ပဲခူးမြို့ ပစ်ခတ်ဖြိုခွဲမှုဖြစ်စဉ်မှ သေဆုံးသူနှစ်ဦးရဲ့ နာရေးအခမ်းအနား လူထုသောင်းနဲ့ချီ တက်ရောက်

မတ် ၂-၂၀၂၁
ကောင်းလက်ျာ(VOM)

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ရက်နေ့က ပဲခူးမြို့နယ် ဘူတာကုန်း‌ကျော်တံတားနဲ့ မြစ်ကူးတံတားအနီး ဆန္ဒဖော်ထုတ်နေကြစဉ် လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်ဖြိုခွင်းမှုကြောင့် သေဆုံးခဲ့ရသူ လူငယ်နှစ်ဦးကို ဒီနေ့ မတ်လ ၂ရက်နေ့ မွန်းတည့် ၁၂ နာရီက တစ်ပြိုင်နက် သင်္ဂြိုလ်ခဲ့ပြီး အဲ့ဒီ ဈာပနအခမ်းနားကို မြို့ခံသောင်းနဲ့ချီ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

“နာရေးအိမ်တွေကနေ တစ်ပြိုင်နက်ထဲမှာပဲ ဆင်ဖြူကွင်းသုသာန်ကိုပို့ဆောင်သင်္ဂြိုလ်ခဲ့တာပါ။ လိုက်ပါပို့ဆောင်သူပြည့်ကြပ်နေပါတယ်။ အခု ဂူသွင်းနေပြီ” လို့ ပဲခူးမြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက် မနက်ပိုင်းက ပဲခူးမြို့ အာဏာရှင်ဆန့်ကျင်ရေးဆန္ဒဖော်ထုတ်‌နေသူတွေကို ပစ်ခတ်ဖြိုခွဲခဲ့ရာမှာ မဇင်းရပ်ကွက် ဒိုဘီ ၁ လမ်းနေ ကိုကြည်လှိုင်မင်း(ခ) ဂေါင်းကြီး(၁၈ နှစ်)နဲ့ ဇိုင်းမြောက်ရပ်ကွက်နေ စည်သူစိုး(ခ)ကိုစိုး (၁၇နှစ်)တို့ သေဆုံးခဲ့ပြီး ဆယ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၂၈ရက်နေ့ ဖြိုခွဲမှုဖြစ်စဉ်ကြောင့် ပဲခူးမှာ လမ်းပေါ်ထွက် ဆန္ဒပြသူဦးရေ လျော့နည်းခဲ့ပေမယ့် မတ်လ ၁ ရက်နဲ့ ၂ ရက်နေ့တွေမှာ အာဏာရှင်ဆန့်ကျင်ရေး ဆက်လက်ချီတက် ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

ဓါတ်ပုံ-Su Ya
#VoiceOfMyanmar #VOM #ပဲခူး #ဆန္ဒပြပွဲ #ဖြိုခွဲ #သေဆုံးသူနှစ်ဦး #နာရေး

Related posts

Leave a Comment

VOM News

FREE
VIEW