ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တဲ့ ကိုသီဟဦးရဲ့စျာပန မြို့လုံးကျွတ်နီးပါး လိုက်ပါပို့ဆောင်

မတ် ၁၀-၂၀၂၁ ST ဖျာပုံမြို့မှာ မတ်လ(၈)ရက်နေ့က ဆန္ဒပြပွဲအတွင်း ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် ဗိုက်ကို ကျည်ထိမှန်သေဆုံးခဲ့တဲ့ ကိုသီဟဦးရဲ့ စျာပနကို ဒီနေ့ မတ်လ ၁၀ရက်နေ့ နေ့လယ်ပိုင်းက မြို့လုံးကျွတ်နီးပါး လိုက်ပါပို့ဆောင်ပေးခဲ့တယ်လို့ သတင်းရရှိပါတယ်။ ဖျာပုံမြို့၊ အမှတ်(၁၅)ရပ်ကွက်၊ အောင်သပြေ(၄) လမ်းမှာ နေထိုင်တဲ့ ကိုသီဟဦးဟာ ကွယ်လွန်ချိန်မှာ အသက် ၃၁ နှစ် ရှိပြီ ဖြစ်ပါတယ်။ #VoiceOfMyanmar #VOM #ဖျာပုံ #ကိုသီဟဦး #ဖျာပုံမြို့ #ဈာပန

Read More

ဆန္ဒပြသူတွေအတွက် ဒိုင်းလုပ်ပေးသူကိုမတွေ့လို့ ဇနီးဖြစ်သူအပါအဝင် လူ ၈ ဦးကို ဖမ်းဆီး

မတ် ၁၀-၂၀၂၁ YAT ဒီနေ့ မတ်လ ၁၀ ရက်နေ့ မနက် ၁၀ နာရီခွဲက မြစ်ကြီးနားမြို့ ရာကျော်သံပန်းသံတံခါး လုပ်ငန်းပိုင်ရှင် ဦးအောင်လွင်ကို ရဲတပ်ဖွဲ့က လာဖမ်းတာမှာ မတွေ့ရှိတဲ့အတွက် ဇနီးဖြစ်သူနဲ့ အမျိုးသား ၇ ဦးကို ဖမ်းဆီးသွားတယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။ အဖမ်းခံရသူတွေဟာ အနောက်လယ်ကုန်း နယ်မြေ ၁၄၊ မြစေတီကျောင်းလမ်း အနီးမှာနေတဲ့ ရာကျော်သံပန်းသံတံခါး လုပ်ငန်းပိုင်ရှင် ကိုအောင်လွင်ရဲ့ ဇနီး၊ အစ်ကို၊ ညီဝမ်းကွဲ တော်စပ်သူနဲ့ မြို့သစ်ကြီးကွက်သစ်ရပ်ကွက်မှာရှိတဲ့ ရာကျော် သံပန်းသံတံခါးလုပ်ငန်းက အလုပ်သမားလူငယ် ၅ ဦးတို့ ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့က ဦးအောင်လွင် ရှိလာလို့ လာမေးပြီး ဒီနားမှာ သတင်းရလို့ ဝင်ရှာချင်လို့ပါလို့ပြောပြီး အိမ်အတွင်း ဝင်ရှာကာ မီးစက်၊ ဒိုင်း အခု ၂၀ ဝန်းကျင်နဲ့ ဒိုင်း လုပ်တဲ့ပစ္စည်းတွေကိုပါ…

