖေဖေါ်ဝါရီ-၂၃-၂၀၂၁ သိမ်မွေ့ကဗျာ ကလေးမြို့မှာ ဒီနေ့ဆန္ဒပြကြတဲ့ပြည်သူလူထုက ဌာနဆိုင်ရာပေါင်းစုံတည်ရှိတဲ့ စုပေါင်းရုံးရှေ့မှာ ထိုင်သပိတ်ပြုလုပ်နေတုန်း ရဲတပ်ဖွဲ့က လာရောက်တားမြစ်ခဲ့တာကြောင့် ထိုင်သပိတ်ဆက်မလုပ်တော့ဘဲ ဆန္ဒပြလမ်းကြောင်းကိုလည်း နောက်ပြန်လှည့်သွားကြပါတယ်။ ဒီကနေ့ဆန္ဒပြပွဲမှာ လူဦးရေ တစ်ထောင်ကျော်သာ လိုက်ပါခဲ့တာတွေ့ရပြီး အခုလို ရဲတပ်ဖွဲ့က ထိုင်သပိတ်ပြုလုပ်တာကို တားမြစ်ခဲ့တာရှိပေမယ့် ဆန္ဒပြပွဲဟာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ပဲ ပြီးဆုံးခဲ့တယ်လို့ သိရပါတယ်။ #voiceofmyanmar #VOM #ကလေးမြို့

Read More

အာဏာသိမ်းယူမှု အလိုမရှိကြောင်း ဘားအံမှာ ထိုင်သပိတ်ဆန္ဒပြ

ဘားအံ-ဖေဖေါ်ဝါရီ-၂၃-၂၀၂၁ ခွန်ခမ့်သူ(VOM) အာဏာသိမ်းယူမှုကို အလိုမရှိကြောင်း ကရင်ပြည်နယ်၊ ဘားအံမြို့၊ ကန်သာယာ (ညဈေး)မှာ ဖေဖော်ဝါရီ ၂၃ ရက် မနက် ၉ နာရီခန့်က လူဦးရေ ၃၀၀ ခန့်ဟာ ထိုင်သပိတ်ပြုလုပ်ကာ ဆန္ဒပြခဲ့ကြပါတယ်။ “စစ်အာဏာရှင်စနစ်က လက်တွေ့တောင် ပြောပြစရာတောင်မလိုပါဘူး။ လူတိုင်း ကြုံတွေ့ခံစားနေရတယ်။ ဘိုးဘွားခေတ်တုန်းကလိုမျိုး မကျရောက်စေချင်တော့ဘူး။ ကိုယ်တွေလို နောက်မျိုးဆက်ထိ မခံစားစေချင်တော့ဘူး။ ဒါကြောင် စစ်အာဏာရှင်စနစ်ကို မကြိုက်ဘူး။ မုန်းတယ် ” လို့ ဆန္ဒပြပွဲမှာ ကိုယ်တိုင်ပါဝင်ခဲ့သူက ပြောပါတယ်။ ဆန္ဒပြသပိတ်စစ်ကြောင်းဟာ နာရီစင်စုရပ်ကနေ အထက ၁ ကျောင်းလမ်းအတိုင်း ကန်သာယာ( ညဈေး)အထိ ကြွေးကြော်သံတွေနဲ့ ငြိမ်းချမ်းစွာ စီးတန်းလှည့်လည်ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။ သပိတ်စစ်ကြောင်းမှာ ဆရာ ဆရာမတွေ ကျောင်းသားကျောင်းသူတွေ၊ အင်ဂျင်နီယာတွေ၊ ဘဏ်ဝန်ထမ်းတွေ၊ မြို့ခံပြည်သူတွေ၊ အင်အား ၃၀၀ ကျော် ပါဝင်ဆန္ဒပြခဲ့ပါတယ်။ ထိုင်သပိတ်ဆန္ဒပြနေစဉ်…

Read More

ပခုက္ကူက တပ်မတော်ထောက်ခံပွဲ မြို့တွင်းလှည့်လည်ခွင့်မရ

ဖေဖော်ဝါရီ ၂၃- ၂၀၂၁ NLP ဒီနေ့ ဖေဖော်ဝါရီ ၂၃ရက်နေ့ နေ့လယ်ပိုင်းက ပခုက္ကူ ပြည်ခိုင်ဖြိုးပါတီဝင်တွေရဲ့ မြို့တွင်းလှည့်လည်ပြီးပြုလုပ်မယ့် တပ်မတော်ထောက်ခံပွဲဟာ ဒေသခံတွေရဲ့ ကန့်ကွက်မှုကြောင့် ပျက်သွားခဲ့ပါတယ်။ ပြည်ခိုင်ဖြိုးပါတီဝင်တွေဟာ ကားငါးစီးလောက်နဲ့ မြို့တွင်းလှည့်လည်ဖို့ စီစဉ်ထားခဲ့ပေမယ့် ဒေသခံတွေက ပါတီရုံးရှေ့ကနေ သံပုံးတွေတီးပြီး ကန့်ကွက်ခဲ့ကြတာဖြစ်ပါတယ်။ ခုချိန်မှာတော့ တပ်မတော်ထောက်ခံမယ့် ပြည်ခိုင်ဖြိုးပါတီဝင်တွေ ပြန်သွားကြသလို လာကန့်ကွက်တဲ့ ဒေသခံတွေလည်း လူစုကွဲသွားပြီလို့ သိရပါတယ်။ #VoiceOfMyanmar #VOM #တပ်မတော်ထောက်ခံပွဲ #မြို့တွင်းလှည်လည်ခွင့်မရ

Read More
VOM News

FREE
VIEW