ပြည်မြို့က တက္ကသိုလ် ၃ ခုကို စစ်တပ်နဲ့ရဲက တပ်စွဲ

မတ် ၇-၂၀၂၁
VOM

ပြည်မြို့မှာရှိတဲ့ ပြည်နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်နဲ့ ပြည်တက္ကသိုလ် ၃ ခုလုံးကို စစ်တပ်နဲ့ ရဲက ဒီနေ့ မတ်လ ၇ရက်နေ့မှာ တပ်စွဲပြီး နေရာရယူလိုက်ပါတယ်။

ဒါ့အပြင် ပြည်မြို့ကုတင် ၅၀၀ ဆေးရုံကြီးကိုလည်း ဝင်ရောက်ရှာဖွေမှုပြုလုပ်ပြီး လက်ရှိဂိတ်ဝမှာ စစ်တပ်က စောင့်ကြပ်နေပါတယ်။
ပေါင်းတလည်မြို့နယ် ဆေးရုံကိုလည်း ရဲနဲ့စစ်တပ်က ဒီနေ့ ဝင်ရောက်ရှာဖွေခဲ့တယ်လို့ သိရပါတယ်။

တက္ကသိုလ်တွေမှာ စစ်တပ်က လာရောက်တပ်စွဲတာနဲ့ပတ်သက်ပြီး မြို့ခံလူထုက လက်မခံသလို ကျေနပ်မှုမရှိဘူးလို့ သိရပါတယ်။

#VoiceOfMyanmar #VOM #ပြည်နည်းပညာတက္ကသိုလ် #ပြည်ကွန်ပျူတာတက္ကသိုလ် #ပြည်တက္ကသိုလ် #တပ်စွဲ

Related posts

Leave a Comment

VOM News

FREE
VIEW