Read More

မြောက်ဥက္ကလာသပိတ် ဖြိုခွဲမှု ထိခိုက်ဒဏ်ရာရသူများပြီး လူတစ်ရာကျော် ဖမ်းခံထားရ

ရန်ကုန်၊ မတ် ၁၀-၂၀၂၁ ACT(VOM) မြောက်ဥက္ကလာပမြို့နယ် ကန်သာယာပန်းခြံရှေ့မှာ ဒီနေ့ မတ်လ ၁၀ရက်နေ့ မနက်ပိုင်းက ပြုလုပ်တဲ့ ဆန္ဒပြပွဲကို စစ်တပ်နဲ့ရဲက မျက်ရည်ယိုဗုံး၊ အသံဗုံး၊ ရာဘာကျည်တို့အပြင် ကျည်အစစ်တွေပါသုံးပြီး ဖြိုခွင်းခဲ့ရာ ထိခိုက်ဒဏ်ရာရရှိသူများပြီး လူတစ်ရာကျော်ဖမ်းဆီးခံရကြောင်း သပိတ်ဦးဆောင်သူကနေ သိရပါတယ်။ “လတ်တလော ဒဏ်ရာရရှိသူတွေဆိုရင် ဗိုက်ကိုထိတဲ့သူတစ်ယောက်ရယ် ပေါင်ကိုထိတဲ့သူရယ် အခြားထိတဲ့သူတွေလည်း ရှိသေးတယ်။ စာရင်းအတိအကျရဖို့မလွယ်သေးဘူး” လို့ အဲ့ဒီသပိတ်ကို ဦးဆောင်သူတဦးက ပြောပါတယ်။ “ကန်သာယာပန်းခြံထဲမှာ မနက်ကတည်းကဖမ်းတာ ၆၀ ကျော်ရယ် စိန်ဂေဟာဝန်းထဲမှာလည်း ထပ်မိတယ် စုစုပေါင်း တစ်ရာကျော်ရှိတယ်”လို့ ဆက်ပြောပါတယ်။ နောက်ထပ် သတင်းရင်းမြစ်တခုကတော့ ဒီနေ့ မနက်ပိုင်းက လူ၄၀၀ကျော် ဖမ်းဆီးခံထားရတာဖြစ်ပြီး အချုပ်ကားနှစ်စီးနဲ့ ပို့ပြီးချိန် ကျန်နေတဲ့ ဖမ်းခံရသူတွေကို ဆန္ဒပြသူတွေက ဝင်လုတဲ့အတွက် ဖမ်းဆီးခံရသူ ၂၀၀နီးပါး ပြန်လွတ်ခဲ့တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ မတ်လ…

Read More

လွိုင်ကော် ဆန္ဒပြစစ်ကြောင်း ဖြိုခွဲခံရလို့ လူအချို့ဒဏ်ရာရပြီး ဆိုင်ကယ်နဲ့ကား ၃၀ ကျော်ပျက်စီး

မတ် ၁၀-၂၀၂၁ KLY(VOM) ကယားပြည်နယ် လွိုင်ကော်မြို့ တောင်ကွဲစေတီအောက်ဘက် သပိတ်စစ်ကြောင်းကို ဒီနေ့မတ်လ ၁၀ရက်နေ့ မနက် ၁၁ နာရီလောက်က တပ်နဲ့ရဲက ပစ်ခတ်ဖြိုခွဲခဲ့တာကြောင့် လူ ၃ဦး ထိခိုက်ဒဏ်ရာရသလို ဆိုင်ကယ်နဲ့ကား ၃၀ နီးပါးလည်း ပျက်စီးသွားတယ်လို့ သပိတ်ဦးဆောင်သူတွေဆီက သိရပါတယ်။ “နာနတ်တောဘက်က စစ်ကြောင်းကို ဖြိုခွဲအပြီးမှာ ကျွန်တော်တို့စစ်ကြောင်း ဖြိုခွဲခံရတယ်။ မျက်ရည်ယိုဗုံးနဲ့ သေနတ်တွေပစ်ခတ်သလို တုတ်တွေနဲ့ ရိုက်နှက်ဖြိုခွဲတယ်။ ကားအစီးရေ လေးငါးစီးနဲ့ ဆိုင်ကယ်အစီးနှစ်ဆယ်ကျော် ဖျက်ဆီးသွားပြီး ဆိုင်ကယ်တွေ ကားပေါ်တင်မသွားတယ်” လို့ သပိတ်ဦးဆောင်သူတစ်ဦးက ပြောပါတယ်။ ဒီနေ့မနက် ၉ နာရီလောက်က ကယားပြည်နယ် လွိုင်ကော်သပိတ် ဦးဆောင်ကော်မတီနှစ်ခု ပူးပေါင်းပြီး တောင်ကွဲစေတီအောက်ဘက် မြောက်ဘက်စစ်ကြောင်းနဲ့ နာနတ်တောတောင်ဘက်စစ်ကြောင်းနှစ်ခု သီးခြားခွဲထွက်ခဲ့တာဖြစ်ပြီး လက်ရှိ စစ်ကြောင်းနှစ်ခုပေါင်းလူအင်အား ၃၀၀၀ ကျော်ခန့်ရှိကာ သပိတ်စစ်ကြောင်းနှစ်ခုစလုံး တပြိုင်တည်းနီးပါး ဖြိုခွဲခံခဲ့ရတာ ဖြစ်ပါတယ်။…

Read More

မန္တလေးမြို့ သံဃသမဂ္ဂ သပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြ

မန္တလေး၊ မတ်- ၁၀-၂၀၂၁ ရှိုင်းအောင်(VOM) မန္တလေးမြို့က သံဃသမဂ္ဂ သပိတ်စစ်ကြောင်းဟာ ဒီကနေ့ နေ့လည်ပိုင်းက လမ်းလျှောက်ဆန္ဒပြခဲ့တာ ဖြစ်ပါတယ်။ #VOM #voiceofmyanmar #Mandalay #သံဃသမဂ္ဂ #ဆန္ဒပြ #မန္တလေး

