မတ် ၇-၂၀၂၁ NLP ပခုက္ကူတက္ကသိုလ်ထဲမှာ တပ်စွဲထားတဲ့ စစ်တပ်နဲ့ရဲကို မောင်းထုတ်ခဲ့တဲ့ ပြည်သူတွေကို ဒီနေ့ညနေ ၃နာရီက မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ဖြိုခွဲခဲ့တယ်လို့ သိရပါတယ်။ #VoiceOfMyanmar #VOM #ပခုက္ကူတက္ကသိုလ် #တပ်စွဲ #မောင်းထုတ် #ပစ်ခတ်ဖြိုခွဲ
Read MoreDay: March 7, 2021
ရဲတပ်ဖွဲ့က ဖမ်းဆီးပြီးနောက် သေဆုံးခဲ့တဲ့ ဦးခင်မောင်လတ်ကို သင်္ဂြိုလ်
မတ် ၇-၂၀၂၁ MHS မနေ့ မတ်လ ၆ရက်နေ့ ညပိုင်းက ပန်းပဲတန်းမြို့နယ်နေအိမ်မှာ ဖမ်းဆီးခံရပြီးနောက် သေဆုံးခဲ့တဲ့ ပန်းပဲတန်းမြို့နယ် NLD ရပ်ကျေးဥက္ကဌ ဦးခင်မောင်လတ်ကို ဒီနေ့ မတ်လ ၇ရက်နေ့ နေ့လယ်ပိုင်းက ရေဝေးသုဿန်မှာ အစ္စလာမ်ဘာသာဝင်တွေရဲ့ ဓလေ့အတိုင်း သင်္ဂြိုလ်ခဲ့ပါတယ်။ ဦးခင်မောင်လတ်ကို မနေ့ ညပိုင်းမှာ ရဲနဲ့စစ်တပ်က ဖမ်းဆီးပြီးနောက် ဒီနေ့မနက်မှာ မိသားစုထံကို သေဆုံးကြောင်း အသိပေးပြီး အလောင်းလာထုတ်ခိုင်းခဲ့တာပါ။ ရဲတပ်ဖွဲ့ကတော့ ဦးခင်မောင်လတ်ဟာ ဖမ်းဆီးပြီးပြီးချင်း ကားပေါ်အရောက်မှာပဲ အသံဗုံးကြောင့် ရှော့ဖြစ်ပြီး သေဆုံးတာလို့ ပြောထားပါတယ်။ ဦးခင်မောင်လတ်ဟာ ၂၀၂၀ရွေးကောက်ပွဲဝင် ပန်းပဲတန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစည်သူမောင်ရဲ့ ရွေးကောက်ပွဲကိုယ်စားလှယ်လည်း ဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၅၈နှစ် ရှိပြီ ဖြစ်ပါတယ်။ #VoiceOfMyanmar #VOM #ဦးခင်မောင်လတ် #သင်္ဂြိုလ်
Read Moreလွိုင်ကော် သပိတ်စစ်ကြောင်း ပစ်ခတ်ဖြိုခွဲခံရပြီး လေးဦးဒဏ်ရာရ
မတ် ၇-၂၀၂၁ ကောင်းလက်ျာ(VOM) ကယားပြည်နယ် လွိုင်ကော်မြို့နယ် အာဏာရှင်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှု ဆန္ဒပြသပိတ်စစ်ကြောင်းကို ဒီနေ့ မတ်လ ၇ရက်နေ့ မနက် ၁၁ နာရီလောက်မှာ စစ်တပ်နဲ့ရဲ အင်အား ၂၀၀ နီးပါးနဲ့ ပထမဆုံးအကြိမ် ပစ်ခတ်ဖြိုခွင်းခဲ့တာကြောင့် ၄ ဦး ကျည်ထိမှန်ဒဏ်ရာရခဲ့ပြီး အသေးစားထိခိုက်ဒဏ်ရာရသူတွေလည်း အများအပြားရှိတယ်လို့ သပိတ်စစ်ကြောင်းမှာ ပါဝင်ခဲ့တဲ့ NLD ပါတီဝင် ကိုစိုင်းလင်းလင်းဦးကနေ သိရပါတယ်။ “ဆန္ဒပြစစ်ကြောင်းက နှစ်ခု ကွဲသွားပြီးလမ်းတွေအလိုက် စစ်ကြောင်းတွေက အထိုင်လုပ်ဖို့ပြင်တုန်း အသံဗုံးတွေနဲ့ မျက်ရည်ယိုဗုံးတွေအရင်ပစ်ပြီး ကျည်အစစ်တွေကော ရာဘာကျည်တွေနဲ့ လိုက်ပစ်တာ။ အချက်ရေတောင်မခန့်မှန်းတတ်ဘူး” လို့ ကိုစိုင်းလင်းလင်းဦးက ပြောပြပါတယ်။ တပ်မတော်က နိုင်ငံတော်အာဏာရယူပြီး ၈ ရက်အကြာမှာ လွိုင်ကော်မြို့ခံ ပြည်သူလူထုနဲ့ ကျောင်းသားတွေက ဦးဆောင်ဆန္ဒဖော်ထုတ်ခဲ့ကြပြီး ပြီးခဲ့တဲ့ တပတ်ကျော်ခန့်ကစတင်ပြီး လွိုင်ကော်မြို့မမြို့ဖတွေ ဦးဆောင်တဲ့ သပိတ်စစ်ကြောင်းတွေပါ ပူးပေါင်းပါဝင်လာကြတာ ဖြစ်ပါတယ်။ ဒီနေ့မနက်…
Read Moreပြည်မြို့က တက္ကသိုလ် ၃ ခုကို စစ်တပ်နဲ့ရဲက တပ်စွဲ
မတ် ၇-၂၀၂၁ VOM ပြည်မြို့မှာရှိတဲ့ ပြည်နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်နဲ့ ပြည်တက္ကသိုလ် ၃ ခုလုံးကို စစ်တပ်နဲ့ ရဲက ဒီနေ့ မတ်လ ၇ရက်နေ့မှာ တပ်စွဲပြီး နေရာရယူလိုက်ပါတယ်။ ဒါ့အပြင် ပြည်မြို့ကုတင် ၅၀၀ ဆေးရုံကြီးကိုလည်း ဝင်ရောက်ရှာဖွေမှုပြုလုပ်ပြီး လက်ရှိဂိတ်ဝမှာ စစ်တပ်က စောင့်ကြပ်နေပါတယ်။ ပေါင်းတလည်မြို့နယ် ဆေးရုံကိုလည်း ရဲနဲ့စစ်တပ်က ဒီနေ့ ဝင်ရောက်ရှာဖွေခဲ့တယ်လို့ သိရပါတယ်။ တက္ကသိုလ်တွေမှာ စစ်တပ်က လာရောက်တပ်စွဲတာနဲ့ပတ်သက်ပြီး မြို့ခံလူထုက လက်မခံသလို ကျေနပ်မှုမရှိဘူးလို့ သိရပါတယ်။ #VoiceOfMyanmar #VOM #ပြည်နည်းပညာတက္ကသိုလ် #ပြည်ကွန်ပျူတာတက္ကသိုလ် #ပြည်တက္ကသိုလ် #တပ်စွဲ
Read Moreမန္တလေးမြို့ ကုတင် ၅၀၀၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်နဲ့ ကုတင် ၃၀၀သင်ကြားရေးဆေးရုံတို့မှာ တပ်စွဲထား
မတ် ၇-၂၀၂၁ မန္တလေးမြို့ ကုတင် ၅၀၀ အရိုးအထူးကုဆေးရုံ၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်၊ ကုတင် ၃၀၀ သင်ကြားရေးဆေးရုံတွေမှာ ဒီနေ့ မတ်လ ၇ ရက်နေ့ မနက်အစောပိုင်းကတည်းက ရဲနဲ့ စစ်တပ်က ဝင်ရောက်တပ်စွဲထားပါတယ်။ မီဒီယာတွေ သတင်းဓါတ်ပုံရိုက်ကူးရာမှာလည်း ဆေးရုံအတွင်းကနေ စစ်သားတွေက လေးခွနဲ့ ပစ်ခတ်ခဲ့တာတွေ ရှိပါတယ်။ #VoiceOfMyanmar #VOM #ကုတင်၅၀၀ #ကုတင်၃၀၀ #သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် #ရဲနဲ့စစ်တပ် #တပ်စွဲ
