မြန်မာတပ်ချုပ်ရဲ့ သားသမီးနှစ်ဦးနဲ့ ကုမ္ပဏီခြောက်ခုကို အမေရိကန် အရေးယူပိတ်ဆို့

ဝါရှင်တန်၊ မတ်-၁၁-၂၀၂၁
မျိုးဆက် (VOM)

မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် ဆန္ဒပြသူတွေကိုသတ်ဖြတ်မှုကိုတုန့်ပြန်တဲ့အနေနဲ့ မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ သားသမီးနှစ်ဦးနဲ့ သူတို့ထိန်းချုပ်ထားတဲ့ ကုမ္ပဏီခြောက်ခုကို အမေရိကန်က အရေးယူပိတ်ဆို့လိုက်ပါတယ်။

အာဏာသိမ်းမှုကို ဦးဆောင်ခဲ့ပြီး ကောင်စီဥက္ကဌအဖြစ်တာဝန်ယူထားသူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ သားသမီးတွေဖြစ်တဲ့ အောင်ပြည့်စုံနဲ့ ခင်သီရိသက်မွန် အမည်ပျက်စာရင်းတင်သွင်းလိုက်တာဖြစ်တယ်လို့ အမေရိကန်ဘဏ္ဍာရေးဌာနက ထုတ်ပြန်ပါတယ်။

မြန်မာ့အရေးနဲ့ပတ်သက်ပြီး ဒီထက်ပိုတဲ့ အပစ်ပေးအရေးယူမှုတွေ လုပ်ဆောင်လာနိုင်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်က သတိပေးထားပြီး ဆန္ဒပြသူတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဖြိုခွင်းရာမှာ လူ ၁၇၀၀ ကျော်ဖမ်းဆီးခံရပြီး ၅၃ ဦးသေဆုံးခဲ့တဲ့အတွက် သူက ပြစ်တင်ရှုတ်ချထားပါတယ်။

အကြမ်းဖက်မှုကို လှုံ့ဆော်အားပေးပြီး ပြည်သူဆန္ဒကို ဖိနှိပ်နေသူတွေကို နောက်ထပ်အရေးယူပိတ်ဆို့မှုတွေလုပ်ဖို့ အမေရိကန်က တွန့်ဆုတ်နေမှာမဟုတ်ဘူးလို့ ဘလင်လင်းက ကြေညာချက်မှာပြောပါတယ်။

ဒီလိုအရေးယူပိတ်ဆို့မှုချမှတ်လိုက်တာနဲ့ပတ်သက်ပြီး Human Rights Watch အဖွဲ့ရဲ့ အာရှရေးရာညွှန်ကြားရေးမှူး John Sifton က အမေရိကန်ကို ချီးကျူးထောက်ခံထားပြီး ဒီထက်ပိုတဲ့ အရေးယူပိတ်ဆို့မှုတွေလုပ်ဖို့ တိုက်တွန်းထားပါတယ်။

Ref : Reuters
Photo: Wikipedia

#VoiceOfMyanmar #VOM #အရေးယူပိတ်ဆို့ #အမေရိကန်အစိုးရ

Related posts

Leave a Comment

VOM News

FREE
VIEW