ဖားကန့်မှာ တိုက်ခိုက်ရေး ရဲတပ်ရင်း စခန်း(၂)ခုနဲ့ တပ်စခန်းတခု တိုက်ခိုက်ခံရ

မတ်-၁၈ -၂၀၂၁
ZMH(VOM)

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ်အတွင်းက တိုက်ခိုက်ရေး ရဲတပ်ရင်း စခန်း၂ခုနဲ့ တပ်စခန်းတခုကို ကချင်လွတ်မြောက်ရေး တပ်မတော်(KIA)က မနေ့ည ၁နာရီဝန်းကျင်မှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါ ။

တိုက်ခိုက်ခံရတဲ့ ရဲတပ်ရင်းစခန်းတွေကတော့ နမ့်မှော်ကျေးရွာနားက တပ်စခန်း ၊ မော်လကင်ရွာနားက ရဲတပ်ရင်း စခန်း၊ မိုးကာရွာနားက စိန်လုံ ရဲတပ်ရင်းစခန်းတွေ ဖြစ်တယ်လို့ သိရပါတယ် ။

စခန်းသုံးခုကို တိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး နှစ်ဖက်ကျဆုံးမှုတွေကိုမသိရှိရပေမဲ့ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုတွေရှိခဲ့ကာ မိုးလင်းကာနီးမှ သေနတ်သံတွေတိတ်သွားခဲ့လို့ ဒေသခံရွာသားတွေက VOM ကိုပြောပါတယ် ။

” ညကတော့ သူတို့တဖက်နဲ့တဖက်ပစ်နေတာ တော်တော်ကြာတယ် ။ မနက်လင်းမှ သေနတ်သံတွေ တိတ်သွားတာ ။ နှစ်ဖက်ရဲဘော်တွေ ကျတာမျိုးတော့ မတွေ့မိဘူး ၊ ကျနော်တို့ရွာက ရွာသားတယောက်တော့ လက်နက်ကြီးနဲ့ ပစ်တဲ့အချိန်က အစတခုမှန်ပြီး လက်မောင်းမှာ ဒဏ်ရာတော့ ရသွားတယ်ဗျ “ဟု မော်လကင်ရွာသားတဦးကပြောပါတယ် ။

မော်လကင် ရဲစခန်းကို လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တာကြောင့် မော်လင်ရွာက ရခိုင်အမျိုးသားတဦးလက်မောင်းမှာ ထိခိုက်ဒဏ်ရာရခဲ့ပါတယ် ။

အဆိုပါစခန်းတွေကို တိုက်ခိုက်နေတဲ့ ညတနာရီကျော်အချိန်မှာပဲ ဆိပ်မူကျေးရွာက ဧရာဝတီဘဏ်အနီးမှာ ဗုံးတလုံးပေါက်ကွဲခဲ့တယ်လို့လည်း သိရပါတယ် ။

မနေ့ညက ဖားကန့်တခုလုံး သေနတ်သံတွေ ဆူညံနေခဲ့ပြီး မိုးလင်းခါနီးမှ သေနတ်သံတွေ တိတ်သွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ် ။

ဖားကန့်မြို့နယ်အတွင်းမှာ မတ်လဒုတိယပတ်က စပြီး တပ်မတော်နဲ့ KIAတို့စစ်ရေးတင်းမာလာခဲ့ပြီး KIAက တပ်မတော်စခန်းနဲ့တိုက်ခိုက်ရေး ရဲတပ်ရင်းစခန်းတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့တာ စခန်းလေးခု ရှိသွားပြီလို့ သိရပါတယ် ။

မတ်လ၁၈ရက်နေ့လယ်တနာရီချိန်မှာ ဆိပ်မူကျေးရွာမှကြိုဆိုပါ၏ ဆိုင်းဘုတ်အနီးမှာ ဗုံးတလုံးထပ်မံပေါက်ကွဲခဲ့ပြီး လူတစ်ဦးတယောက်မှ ထိခိုက်ဒဏ်ရာရတာ မရှိခဲ့ပါဘူး ။

#voiceofmyanmar #VOM #ဖားကန့်

Related posts

Leave a Comment

VOM News

FREE
VIEW