မြန်မာတနိုင်ငံလုံး မိုဘိုင်းအင်တာနက်တွေ ရက်အကန့်အသတ်မရှိ ဖြတ်တောက်ခံရ

မတ် ၁၅-၂၀၂၁
Voice Of Myanmar

ဒီနေ့ မတ် ၁၅ရက် မနက်၁နာရီကစတင်ပြီး မိုဘိုင်းအင်တာနက်တွေကို ရက်အကန့်အသတ်မရှိ ဖြတ်တောက်လိုက်တယ်လို့ အာဏာပိုင်တွေဘက်က စာပေးပို့လာကြောင်း အင်တာနက်ကုမ္ပဏီတခုမှာ လုပ်ကိုင်နေတဲ့ ဝန်ထမ်းတဦးကနေ သိရပါတယ်။

“အစိုးရဘက်က စာလာတာ၊ ရက်အကန့်အသတ်မရှိပိတ်မယ်လို့ အကြောင်းကြားတယ်။ ပြန်ဖွင့်မယ့်ရက် မသိရသေးဘူး” လို့ အင်တာနက်ကုမ္ပဏီတခုမှာ လုပ်ကိုင်နေတဲ့ ဝန်ထမ်းတဦးက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ရက်နေ့ကစပြီး မနက် ၁နာရီကနေ ၉နာရီထိ မိုဘိုင်းအင်တာနက်ကို ဖြတ်တောက်ထားရာကနေ ဒီနေ့ကစပြီး ရက်အကန့်အသတ်မရှိ ဖြတ်တောက်လိုက်တာပါ။ ဖိုက်ဘာအင်တာနက်နဲ့ ဝိုင်ဖိုင်အင်တာနက်ကိုတော့ ဒီနေ့ မနက် ၆နာခွဲလောက်ကနေစပြီး အခုချိန်ထိ သုံးစွဲလို့ ရနေပါသေးတယ်။

အော်ရီဒူးဆင်းမ်ကဒ်အချို့လည်း configuration error ကြောင့် အင်တာနက်သုံးစွဲလို့ ရနေသေးပြီး အဲ့ဒီ ဆင်းမ်ကဒ်တွေကိုပါ အင်တာနက်ဖြတ်တောက်သွားဖို့ရှိတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ ၁ရက်နေ့မှာ အင်တာနက်လိုင်းအားလုံးကို မနက် ၃ နာရီခွဲကနေ နေ့လယ် ၂နာရီထိ တကြိမ်၊ ဖေဖော်ဝါရီ ၇ရက်နေ့ နေ့လယ် ၁နာရီကနေ နောက်နေ့ ဖေဖော်ဝါရီ ၈ရက် နေ့လယ် ၂နာရီထိ တကြိမ် အင်တာနက်လိုင်းအားလုံး ဖြတ်တောက်ခံရတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါသေးတယ်။

Facebook လူမှုကွန်ယက်ကိုလည်း မြန်မာတနိုင်ငံလုံးမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၄ရက်နေ့ကနေ ဒီနေ့အထိ အသုံးပြုလို့မရအောင် ပိတ်ပင်ထားတာပါ။

အခုလို မိုဘိုင်းအင်တာနက်တွေ ဖြတ်တောက်ခံထားရတာနဲ့ ပတ်သက်ပြီး ဆက်သွယ်ရေးကုမ္ပဏီတွေက သုံးစွဲသူတွေကို ဘယ်လိုတာဝန်ယူမှုမျိုးတွေ လုပ်ဆောင်ပေးမယ်ဆိုတာတော့ အခုချိန်ထိ ပြောကြားလာတာမျိုး မရှိသေးပါဘူး။

#VoiceOfMyanmar #VOM #မိုဘိုင်းအင်တာနက် #ဖြတ်တောက် #ရက်အကန့်အသတ်မရှိ

Related posts

Leave a Comment

VOM News

FREE
VIEW