ပြည်မြို့ခံလူထုက မနက်စောသပိတ်စစ်ကြောင်း စတင်

မတ် ၁၁-၂၀၂၁
TG(VOM)

ပြည်မြို့မှာ ဆန္ဒပြလူထုကို စစ်တပ်နဲ့ရဲက ဖြိုခွဲမှုတွေ ဆက်တိုက်ပြုလုပ်နေတာကြောင့် ဒီနေ့ မတ်လ ၁၁ရက်နေ့မှာတော့ ဆန္ဒပြပွဲကို မနက်ခင်းအစောပိုင်းမှာ ပြောက်ကျားစနစ်နဲ့ ပြုလုပ်ခဲ့ကြပါတယ်။

အဲ့ဒီ ဆန္ဒပြသပိတ်စစ်ကြောင်းဟာ စျေးထဲ၊ ရပ်ကွက်ထဲကို လှည့်လည်ပြီး ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

ဒါ့အပြင် ပြည်ခရိုင်ရဲမှူး၊ ပြည်ခရိုင်ထွေအုပ်ဥက္ကဋ္ဌ၊ ပြည်မြို့နယ်ရဲမှူး၊ မြို့နယ်ထွေအုပ်၊ ပြည်တက္ကသိုလ် ဒုတိယပါချုပ် ဒေါ်သွယ်လင်းကိုတို့ကို လောက်ကောင်အဖြစ် စာထုတ်ပြီး မြေကြီးပေါ်မှာဖြန့်ကြဲပြီးလည်း ဆန္ဒပြခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ရက်တွေက ပြည်မြို့မှာ ဆန္ဒပြသူတွေကို စစ်တပ်နဲ့ရဲက ဖြိုခွဲမှုတွေလုပ်ခဲ့တာကြောင့် ဒဏ်ရာရသူတွေရှိခဲ့သလို၊ ဖမ်းဆီးခံထားရသူတွေလည်း ရှိနေပါတယ်။

#VoiceOfMyanmar #VOM #ပြည်မြို့ #မနက်စောသပိတ်စစ်ကြောင်း

Related posts

Leave a Comment

VOM News

FREE
VIEW