မန္တလေးမြို့က သပိတ်စစ်ကြောင်းတစ်ခုကို မျက်ရည်ယိုဗုံးပစ်ပြီး လူစုခွဲခဲ့

မတ် ၁၀ -၂၀၂၁
HK

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ထဲမှာ ဒီကနေ့မနက်ပိုင်းက ပြုလုပ်ခဲ့တဲ့ ထိုင်သပ်ိတ်စစ်ကြောင်းတစ်ခုကို ရဲနဲ့ စစ်တပ်က မျက်ရည်ယိုဗုံးပစ်ပြီး လူစုခွဲခဲ့တယ်လို့ မျက်မြင်တွေ့ခဲ့ရတဲ့ လူငယ်တစ်ဦးပြောပြချက်အရ သိရပါတယ်။

အဲ့ဒီလို လူစုခွဲပြီးနောက်ပိုင်း အနီးနားပတ်၀န်းကျင်က လမ်းပိတ်ဆို့ထားတာတွေကိုလည်း ရဲနဲ့စစ်တပ်က လိုက်လံရှင်းလင်းတာတွေ ပြုလုပ်ခဲ့တဲ့အပြင် ရှင်းလင်းမှုပြုလုပ်နေတဲ့ လမ်းပေါ်မှာလည်း အဖြူရောင်ကားတစ်စီးနဲ့ လူတစ်စုကို ဖမ်းဆီးသွားတယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #မန္တလေး

Related posts

Leave a Comment

VOM News

FREE
VIEW