သတင်းမီဒီယာကောင်စီမှာ ကောင်စီဝင် ၂ဦးတည်းသာကျန်

မန္တလေး-ဖေဖေါ်ဝါရီ ၂၄-၂၀၂၁

VOM

 

အရင်ရက်တွေက သတင်းမီဒီယာကောင်စီဝင်တွေဟာ စစ်ကောင်စီလက်အောက်မှာ ဘာမှမီဒီယာကို အကာကွယ်မပေးနိုင်တာကြောင့် မလုပ်လိုကြောင်း အလျိုလျို နုတ်ထွက်စာတင်ပြီးနောက် ၃ယောက်တည်းကျန်ခဲ့ပါတယ်။  ခုဆိုရင် စာရေးဆရာအသင်းကိုယ်စားလှယ် မောင်ငြိမ်းသူ(ကြို့ပင်ကောက်) ခေါ် ဦးညွန့်တင်ဟာ ဒီကနေ့မှာ ကျမ္မာရေးအကြောင်းပြ ထွက်စာတင်လိုက်တာကြောင့် ၂ဦးတည်းပဲ မီဒီယာကောင်စီမှာ ကျန်ပါတော့တယ်။

 

မောင်ငြိမ်းသူ ကြို့ပင်ကောက် မီဒီယာကောင်စီကနေ ထပ်မံနုတ်ထွက်

၂ ဦးသာကျန်တော့တဲ့သူတွေကတော့ သိပွံပညာရှင်ကိုယ်စားလှယ်အဖွဲ့ကဒေါက်တာမျိုးသန့်တင်နဲ့ ပုံနှိပ်လုပ်ငန်းရှင်များအဖွဲ့က ဦးမင်းဟန်တို့ပဲ ဖြစ်ပါတယ်။

 

မီဒီယာကောင်စီကို စတင်ဖွဲ့စည်းတုန်းက ၂၉ ယောက်နဲ့ဖွဲ့ပြီး အနည်းဆုံး ၁၅ ယောက်ရှိမှ ဆက်လက်ရှင်သန်လို့ ရမှာမို့  ခုလို ၂ယောက်တည်းရှိတယ်ဆိုရင် ကောင်စီပျက်ပြီမို့ ပြန်ကြားရေးဝန်ကြီးဌာနက အသစ်ဖွဲ့ဖို့ ကြိုးစားနေတယ်လို့ နီးစပ်တဲ့ အသိုင်းအဝိုင်းကသိရပါတယ်။

 

ကောင်စီအသစ် ပြန်လည်ရွေးချယ်မယ်ဆိုရင်လည်း ကောင်စီအတွက်ရွေးချယ်ရေးကော်မရှင်တွေအကုန်နီးပါး နုတ်ထွက်ထားတာမို့ ပြန်ဖွဲ့မရနိုင်သလို မရ ရအောင် ဖွဲ့မယ်ဆိုရင်လည်း ကောင်စီကိုဖွဲ့ပြီးရင် သမ္မတရဲ့ အသိအမှတ်ပြုမှုလိုဦးမှာမို့ သမ္မတမရှိရင် မီဒီယာကောင်စီဆိုတာ ဖြစ်မလာနိုင်ဘူးလို့လည်း မီဒီယာကောင်စီဝင်တွေက ဆိုကြပါတယ်။

 

#voiceofmyanmar #VOM #သတင်းမီဒီယာကောင်စီ

Related posts

Leave a Comment

VOM News

FREE
VIEW