ကြိုပင်ကောက်မှာ တပ်နဲ့ရဲက ပစ်ခတ်ဖြိုခွဲလို့ လူတစ်ဦး သေဆုံး၊ ၄ ဦး ဒဏ်ရာရ

မတ် ၁၅ -၂၀၂၁ KLY(VOM) ပဲခူးတိုင်းအနောက်ခြမ်း၊ ကြို့ပင်ကောက်မြို့နယ်မှာ ဒီကနေ့မနက်၁၀ နာရီခန့်က ဆန္ဒပြသူတွေကို ပစ်ခတ်ဖြိုခွဲရာ အမျိုးသားတစ်ဦး သေနတ်ကျည်ဆန်ထိမှန်ပြီး သေဆုံးခဲ့ရတယ်လို့ ‌ကြို့ပင်ကောက်မြို့ခံတွေကနေ သိရတယ်။ ” အခုဆုံးသွားတဲ့ အကိုက ခြံသာယာရပ်ကွက်ကပါ။ မနက် ဆယ်နာရီကျော်ခန့်မှာ နာရီစင်နားက သပိတ်စစ်ကြောင်းကို ပစ်ခတ်ဖြိုခွင်းခံရတုန်း ကျဆုံးသွားတာပါ”လို့ ကြို့ပင်ကောက်မြို့ခံ CSOတစ်ဦးက ပြောပါတယ်။ သေဆုံးသွားသူဟာ ခြံသာယာရပ်ကွက်မှာနေတဲ့ အသက် ၃၀အရွယ် ကိုကျော်သူဝင်းဆိုသူ ဖြစ်ပြီး ဒေသခံအချို့ စုံစမ်းသိရှိရတဲ့ အချက်အလက်တွေအရ ကြို့ပင်ကောက်မြို့မှာ သေနတ်ကျည်ဆန်ထိမှန်ဒဏ်ရာရှိထားသူ ၄ ဦးရှိခဲ့တယ်လို့လည်း သိရပါတယ်။ #voiceofmyanmar #VOM #ကြို့ပင်ကောက် #ပစ်ခတ်ဖြိုခွင်း #လူတစ်ဦးသေဆုံး

Read More

ဆန္ဒပြပွဲတွေမှာ သေဆုံးခဲ့သူတွေ စာရင်း

မတ် ၁၅ -၂၀၂၁ ဖေဖော်ဝါရီ ၈ရက်ကနေ မတ်လ ၁၅ ရက်နေ့အထိ ဆန္ဒပြပွဲတွေအတွင်း ရဲနဲ့စစ်တပ်ရဲ့ ဖြိုခွဲမှုကြောင့် သေဆုံးသူတွေစာရင်းကို VOM က စုဆောင်းထားတာ ၁၁၄ ဦး ရှိပြီဖြစ်ပါတယ်။ အခုစာရင်းဟာ VOM က အတည်ပြုလို့ ရသလောက်သာ ဖြစ်ပြီး ဆန္ဒပြပွဲတွေအတွင်း သေဆုံးသူအရေအတွက်ဟာ အခုထက် ပိုမိုများပြားဖွယ်ရှိပါတယ်။ ဆန္ဒပြပွဲအတွင်း ရဲနဲ့စစ်တပ်ရဲ့ဖြိုခွဲမှုကြောင့် သေဆုံးသူတွေကို ထပ်မံသိရှိရင် နာမည်၊ လိပ်စာ၊ အသက်၊ ဘယ်ဖြစ်စဉ်မှာ သေဆုံးတယ်ဆိုတဲ့ အချက်အလက်တွေနဲ့တကွ VOM ကို ပေးပို့နိုင်ပါတယ်။ #VoiceOfMyanmar #VOM #ဆန္ဒပြပွဲ #သေဆုံးစာရင်း  

