ရဲတပ်ဖွဲ့က လူစုခွဲဖို့ကြိုးပမ်းပေမယ့် ပုသိမ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ

မတ် ၅-၂၀၂၁
KA

ပုသိမ်မြို့မှာ ရဲတပ်ဖွဲ့က မြို့ထဲလမ်းတွေကို ပိတ်ဆို့ထားတာကြောင့် ရပ်ကွက်တွေအတွင်းမှာပင်မစစ်ကြောင်းက လှည့်လည်ဆန္ဒပြခဲ့ရပါတယ်။

ရဲတပ်ဖွဲ့က ဥမ္မာဒန္တီရပ်ကွက်ထိပ်မှာ အင်အားအများအပြားနဲ့ လိုက်လံလူစုခွဲဖို့ကြိုးစားခဲ့ပြီး ပြည်သူတွေက ရဲတပ်ဖွဲ့မဝင်ရောက်နိုင်အောင် လမ်းတွေကိုပိတ်ဆို့ပေးခဲ့ပါတယ်။

ပုသိမ်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေတာ ဒီနေ့နဲ့ဆိုရင် ၂၇ရက်မြောက် နေ့ရှိပြီ ဖြစ်ပါတယ်။

#VoiceOfMyanmar #VOM #ပုသိမ် #ဆန္ဒပြ

Related posts

Leave a Comment

VOM News

FREE
VIEW