တောင်ဥက္ကလာသပိတ် ဖြိုခွဲခံရ

ရန်ကုန်-မတ်-၁၂-၂၀၂၁
MWT(VOM)

ရန်ကုန်တိုင်း တောင်ဥက္ကလာမြို့နယ် ပဒေသာလမ်းဆုံမှာ အာဏာရှင်ဆန့်ကျင်ရေးဆန့်ကိင်ဆန္ဒပြနေတဲ့ သပိတ်ကို ရဲ နဲ့ စစ်တပ်က မတ်လ ၁၂ ရက် မနက် ၁၁ နာရီမှာ စတင်ဖြိုခွင်းမှုတွေပြုလုပ်ခဲ့ပါတယ်။

ဒီလိုဖြိုခွင်းမှုတွေလုပ်ဆောင်ရာမှာ အရင်လိုမျိုးမဟုတ်တော့ကြောင်းလည်း ဖြိုခွင်းခံရသူတွေထဲကတစ်ယောက်ကပြောပါတယ်။

“အရင်လိုမဟုတ်ဘူး။လူစုခွဲဖို့ဘာညာမပြောတဲ့အပြင် အခုက ကားပေါ်က ဆင်းလာတာနဲတန်းပစ်တာ။ တန်းစီတာတောင်မလုပ်ကြတော့ဘူး” လို့ ဆန္ဒပြရာမှာ ပါဝင်သူတယောက် ကပြောပါတယ်။

ဒီလိုဖြိုခွင်းမှုမှာ သေနတ်နဲ့ပစ်ခတ်မှုမရှိခဲ့ပေမယ့် အသံဗုံးသုံးဖြိုခွဲမှုတွေပြုလုပ်ခဲ့ပြီး လတ်တလောသိရတဲ့သတင်းတွေအရ ငါးဦးခန့်ဖမ်းဆီးခံခဲ့ရတယ်လို့သိရပါတယ်။

#voiceofmyanmar #VOM #တောင်ဥက္ကလာ

Related posts

Leave a Comment

VOM News

FREE
VIEW