Read More

မြောက်ဥက္ကာလာပမြို့နယ်တရားရုံး မီးလောင်မှုဖြစ်

ရန်ကုန်၊ မတ် ၁၅ -၂၀၂၁ အေးချမ်းသူ(VOM) ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်၊ ခေမာသီလမ်းမပေါ်ရှိ မြို့နယ်တရားရုံး ဒီကနေ့နေ့လယ် ၂နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။ မီးလောင်မှုဖြစ်ပွားရာကို မီးငြိမ်းသတ်ဖို့သွားရောက်တဲ့ ပြည်သူတွေကို စစ်တပ်နဲ့ ရဲက သေနတ်နဲ့ ပစ်ခတ်မှုတွေရှိတယ်လို့ နွယ်သာကီလမ်းမှပြည်သူတစ်ဦးက VOMကို ပြောပါတယ်။ ” ကျနော်တို့က မီးငြိမ်းဖို့သွားတာ သူတို့ရှိမှန်းလည်းမသိဘူး၊ ကျနော်တို့ကို တွေ့တော့ ပစ်တယ်၊ အဲ့ဒါကြောင့် ပြန်လာခဲ့တာ”လို့ နွယ်သာကီလမ်းမှပြည်သူတစ်ဦးက VOMကို ပြောပါတယ်။ လက်ရှိမှာတော့ မြောက်ဥက္ကာလာပမြို့နယ်တရားရုံးမီးလောင်တာကို မီးသတ်ကားတွေ လာရောက်ငြိမ်းသတ်လို့ မီးညွန့်ကျိုးသွားပြီဖြစ်ကြောင်း ခေမာသီလမ်းမှ ပြည်သူတစ်ဦးကVOMကို ပြောပါတယ်။ “တရားရုံးတစ်ခုလုံး မီးထဲပါသွားလား တစ်ချို့တဝက်ပဲ ပါသွားလားဆိုတာ သွားကြည့်လို့မရတာ၊ မီးလောင်တာကတော့ဟုတ်တယ်၊ စစ်တပ်ကစောင့်နေတာလေ”လို့ ပြောပါတယ်။ ဒေသခံတွေကတော့ အခုလိုပြောနေပေမယ့် မီးလောင်ရတဲ့အကြောင်းအရင်းကိုတော့ VOMကသီးခြားအတည်ပြုချက် မရနိုင်သေးပါဘူး၊ မြောက်ဥက္ကလာပမြို့နယ်ဟာ အကြမ်းဖက်ဖြိုခွင်းရာမှာ သေဆုံးမှုများပြားခဲ့တဲ့…

Read More

မန္တလေးမြို့မှာ ကျည်အစစ်ထိမှန်လို့ လူ ၁ဦး သေဆုံး၊ ၃ဦးဒဏ်ရာရ

မတ် ၁၅-၂၀၂၁ Voice Of Myanmar မန္တလေးမြို့ ၁၁၂လမ်းနဲ့ လမ်း ၅၀ထောင့်မှာ ဒီနေ့ မတ် ၁၅ရက် နေ့လယ်ပိုင်းက ရဲနဲ့ စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် အသက် ၂၃နှစ်အရွယ်ရှိ ကိုဝေဖြိုးသိန်းဆိုသူ ကျည်ထိမှန်သေဆုံးပြီး ၁ဦး ပေါင်ကိုကျည်ထိမှန်ခဲ့တယ်လို့ ကူညီပေးနေသူတွေဆီက သိရပါတယ်။ ပေါင်ကျည်ထိမှန်တဲ့သူကို ရဲတပ်ဖွဲ့က အချုပ်ကားပေါ် တင်ခေါ်သွားတယ်လို့ သိရပါတယ်။ #VoiceOfMyanmar #VOM #မန္တလေး #သေဆုံး

Read More

တောင်ကုတ် ALD တွဲဖက်အတွင်းရေးမှူးအပါ (၃) ဦးကို ပုဒ်မ-၁၉ အပြင် ၅၀၅(က)နဲ့ပါ အမှုဖွင့်

