တက္ကသိုလ်ဆရာ/ဆရာမအသင်း ဦးဆောင်သူ ဒေါက်တာအာကာမိုးသူကို အရပ်ဝတ်သုံးဦးက သေနတ်နဲ့ထောက်ဖမ်းသွားပြီ

ရန်ကုန် -မတ် ၂ -၂၀၂၁
မင်းဝဿန်(VOM)
တက္ကသိုလ်ဆရာ/ဆရာမအသင်း(UTA) ဦးဆောင်သူ ဒေါက်တာအာကာမိုးသူဟာ ၂.၃.၂၀၂၁ အင်္ဂါနေ့ တက္ကသိုလ်ပေါင်းစုံဆရာဆရာမများနဲ့ဝန်ထမ်းတွေ သပိတ်ဆင်နွှဲဖို့အတွက် ပါရမီလမ်း MICT ပေါက်ဝတွင် မနက် ၈း၀၀ နာရီ စုရပ်အဖြစ် သတ်မှတ်ပြီး စောင့်ဆိုင်းစုဝေးနေစဉ်အချိန် ၈း၁၅ ခန့်မှာ ဖမ်းဆီးခံခဲ့ရတာပါ။
ဒေါက်တာအာကာမိုးသူကို အရပ်ဝတ်သုံးဦးက သေနတ်နဲ့ထောက်ဖမ်းသွားပြီလို့ ကိုယ်တိုင်မြင်လိုက်ရတဲ့ ပြည်သူ့ပါတီက ကိုလဝန်းမောင် က ခုလိုပြောပြပါတယ်။
“လူစုပြီးစောင့်နေတုန်းအချိန်မှာ ဆရာအာကာမိုးသူကို အရပ်ဝတ်နဲ့ လူသုံးဦးကဖမ်းဆီးခေါ်ဆောင်သွားပါတယ်။ ဒီ သုံးယောက်ထဲက နှစ်ယောက်က ဆရာ့ကိုတွန်းထိုးဆွဲတင်သွားခဲ့ပြီး ကျန်တစ်ယောက်က ဘေးကရောက်လာတဲ့ လူစုကိုသေနတ်နဲ့ချိန်တာတွေလုပ်ခဲ့ပါတယ်။ ဒါကြောင့် ပြည်သူတွေဘက်က ဆွဲမထားနိုင်ခဲ့ပါဘူး။ ဘယ်အဖွဲ့အစည်းက ဘယ်ခေါ်ဆောင်သွားတယ်ဆိုတာ မသိရပါဘူး။”
စစ်တပ်က အာဏာသိမ်းဖြစ်စဉ် တစ်လတာ ကာလအတွင်းမှာ နေ့စဉ်ဖမ်းဆီးခံရသူတွေများပြားခဲ့သလို ပစ်ခတ်ဖြိုးခွဲမှုကြောင့် သေဆုံးမှုဟာလည်း ၃၀ ကျော်အထိရှိလာခဲ့ပြီဖြစ်ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW