မြန်မာနိုင်ငံက ထွက်ပြေးလာသူတွေကို ရနောင်းမှာထားဖို့ ထိုင်းအစိုးရစီစဉ်

ဘန်ကောက်၊ မတ်-၁၅-၂၀၂၁
မျိုးဆက် (VOM)

မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ဆန္ဒပြပွဲတွေမှာ သေဆုံးသူတွေမြင့်တက်လာပြီး တင်းမာမှုတွေအရှိန်မြင့်လာတာကြောင့် မြန်မာနိုင်ငံက ထွက်ပြေးလာသူတွေအတွက် ထိုင်းနိုင်ငံ ရနောင်းနဲ့ ချမ်ဖွန်ပြည်နယ်တို့မှာ ယာယီခိုလှုံရာစခန်းတွေ တည်ဆောက်ဖို့ ထိုင်းစစ်တပ်က စီစဉ်နေပါတယ်။

ရနောင်းမှာရှိတဲ့ Muang ၊ La-un နဲ့ Kra Buri ခရိုင်၊ အိမ်နီးချင်း ချွမ်ဖွန်ပြည်နယ်မှာရှိတဲ့ Tha Sae ခရိုင်တို့မှာ ယာယီခိုလှုံရာစခန်းတွေတည်ဆောက်ဖို့ စီစဉ်ထားတယ်လို့ စစ်ဘက်တာဝန်ရှိသူတစ်ဦးဖြစ်သူ ဗိုလ်ချုပ် Santi Sakuntak ကပြောပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ နယ်စပ်မှာ အမြဲတမ်းဒုက္ခသည်စခန်းတွေ တည်ဆောက်မယ့်အစား လူသားချင်းစာနာထောက်ထားမှုအရ ထွက်ပြေးလာတဲ့ မြန်မာနိုင်ငံသားတွေကို လက်ခံသွားမှာဖြစ်ပြီး အခြေအနေတည်ငြိမ်လာရင် ပြန်ပို့သွားမှာဖြစ်တယ်လို့ သူကဆိုပါတယ်။

ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံဟာ နယ်နိမိတ်ထိစပ်မှု ၂၄၀၀ ကီလိုမီတာအထိ ဆက်စပ်နေပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် ဆန္ဒပြမှုတွေဆက်တိုက်ဆိုသလိုဖြစ်ပွားနေပြီး မနေ့ကတော့ သေဆုံးသူအရေအတွက် ၃၈ ဦးထိရှိခဲ့ပြီး ရန်ကုန်ကမြို့နယ်အချို့မှာ စစ်အုပ်ချုပ်ရေးပြဌာန်းခဲ့ပါတယ်။

Ref : Bangkok Post
Photo: Reuters
#voiceofmyanmar #VOM #ဘန်ကောက် #မြန်မာကထွက်ပြေးသူ #ရနောင်းမှာထားဖို့ #စီစဉ်နေ

Related posts

Leave a Comment

VOM News

FREE
VIEW