တိုက်ကြီးဆန္ဒပြလူထုကို ကျည်အစစ်သုံး ဖြိုခွဲခဲ့ပြီး လူ ၅ဦးထက်မနည်း ဖမ်းဆီးခံရ

မတ် ၈-၂၀၂၁
TG(VOM)

ဒီနေ့ မတ်လ ၈ရက်နေ့ မနက် ၁၀နာရီလောက်က တိုက်ကြီးမြို့က ဆန္ဒပြပြည်သူလူထုကို စစ်တပ်နဲ့ရဲက ကျည်အစစ်တွေသုံးပြီး ဖြိုခွဲခဲ့ကာ လူ ၅ဦးထက်မနည်း ဖမ်းခံလိုက်ရတယ်လို့ သိရပါတယ်။

ရပ်ကွက်လမ်းတွေထဲအထိ စစ်တပ်နဲ့ရဲက ဝင်ရောက်ပစ်ခတ်ခဲ့ပြီး လမ်းမှာပိတ်ဆို့ထားတဲ့ အတားအဆီးတွေကိုဖျက်ဆီးကာ ပစ်ခတ်မှုတွေ ဆက်တိုက်လုပ်ခဲ့တာလို့ သိရပါတယ်။

“လမ်းပိတ်ထားတာတွေကို ဖျက်စီးဝင်ရောက်နေတယ်။ လေးခွတွေနဲ့ လူတွေကိုလိုက်ပစ်တယ်၊ ကျည်အစစ်တွေနဲ့ မိုးပေါ်ထောင်ပစ်တယ်၊ လူ ၅ဦးလောက် ဖမ်းခံလိုက်ရတယ်လို့ သတင်းရတယ်”လို့ ဆန္ဒပြပြည်သူတစ်ဦးက ပြောပါတယ်။

ဒီနေ့ ပစ်ခတ်မှုအတွင်း ဒဏ်ရာရသူတွေ ရှိခဲ့ပေမယ့် အရေအတွက် အတိအကျကိုတော့ မသိရသေးပါဘူး။

စစ်တပ်နဲ့ရဲက လိုက်လံဖမ်းဆီးနေတာကြောင့် ရှောင်တိမ်းနေရသူတွေရှိသလို မနေ့ မတ်လ ၇ရက်နေ့ ဆန္ဒပြပွဲအတွင်း ဖမ်းဆီးခံရသူ ၂၀ကျော်လည်း ခုချိန်ထိ ပြန်မလွတ်သေးဘဲ အင်းစိန်ထောင်မှာ ထိန်းသိမ်းခံထားရတယ်လို့ သိရပါတယ်။

#VoiceOfMyanmar #VOM #ဆန္ဒပြ #ပစ်ခတ်မှု #ဒဏ်ရာရ #ဖမ်းဆီးခံရ #တိုက်ကြီး

Related posts

Leave a Comment

VOM News

FREE
VIEW