မတ် ၁၅ – ၂၀၂၁ ထက်အောင်စိုင်း(VOM) ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD) တွဲဖက်အတွင်းရေးမှူး ဦးကျော်ကျော်လင်းအပါအဝင် (၃) ဦးကို ငြိမ်စုစီ ပုဒ်မ-၁၉အပြင် နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ-၅၀၅(က)နဲ့ အမှုဖွင့်ကာ ရုံးထုတ်စစ်ဆေးမှုပြုလုပ်နေကြောင်း ALD ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ အမှုဖွင့်ခံထားရသူတွေကတော့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ဗဟို) တွဲဖက်အတွင်းရေးမှူး ဦးကျော်ကျော်လင်း၊ တောင်ကုတ်ဒေသခံ ဦးမင်းလှိုင်ထွန်း (ခ) ကိုသားကြီးနဲ့ ကိုဇာနည်ထက်တို့ ဖြစ်ကာ သူတို့ကို တောင်ကုတ်တရားရုံးမှာ ရဲတပ်ဖွဲ့က အမှုဖွင့်ထားတာဖြစ်ပြီး ဒီကနေ့ မတ်လ ၁၅ ရက်မှာ Video Conference စနစ်နဲ့ ရုံးထုတ်စစ်ဆေးခဲ့ကြောင်း ALD က ထုတ်ပြန်ပါတယ်။ သူတို့ (၃) ဦးအမှုကို ဆက်လက်စစ်ဆေးဖို့ လာမယ့် မတ်လ ၂၃ ရက်နေသို့ ထပ်မံရုံးချိန်းလိုက်ကြောင်း သိရပါတယ်။ ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ALD ပါတီတာဝန်ရှိသူတွေနဲ့ အဆက်အသွယ်ရရှိဖို့…

Read More

မြန်မာနိုင်ငံက ထွက်ပြေးလာသူတွေကို ရနောင်းမှာထားဖို့ ထိုင်းအစိုးရစီစဉ်

ဘန်ကောက်၊ မတ်-၁၅-၂၀၂၁ မျိုးဆက် (VOM) မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ဆန္ဒပြပွဲတွေမှာ သေဆုံးသူတွေမြင့်တက်လာပြီး တင်းမာမှုတွေအရှိန်မြင့်လာတာကြောင့် မြန်မာနိုင်ငံက ထွက်ပြေးလာသူတွေအတွက် ထိုင်းနိုင်ငံ ရနောင်းနဲ့ ချမ်ဖွန်ပြည်နယ်တို့မှာ ယာယီခိုလှုံရာစခန်းတွေ တည်ဆောက်ဖို့ ထိုင်းစစ်တပ်က စီစဉ်နေပါတယ်။ ရနောင်းမှာရှိတဲ့ Muang ၊ La-un နဲ့ Kra Buri ခရိုင်၊ အိမ်နီးချင်း ချွမ်ဖွန်ပြည်နယ်မှာရှိတဲ့ Tha Sae ခရိုင်တို့မှာ ယာယီခိုလှုံရာစခန်းတွေတည်ဆောက်ဖို့ စီစဉ်ထားတယ်လို့ စစ်ဘက်တာဝန်ရှိသူတစ်ဦးဖြစ်သူ ဗိုလ်ချုပ် Santi Sakuntak ကပြောပါတယ်။ ထိုင်းနိုင်ငံအနေနဲ့ နယ်စပ်မှာ အမြဲတမ်းဒုက္ခသည်စခန်းတွေ တည်ဆောက်မယ့်အစား လူသားချင်းစာနာထောက်ထားမှုအရ ထွက်ပြေးလာတဲ့ မြန်မာနိုင်ငံသားတွေကို လက်ခံသွားမှာဖြစ်ပြီး အခြေအနေတည်ငြိမ်လာရင် ပြန်ပို့သွားမှာဖြစ်တယ်လို့ သူကဆိုပါတယ်။ ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံဟာ နယ်နိမိတ်ထိစပ်မှု ၂၄၀၀ ကီလိုမီတာအထိ ဆက်စပ်နေပါတယ်။ မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်…

