လွိုင်ကော် ဆန္ဒပြစစ်ကြောင်း ဖြိုခွဲခံရလို့ လူအချို့ဒဏ်ရာရပြီး ဆိုင်ကယ်နဲ့ကား ၃၀ ကျော်ပျက်စီး

မတ် ၁၀-၂၀၂၁
KLY(VOM)

ကယားပြည်နယ် လွိုင်ကော်မြို့ တောင်ကွဲစေတီအောက်ဘက် သပိတ်စစ်ကြောင်းကို ဒီနေ့မတ်လ ၁၀ရက်နေ့ မနက် ၁၁ နာရီလောက်က တပ်နဲ့ရဲက ပစ်ခတ်ဖြိုခွဲခဲ့တာကြောင့် လူ ၃ဦး ထိခိုက်ဒဏ်ရာရသလို ဆိုင်ကယ်နဲ့ကား ၃၀ နီးပါးလည်း ပျက်စီးသွားတယ်လို့ သပိတ်ဦးဆောင်သူတွေဆီက သိရပါတယ်။

“နာနတ်တောဘက်က စစ်ကြောင်းကို ဖြိုခွဲအပြီးမှာ ကျွန်တော်တို့စစ်ကြောင်း ဖြိုခွဲခံရတယ်။ မျက်ရည်ယိုဗုံးနဲ့ သေနတ်တွေပစ်ခတ်သလို တုတ်တွေနဲ့ ရိုက်နှက်ဖြိုခွဲတယ်။ ကားအစီးရေ လေးငါးစီးနဲ့ ဆိုင်ကယ်အစီးနှစ်ဆယ်ကျော် ဖျက်ဆီးသွားပြီး ဆိုင်ကယ်တွေ ကားပေါ်တင်မသွားတယ်” လို့ သပိတ်ဦးဆောင်သူတစ်ဦးက ပြောပါတယ်။

ဒီနေ့မနက် ၉ နာရီလောက်က ကယားပြည်နယ် လွိုင်ကော်သပိတ် ဦးဆောင်ကော်မတီနှစ်ခု ပူးပေါင်းပြီး တောင်ကွဲစေတီအောက်ဘက် မြောက်ဘက်စစ်ကြောင်းနဲ့ နာနတ်တောတောင်ဘက်စစ်ကြောင်းနှစ်ခု သီးခြားခွဲထွက်ခဲ့တာဖြစ်ပြီး လက်ရှိ စစ်ကြောင်းနှစ်ခုပေါင်းလူအင်အား ၃၀၀၀ ကျော်ခန့်ရှိကာ သပိတ်စစ်ကြောင်းနှစ်ခုစလုံး တပြိုင်တည်းနီးပါး ဖြိုခွဲခံခဲ့ရတာ ဖြစ်ပါတယ်။

မနေ့ မတ်လ ၉ရက်နေ့ကလည်း လွိုင်ကော်မြို့က ဆန္ဒပြသပိတ်စစ်ကြောင်း ဖြိုခွင်းခံရတာကြောင့် ဒဏ်ရာရသူအချို့ ရှိခဲ့ပါတယ်။

ဓါတ်ပုံ-PKPF

#VoiceOfMyanmar #VOM #လွိုင်ကော်မြို့ #သပိတ်စစ်ကြောင်း #ဖြိုခွင်းခံရ #ဒဏ်ရာရ

Related posts

Leave a Comment

VOM News

FREE
VIEW