ဒိုက်ဦး သပိတ်စစ်ကြောင်း စစ်တပ်နဲ့ရဲက သေနတ်ပစ်ဖောက်လူစုခွဲလို့ အမျိုးသမီးတစ်ဦး သတိလစ်မေ့မျော

‌မတ် ၁၀-၂၀၂၁
KLY(VOM)

ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ်မှာ ဒီနေ့ မတ်လ ၁၀ရက်နေ့ မနက် ၁၀ နာရီကျော်လောက်က အာဏာရှင်ဆန့်ကျင်ရေးအတွက် ဆန္ဒဖော်ထုတ်နေကြတဲ့ သပိတ်စစ်ကြောင်းကို တပ်နဲ့ရဲက ပစ်ခတ်ဖြိုခွင်းခဲ့လို့ အမျိုးသမီးကြီးတစ်ဦး သတိလစ်မေ့မြောသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“ကနေ့မှာတပ်နဲ့ရဲက ပထမဆုံးပစ်ခတ်ဖြိုခွင်းတာပါ။ ကျည်ဆံထိမှန်သေဆုံးသူ မရှိပေမယ့် နှလုံးရောဂါအခံရှိတဲ့ အမျိုးသမီးတစ်ဦး သတိလစ်မေ့မြောပြီး လဲကျသွားတယ်” လို့ ပစ်ခတ်ဖြိုခွင်းစဉ် ထွက်ပြေးလွတ်မြောက်လာသူတစ်ဦးက ပြောပါတယ်။

ဒီနေ့ ဆန္ဒပြရာမှာ လူဦးရေ ၁၀၀၀ကျော်လောက် ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

#VoiceOfMyanmar #VOM #ဒိုက်ဦးမြို့နယ် #သပိတ် #ပစ်ခတ်ဖြိုခွင်း #သတိလစ်

Related posts

Leave a Comment

VOM News

FREE
VIEW