Read More

မြန်မာ့အရေးနဲ့ပတ်သက်ပြီး မူဝါဒပြောင်းလဲတုန့်ပြန်ဖို့ ဂျပန်အစိုးရ စဉ်းစားနေ

တိုကျို၊ မတ် ၁၅ -၂၀၂၁ မျိုးဆက် (VOM) မြန်မာနိုင်ငံမှာ မကြာသေးမီကဖြစ်ပွားခဲ့တဲ့ စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဂျပန်အစိုးရက စောင့်ကြည့်နေကာ လက်ရှိဖြစ်ပွားနေသည့်အခြေအနေတွေအပေါ် ဘယ်လိုတုန့်ပြန်ရမယ်ဆိုတာကို စဉ်းစားနေကြောင်း ဂျပန်အစိုးရအဖွဲ့အတွင်းရေးမှူး ကတ်ဆူနိုဘူကာတိုက မတ် ၁၅ ရက်မှာပြောပါတယ်။ ဂျပန်အစိုးရအနေနဲ့ သက်ဆိုင်ရာနိုင်ငံတွေရဲ့ တုန့်ပြန်မှုတွေကို ထည့်သွင်းစဉ်းစားပြီး မြန်မာနိုင်ငံနဲ့စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေနဲ့ ဖြစ်ပေါ်နေတဲ့အခြေအနေတွေကိုစောင့်ကြည့်ကာ မူဝါဒဆိုင်ရာတွေကို ဘယ်လိုတုန့်ပြန်ရမယ်ဆိုတာကို စဉ်းစားနေတယ်လို့ သူက သတင်းထောက်တွေကို ပြောပါတယ်။ မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုနဲ့ ဒီမိုကရေစီတောင်းဆိုတဲ့ ဆန္ဒပြသူတွေကို အကြမ်းဖက်နှိမ်နှင်းမှုတွေကြောင့် မြန်မာနိုင်ငံကို လက်နက်ရောင်းချတာတွေပိတ်ပင်လိုက်ပြီး ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုတွေကို ရပ်ဆိုင်းသွားမယ်လို့ တောင်ကိုရီးယားက ထုတ်ပြန်လိုက်ပြီးနောက် ဂျပန်အစိုးရရဲ့ မြန်မာ့အရေးအပေါ် မူဝါဒပြောင်းလဲဖို့ ထွက်ပေါ်လာတာဖြစ်ပါတယ်။ မြန်မာနိုင်ငံတစ်ဝန်းမှာ ဖြစ်ပွားနေတဲ့ ဆန္ဒပြမှုတွေမှာ မတ် ၁၅ ရက်မှာတော့ ဆန္ဒပြသူ ၃၈ ဦးထက်မနည်းသေဆုံးခဲ့ရပါတယ်။ ဒီကိစ္စတွေနဲ့ပတ်သက်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းက ပြစ်တင်ရှုတ်ချထားပြီး မြန်မာစစ်ဘက်ထိပ်တန်းခေါင်းဆောင်တွေကို အီးယူနဲ့…

Read More

ရုပ်အလောင်းမပါဘဲ ပြုလုပ်ခဲ့ရတဲ့ မန္တလေးမြို့က နာရေးအခမ်းအနား

မတ် ၁၅ -၂၀၂၁ Photo – KKTH မန္တလေးမြို့၊ လမ်း၉၀ ၃၁လမ်းနဲ့ ၃၂လမ်းကြားမှာ မတ်လ ၁၁ရက်နေ့ ပစ်ခတ်မှုဖြစ်စဥ်အတွင်း သေဆုံးသွားတဲ့ အသက် ၁၉နှစ်အရွယ် ရတနာပုံတက္ကသိုလ်ကျောင်းသား ကိုလင်းထက်ရဲ့ နာရေးအခမ်းအနားကို ဒီကနေ့ပိုင်းက ရုပ်အလောင်းမပါဘဲ အေးရိပ်ငြိမ်သုဿာန်မှာ ပြုလုပ်ခဲ့ပါတယ်။ သေဆုံးသူ ရုပ်အလောင်းကို ရဲနဲ့စစ်တပ်က သေဆုံးမှုဖြစ်စဥ်နေရာမှာပဲ သယ်ဆောင်သွားပြီး သင်္ဂြိုလ်လိုက်တာဖြစ်တဲ့အတွက် မိသားစု၀င်တွေဟာ ရုပ်အလောင်းမပါဘဲ နေအိမ်ကနေ သုဿာန်အထိ နာရေးအခမ်းအနားကို ပြုလုပ်ခဲ့ရတာပဲ ဖြစ်ပါတယ်။ #voiceofmyanmar #VOM #မန္တလေး #ရုပ်အလောင်းမပါ #နာရေးအခမ်းအနား

