တိုင်းနဲ့ပြည်နယ်တချို့မှာ အခြေခံပညာကျောင်းဖွင့်ဖို့ လုပ်ဆောင်နေတာဟာ CDM ဝန်ထမ်းတွေကို ယိမ်းယိုင်အောင်သွေတိုးစမ်း

ဖေဖော်ဝါရီ ၂၄ -၂၀၂၁
ယဉ်ပပထွန်း (VOM)

အခုလက်ရှိ တိုင်းရင်းသားဒေသ၊ နယ်စပ်ဒေသတွေ နဲ့နယ်မြို့တွေမှာ အခြေခံပညာကျောင်းတွေပြန်လည်ဖွင့်လှစ်ဖို့ လုပ်ဆောင်နေတာဟာ CDM လုပ်နေတဲ့ ဝန်ထမ်းတွေအားလုံးကို ယိမ်းယိုင်သွားအောင် သွေးတိုးစမ်တဲ့သဘောဖြစ်နေတယ်လို့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးပညာဌာန ကထိက ဦးလှိုင်တင့် က VOM ကိုပြောပါတယ်။

” ဒီအချိန်က ကျောင်းဖွင့်သင့်တဲ့အချိန်အခါမဟုတ်ဘူး။ ကျောင်းဖွင့်မယ်ဆိုရင် ကိုဗစ်ကာလတစ်လျှောက်လုံးမှာ စီမံထားတဲ့ စီမံချက်တွေရှိနေတယ်။ စိတ်ချရမှ ပြန်ဖွင့်ရမယ် လုပ်ထားတယ်။ ဇွတ်အတင်းဖွင့်ခိုင်တားက အခု CDM လုပ်နေတဲ့ ဝန်ထမ်းတွေအားလုံးကို ယိမ်ယိုင်သွားအောင်လို့သွေးတိုးစမ်းတဲ့သဘောဖြစ်တယ်။ ဒါကြောင့်မို့လို့ တိုင်းရင်းသားဒေသတွေ နယ်စပ်ဒေသတွေ နယ်တွေမှာရှိနေတဲ့ ပညာရေးဝန်ထမ်းနဲ့တခြားဝန်ထမ်းတွေအားလုံးက ဒီကိစ္စကို လက်ခံနိုင်စရာမရှိဘူး၊ တညီတညွှတ်ထဲ ကန့်ကွက်ဖို့လိုပါတယ်”လို့ဦးလှိုင်တင့်ကပြောပါတယ်။

အခုလို ကန့်ကွက်ရာမှာလည်း အကူအညီလိုအပ်ပါက မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ဆရာမများသမဂ္ဂအဖွဲ့ချုပ် ၊ ဆရာသမဂ္ဂကွန်ရက်၊ အခြေခံပညာရေလုပ်သားသမဂ္ဂတို့စတဲ့ ဆရာသမဂ္ဂမအဖွဲ့အစည်းတွေနဲ့ချိတ်ဆက်ပြီး အကူအညီတောင်းခံနိုင်တယ်လို့လည်း သိရပါတယ်။

ဖိအားပေးတာတွေ ခြိမ်ခြောက်တာတွေ ဥပဒေနဲ့မညီညွှတ်တာတွေရှိလာခဲ့ရင်လည်း အချိန်မရွေးဆက်သွယ်ပြီး အကူအညီတောင်းခံနိုင်ပါတယ်လို့ကိုလှိုင်တင့်ကပြောပါတယ်။

လက်ရှိမှာလည်း CDM လုပ်ဆောင်နေတဲ့ ဝန်ထမ်းတွေကို ဖိအားပေးတာတွေနဲ့အလုပ်ကနေ ရပ်ဆိုင်းတာတွေရှိနေပါတယ်။

CDM လုပ်တဲ့ဝန်ထမ်းတွေဟာ တာဝန်တစ်ခုကို ထမ်းဆောင်နေတဲ့လူတွေဖြစ်တဲ့အတွက် တာဝန်ပျက်ကွက်မူတွေမရှိဘူးလို့လည်း ကိုလှိုင်တင့်ကပြောပါတယ်။

CDM လုပ်တဲ့ရည်ရွယ်ချက်ဟာ အာဏသိမ်းထားတဲ့ အစိုးရလည်ပတ်မူ ယန္တရားကိုရပ်တည့်အောင် လုပ်ဆောင်နေတာဖြစ်တဲ့အတွက် CDM လုပ်နေတာက ဥပဒေနဲ့ညီညွှတ်တယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #CDMဝန်ထမ်း #အခြေခံပညာကျောင်းဖွင့် #သွေးတိုးစမ်း

Related posts

Leave a Comment

VOM News

FREE
VIEW