Read Moreမန္တလေးမြို့က သံဃသမဂ္ဂ သပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြ
မန္တလေး၊ မတ်- ၇-၂၀၂၁ ရှိုင်းအောင်(VOM)
Read Moreတိုက်ကြီးသပိတ်စစ်ကြောင်းကို ကျည်အစစ်နဲ့ ပစ်ခတ်ဖြိုခွဲ
မတ် ၇-၂၀၂၁ နေနန်းနွယ်(VOM) တိုက်ကြီးမြို့မှာ ဒီနေ့ မတ်လ ၇ရက်နေ့ မနက် ၈နာရီခွဲခန့်က ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ပြည်သူတွေကို မြို့မခြောက်ကျောင်းရှေ့မှာ ရဲတပ်ဖွဲ့နဲ့ စစ်တပ်က ပစ်ခတ်ဖြိုခွင်းခဲ့တယ်လို့ ဆန္ဒပြသူတွေဆီက သိရပါတယ်။ “မနက် ၈ ခွဲလောက်မှ စပစ်တာ၊ ရာဘာကျည်တွေရော၊ မျက်ရည်ယိုဗုံးတွေရော၊ အသံဗုံးတွေပါ ပါတယ်။ လူတွေကိုလဲ ရိုက်ပြီး စစ်ကားပေါ်ဆွဲတင်သွားတာ။ ခေါင်းကွဲပြီး သွေးတွေနဲ့ လူလည်းပါသွားတယ်” လို့ ဆန္ဒပြသူတစ်ဦးက ပြောပါတယ်။ ဖမ်းဆီးခံရသူတွေနဲ့ ထိခိုက်ဒါဏ်ရာရရှိသူတွေ ရှိပေမယ့် လက်ရှိမှာတော့ အရေအတွက်ကို အတည်မပြုနိုင်သေးပါဘူး။ #VoiceOfMyanmar #VOM #တိုက်ကြီးမြို့ #သပိတ်စစ်ကြောင်း #ပစ်ခတ်ဖြိုခွဲ #ဒဏ်ရာရ
Read Moreရန်ကုန် ဆန္ဒပြပွဲတွေမှာ ဖမ်းခံရသူတွေထဲက ၂၄ ဦးကို ပုဒ်မ ၅၀၅(က)နဲ့ တရားစွဲဆိုထား
ရန်ကုန်၊ မတ် ၇-၂၀၂၁ အေးချမ်းသူ(VOM) မတ်လအတွင်း ရန်ကုန် မြို့နယ်အသီးသီးက ဆန္ဒပြပွဲတွေမှာ ဖမ်းဆီးခံရသူတွေထဲက ၁၄ဦးကို ပုဒ်မ၅၀၅(က)နဲ့ မြို့နယ်တရားရုံးအသီးသီးမှာ တရားစွဲဆိုထားတယ်လို့ ဖမ်းခံရသူတွေကို ကူညီပေးနေတဲ့ ပြည်သူ့ပါတီရှေ့နေအဖွဲ့ကနေ သိရပါတယ်။ တရားလွှတ်တော်ရှေ့နေဒေါ်နီလာခိုင်က “အခုက ဆန္ဒပြတဲ့သူရော မပြတဲ့သူရော မတ်တပ်ရပ်နေတဲ့သူရော ဖမ်းမိရင် ပုဒ်မ ၅၀၅(က)တပ်တယ်၊ ဘာကြောင့်လဲ မသိရသေးဘူး။ ထောင်ထဲကစာရင်းပဲရသေးတယ်” လို့ ပြောပါတယ်။ မတ်လ ၁ ရက်နေ့က စမ်းချောင်းမြို့နယ် မြေနီကုန်းအနီးမှာ ဖမ်းခံရတဲ့ ကိုပြည်ဖြိုးနိုင်၊ ကိုမျိုးလှိုင်ထွန်း၊ ကိုစိုင်းလောင်စ်လန်း၊ ကိုကောင်းမြတ်၊ ဦးသန်းရွှေတို့ကို စမ်းချောင်းမြို့နယ်တရားရုံး၊ ကျောက်တံတားမြို့နယ် မြို့တော်ခန်းမအနီးမှာ ဖမ်းခံရတဲ့ ကိုမျိုးဇော်ခိုင်ကို ကျောက်တံတားမြို့မတရားရုံးမှာ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။ မတ်လ ၂ရက်နေ့က လှိုင်မြို့နယ်မှာ အဖမ်းခံရတဲ့ ဦးမြကောင်း၊ ကိုညီညီဇင်မောင်၊ ကိုခန့်ဝဏ္ဏလှိုင်တို့ကို လှိုင်မြို့နယ်တရားရုံး၊ စမ်းချောင်းမြို့နယ် မြေနီကုန်းအနီးမှာ အဖမ်းခံရတဲ့…
Read Moreကျောက်မြောင်း ဗညားဒလလမ်းနဲ့ သြဘာလမ်းထိပ်သပိတ် ဖြိုခွင်းခံရ
မတ် ၇-၂၀၂၁ MHS #VoiceOfMyanmar #VOM #ကျောက်မြောင်း #ဗညားဒလလမ်း #သြဘာလမ်း #သပိတ် #ဖြိုခွင်း
Read Moreပုသိမ်ဆန္ဒပြပွဲကို ရဲတပ်ဖွဲ့က ပစ်ခတ်လူစုခွဲလို့ ၂ဦး ဒဏ်ရာရ
မတ် ၇-၂၀၂၁ KA ပုသိမ်မြို့ တဂေါင်းဘုရားလမ်းမှာ ဒီနေ့ မတ်လ ၇ရက်နေ့ နေ့လယ်ပိုင်းက ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က ပစ်ခတ်လူစုခွဲခဲ့တဲ့အတွက် ၂ဦး ဒဏ်ရာရသွားတယ်လို့ လူမှုကူညီရေးအဖွဲ့တွေဆီကနေ သိရပါတယ်။ တဂေါင်းဘုရားမှာ စစ်တပ်တပ်စွဲတဲ့အပေါ် ကန့်ကွက်တဲ့လူငယ်တချို့ကို ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့လို့ ပြည်သူတွေက လွှတ်ပေးဖို့ ပြန်လည်တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။ တောင်းဆိုဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ ညှိနိူင်းနေစဉ်မှာ နှစ်ဖက်ထိပ်တိုက်တွေ့ခဲ့ပြီး ရဲတပ်ဖွဲ့က အသံဗုံး၊ မျက်ရည်ယိုဗုံး၊ ရော်ဘာကျည်တွေနဲ့ ပစ်ခတ်ဖြိုခွင်းခဲ့တာပါ။ ပစ်ခတ်ဖြိုခွဲတာတွေ ပြုလုပ်အပြီးမှာ ရဲတပ်ဖွဲ့က နောက်ဆုတ်ပေးသွားသလို မနက်ကဖမ်းဆီးထားသူလူငယ်တစ်ဦးကို ပြန်လည်လွှတ်ပေးခဲ့ပြီးနောက် ဆန္ဒပြပြည်သူတွေကလည်း လူစုခွဲပြီး ပြန်သွားတာကို တွေ့ရပါတယ်။ ဒဏ်ရာရသူတွေဟာ စိုးရိမ်စရာ အခြေအနေမရှိဘူးလို့ သိရပါတယ်။ #VoiceOfMyanmar #VOM #ပုသိမ်မြို့ #တဂေါင်းဘုရားလမ်း #ဆန္ဒပြ #ပစ်ခတ်လူစုခွဲ #ဒဏ်ရာရ
Read More