Read More

ထားဝယ် သပိတ်ကော်မတီဝင်တစ်ဦး ဖမ်းဆီးခံရ

မတ် ၁၀-၂၀၂၁ WP ထားဝယ်ခရိုင် သပိတ်ကော်မတီမှ တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ ကိုမင်းခန့်(ခ)ကိုကျော်ထွေး ဒီနေ့ မတ်လ ၁၀ရက်နေ့ မနက် ၁၀နာရီလောက်က ဖမ်းဆီးခံခဲ့ရတယ်လို့ သတင်းရရှိပါတယ်။ ကိုကျော်ထွေးဟာ ဝဲကျွန်း ၄ လမ်းထိပ် ကားဝပ်ရှော့ခ်မှာ ကားလာပြင်နေစဉ် အရပ်ဝတ်နဲ့လူတွေက VIGO ကားအနက်ရောင်နဲ့ ရုတ်တရက်ရောက်လာပြီး ထိုးကြိတ်ဖမ်းဆီးခေါ်ဆောင်သွားတာလို့ သိရပါတယ်။ #VoiceOfMyanmar #VOM #ထားဝယ် #သပိတ်ကော်မတီဝင် #ကိုမင်းခန့်_ခ_ကိုကျော်ထွေး #ဖမ်းဆီးခံရ

Read More

မြင်းခြံ သပိတ်ဖြိုခွဲခံရပြီး အမျိုးသား ၂ ဦးကျည်ထိမှန် ဒဏ်ရာရ

မတ် ၁၀-၂၀၂၁ TG(VOM) မြင်းခြံမြို့နယ်မှာ ဒီနေ့ မတ်လ ၁၀ရက်နေ့ မနက်ပိုင်းက ပြုလုပ်တဲ့ ဆန္ဒပြလူထုသပိတ်ကို စစ်တပ်နဲ့ရဲက ပစ်ခတ်ဖြိုခွဲမှုတွေ ပြုလုပ်ခဲ့တာကြောင့် ကျည်ထိမှန် ဒဏ်ရာရသူ ၂ ဦးရှိခဲ့တယ်လို့ သိရပါတယ်။ မျက်လုံးထိမှန်သူ KBZ ဘဏ်ဝန်ထမ်းကိုထူးထူး ကိုတော့ မန်းလေးမှာဆေးကုသဖို့ပို့ဆောင်နေတယ်လို့ သိရပါတယ်။ နောက်ထပ်ဒဏ်ရာရသူတဦးကတော့ အသက် ၄၅နှစ်အရွယ်ရှိတဲ့ ကိုမြင့်ထွန်းဆိုသူ ဖြစ်ပါတယ်။ “မနက် ၁၀ နာရီလောက်မှာ စပစ်တာပဲ။ မျက်လုံးတယောက်ထိမှန်တယ်။ ပေါင် တယောက်ထိတယ်၊ မျက်လုံးထိတဲ့ကလေးကို မန္တလေးသို့ လွဲပြောင်းရတယ်လို့ သိရတယ်။ အခြေအနေ မသိသေးဘူး။ ထိသူတွေကအမျိုးသားတွေချည်းပါ “လို့ မြင်းခြံဒေသခံ ဆန္ဒပြပြည်သူတစ်ဦးက ပြောပါတယ်။ မြင်းခြံဒေသခံလူထုဟာ မြို့ထဲလမ်းမကြီးတွေအစား ရပ်ကွက်တွေထဲမှာပဲ ဆန္ဒပြဖို့လုပ်ဆောင်နေမှုကို စစ်တပ်နဲ့ရဲက ပစ်ခတ်ဖြိုခွဲခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၃ရက်နေ့ကလည်း ဆန္ဒပြသူတွေကို စစ်တပ်နဲ့ရဲက…

