ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ဝန်ထမ်းပေါင်း ၁၈၄၇ ယောက် CDM လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်လာ

မတ် ၁၁-၂၀၂၁
ကျော်သူမြင့်

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ဝန်ထမ်းပေါင်း ၁၈၄၇ ဦးဟာ CDM လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်နေကြတယ်လို့ အဲ့ဒီ ဝန်ထမ်းတွေဆီက သိရပါတယ်။

CDM လှုပ်ရှားမှုမှာပါဝင်တဲ့ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် လျှပ်စစ်ဝန်ထမ်းတစ်ဦးက “တပ်မတော်က မတရားသဖြင့် နိုင်ငံတော်အာဏာကို ပြည်သူ့အစိုးရလက်ထဲကနေ သိမ်းယူတာ သမ္မတနဲ့နိုင်ငံတော်အတိုင်ပင်ခံတို့ကို ဖမ်းဆီးထားတာတွေကို ဆန့်ကျင်ရှုတ်ချတယ်။ ဒါ့ကြောင့် ကျွန်တော်တို့က အာဏာသိမ်းစစ်ကောင်စီလက်အောက်မှာအလုပ်မလုပ်ချင်တာကြောင့် အခုလို CDM လှုပ်ရှားမှုမှာ ဘယ်သူတွေရဲ့ တိုက်တွန်းချက်မှမပါဘဲ ပါဝင်ဆောင်ရွက်နေတာပါ။ အလုပ်ထွက်တာမဟုတ်ပါဘူး။ ပြည်သူ့အစိုးရအာဏာပြန်ရရင် အလုပ်ပြန်ဝင်မှာပါ။ အခု ကျွန်တော်တို့ဒဂုံတောင်ပိုင်းမှာ CDM လှုပ်ရှားမှုမှာပါတဲ့ လျှပ်စစ်ဝန်ထမ်းပေါင်းက ၆၅ ယောက်လောက်ရှိပါတယ်”လို့ ပြောပါတယ်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းလက်အောက်မှာရှိတဲ့ ဌာနအသီးသီးမှာ တာဝန်ထမ်းဆောင်နေကြပြီး CDM လှုပ်ရှားမှုမှာ ပါဝင်ကြတဲ့ ဝန်ထမ်းတွေဟာ သူတို့အခုလို ပါဝင်လှုပ်ရှားရတဲ့အကြောင်းရင်းကို ပြီးခဲ့တဲ့ မတ် ၈ ရက်က လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌထံလိပ်မူပြီး တင်ပြခဲ့ကြတာ ဖြစ်ပါတယ်။

#VoiceOfMyanmar #VOM #ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း #CDM

Related posts

Leave a Comment

VOM News

FREE
VIEW