Read More

မြန်မာတနိုင်ငံလုံး မိုဘိုင်းအင်တာနက်တွေ ရက်အကန့်အသတ်မရှိ ဖြတ်တောက်ခံရ

မတ် ၁၅-၂၀၂၁ Voice Of Myanmar ဒီနေ့ မတ် ၁၅ရက် မနက်၁နာရီကစတင်ပြီး မိုဘိုင်းအင်တာနက်တွေကို ရက်အကန့်အသတ်မရှိ ဖြတ်တောက်လိုက်တယ်လို့ အာဏာပိုင်တွေဘက်က စာပေးပို့လာကြောင်း အင်တာနက်ကုမ္ပဏီတခုမှာ လုပ်ကိုင်နေတဲ့ ဝန်ထမ်းတဦးကနေ သိရပါတယ်။ “အစိုးရဘက်က စာလာတာ၊ ရက်အကန့်အသတ်မရှိပိတ်မယ်လို့ အကြောင်းကြားတယ်။ ပြန်ဖွင့်မယ့်ရက် မသိရသေးဘူး” လို့ အင်တာနက်ကုမ္ပဏီတခုမှာ လုပ်ကိုင်နေတဲ့ ဝန်ထမ်းတဦးက ဆိုပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ရက်နေ့ကစပြီး မနက် ၁နာရီကနေ ၉နာရီထိ မိုဘိုင်းအင်တာနက်ကို ဖြတ်တောက်ထားရာကနေ ဒီနေ့ကစပြီး ရက်အကန့်အသတ်မရှိ ဖြတ်တောက်လိုက်တာပါ။ ဖိုက်ဘာအင်တာနက်နဲ့ ဝိုင်ဖိုင်အင်တာနက်ကိုတော့ ဒီနေ့ မနက် ၆နာခွဲလောက်ကနေစပြီး အခုချိန်ထိ သုံးစွဲလို့ ရနေပါသေးတယ်။ အော်ရီဒူးဆင်းမ်ကဒ်အချို့လည်း configuration error ကြောင့် အင်တာနက်သုံးစွဲလို့ ရနေသေးပြီး အဲ့ဒီ ဆင်းမ်ကဒ်တွေကိုပါ အင်တာနက်ဖြတ်တောက်သွားဖို့ရှိတယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီ ၁ရက်နေ့မှာ…

Read More

ဒီပဲယင်းမြို့နယ်ပညာရေးမှူးရုံး မီးလောင်

မတ် ၁၅ -၂၀၂၁ Vouce Of Myanmar စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ပညာရေးမှူးရုံးမှာ မနေ့ မတ်လ ၁၄ရက် ည၁၁နာရီ ၄၅အချိန်က မီးရှို့လောင်မှု ဖြစ်ပွားခဲ့တယ်လို့ ရွှေဘိုခရိုင် မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။ မီးလောင်မှုဟာ မြို့နယ်ပညာရေးမှူးရုံး နေအိမ်လိုင်းခန်းကို လူတစ်စုက မီးရှို့ရာကနေ မီးစတင်လောင်ကျွမ်းခဲ့တာ ဖြစ်တယ်လို့ မီးသတ်ဦးစီးဌာနကနေ သုံးသပ်ထားပါတယ်။ မီးလောင်မှုကြောင့် (၄၅×၁၈×၂၀)ပေ သွပ်မိုး၊ နံကပ်၊ကွန်ကရစ်ခင်း ရုံးခန်း အဆောက်အဦရဲ့ တံခါးပေါက် ၉ပေါက်၊ ကျည်းခွေနဲ့ မျက်နှာကြပ်များ၊ ရုံးခန်း ၇ ခန်းအတွင်းရှိ ကွန်ပျူတာ၊ ပရင်တာ၊ မိတ္ထူကူးစက်၊ ပန်ကာ၊ ဗီဒို၊ ပရိုဂျက်တာ၊ ဆက်တီခုံ၊ စားပွဲခုံနဲ့ လက်ပ်တော့များ မီးလောင်ကျွမ်းခဲ့ပြီး လက်ရှိအချိန်ထိ မီးလောင်ဆုံးရှုံးမှုကို တွက်ချက်နေဆဲ ဖြစ်ပါတယ်။ ဒီပဲယင်းမြို့နယ်ပညာရေးမှူးရုံး မီးရှို့သွားသူကို ဒီပဲယင်းမြို့မရဲစခန်းက (ပ)၃၃/၂၀၂၁၊ ပြစ်မှုပုဒ်မ-၄၃၆နဲ့ အမှုဖွင့်အရေးယူကာ…

Read More
VOM News

FREE
VIEW