Read More

မန္တလေးမြို့က သပိတ်စစ်ကြောင်းတစ်ခုကို မျက်ရည်ယိုဗုံးပစ်ပြီး လူစုခွဲခဲ့

မတ် ၁၀ -၂၀၂၁ HK မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ထဲမှာ ဒီကနေ့မနက်ပိုင်းက ပြုလုပ်ခဲ့တဲ့ ထိုင်သပ်ိတ်စစ်ကြောင်းတစ်ခုကို ရဲနဲ့ စစ်တပ်က မျက်ရည်ယိုဗုံးပစ်ပြီး လူစုခွဲခဲ့တယ်လို့ မျက်မြင်တွေ့ခဲ့ရတဲ့ လူငယ်တစ်ဦးပြောပြချက်အရ သိရပါတယ်။ အဲ့ဒီလို လူစုခွဲပြီးနောက်ပိုင်း အနီးနားပတ်၀န်းကျင်က လမ်းပိတ်ဆို့ထားတာတွေကိုလည်း ရဲနဲ့စစ်တပ်က လိုက်လံရှင်းလင်းတာတွေ ပြုလုပ်ခဲ့တဲ့အပြင် ရှင်းလင်းမှုပြုလုပ်နေတဲ့ လမ်းပေါ်မှာလည်း အဖြူရောင်ကားတစ်စီးနဲ့ လူတစ်စုကို ဖမ်းဆီးသွားတယ်လို့လည်း သိရပါတယ်။ #voiceofmyanmar #VOM #မန္တလေး

Read More

ပုသိမ်မှာ ရဲနဲ့စစ်တပ်ကပစ်ခတ်မှုကြောင့် အနည်းဆုံး ၃ဦး ဒဏ်ရာရ

မတ် ၁၀-၂၀၂၁ KA ဧရာ၀တီတိုင်း၊ ပုသိမ်မြို့ စကားဝါလမ်းမကြီးမှာ ဒီနေ့ မတ်လ ၁၀ရက်နေ့ မနက်ပိုင်းက ဆန္ဒပြသူတွေကို ရဲနဲ့စစ်တပ်က မျက်ရည်ယိုဗုံး၊ ရာဘာကျည်တွေနဲ့ ပစ်ခတ်ဖြိုခွင်းခဲ့လို့ အနည်းဆုံး ၃ဦး ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။ ဧရာ၀တီကရင်လူငယ် သပိတ်စစ်ကြောင်းနဲ့ ပုသိမ်တက္ကသိုလ်ကျောင်းသားလူငယ်တွေဟာ ဆန္ဒပြဖို့လူစုနေစဥ်မှာပဲ ပစ်ခတ်ဖြိုခွဲခံခဲ့ရတာပါ။ လက်ရှိမှာ စကားဝါလမ်း၊ ဥမ္မာဒန္တီရပ်ကွက်နဲ့ ရာမညရပ်ကွက်တွေမှာ ရဲနဲ့စစ်သားအင်အားများစွာ ချထားတာကို တွေ့ရပါတယ်။ #VoiceOfMyanmar #VOM #ပုသိမ် #ပစ်ခတ် #ဒဏ်ရာရ #မျက်ရည်ယိုဗုံး #ရာဘာကျည်

Read More

မြောက်ဥက္ကလာ ကန်သာယာသပိတ်ကို ဖြိုခွဲပြီး လူနှစ်ဆယ်ကျော်ဖမ်းဆီး

ရန်ကုန်၊ မတ် ၁၀-၂၀၂၁ အေးချမ်းသူ(VOM) မြောက်ဥက္ကလာပမြို့နယ်၊ ကန်သာယာပန်းခြံရှေ့မှာ ဒီနေ့ မတ်လ ၁၀ရက်နေ့ မနက်ပိုင်းက ပြုလုပ်တဲ့ ဆန္ဒပြပွဲကို စစ်တပ်နှင့်ရဲက မျက်ရည်ယိုဗုံး၊ အသံဗုံးတွေအသုံးပြု ဖြိုခွင်းပြီး လူနှစ်ဆယ်ကျော်ဖမ်းဆီးထားကြောင်း ဆန္ဒပြပွဲမှာ ပါဝင်သူတစ်ဦးကနေ သိရပါတယ်။ “အခုကလေးတွေကို ကန်သာယာပန်းခြံထဲမှာ ဒူးထောက်ခိုင်းပြီး ပါးတွေနားတွေရိုက်နေတယ် နှစ်ဆယ်ကျော်တယ် ဖမ်းမိသွားတာ” လို့ ဆန္ဒပြပွဲမှာ ပါဝင်သူတစ်ဦးက ပြောပါတယ်။ ဖမ်းဆီးရသူအများစုဟာ ကျောင်းသားလူငယ်တွေဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၃ရက်နေ့ကလည်း မြောက်ဥက္ကလာပမြို့နယ်သပိတ်ကို စစ်တပ်နဲ့ရဲတပ်ဖွဲ့က ပစ်ခတ်ဖြိုခွင်းခဲ့လို့ လူအသေအပျောက်အများအပြား ရှိခဲ့ပါတယ်။ #VoiceOfMyanmar #VOM #မြောက်ဥက္ကလာ #ကန်သာယာသပိတ် #ဖမ်းဆီး #ဖြိုခွဲ

Read More
VOM News

FREE
VIEW