CDM လုပ်နေတဲ့ မလွှကုန်း မီးရထားဝင်းဝန်ထမ်းတွေကို စစ်တပ်နဲ့ရဲက ဝင်ရောက်ဖမ်းဆီးနေ

ရန်ကုန်၊မတ် ၁၀ ၊၂၀၂၁
အေးချမ်းသူ(VOM)

မဂ်လာတောင်ညွန့်မြို့နယ်၊ မလွှကုန်း မီးရထားစက်ခေါင်းစက်ရုံဝင်းရှိ CDMပြုလုပ်နေတဲ့ ဝန်ထမ်းတွေကို ဒီနေ့မတ်လ ၁၀ ရက် မနက် ၆ နာရီခွဲလောက်ကစပြီး စစ်တပ်နဲ့ ရဲက အင်အားအလုံးအရင်းနဲ့ ဝင်ရောက် ဖမ်းဆီးနေကြောင်း ဝန်ထမ်းတစ်ဦးက VOMကို ပြောပါတယ်။

လက်ရှိအခြေအနေမှာ အသံဗုံးတွေ ဆက်တိုက်ပစ်ပြီး CDMဝန်ထမ်းများ ဖမ်းဆီးရမိရေးအတွက်လုပ်ဆောင်နေတယ်လို့လည်း ဝန်ထမ်းတွေက ပြောပါတယ်။

မလွှကုန်းမီးရထားဝင်းအတွင်း CDMပြုလုပ်နေတဲ့ ဝန်ထမ်းပေါင်း ၆၀၀ဝန်းကျင်ခန့်ရှိပြီး ဖေဖော်ဝါရီ ၁၁ရက်က စတင်CDMပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။

#voiceofmyanmar #VOM #မလွှကုန်း

Related posts

Leave a Comment

VOM News

FREE
VIEW