ကောက်ရိုးပုံမီးလောင်ရာကနေ သိန်းပေါင်း၂၀၀နီးပါးမီးလောင်ဆုံးရှုံး

မတ် ၁၉ -၂၀၂၁
Voice Of Myanmar

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ၀က်လက်မြို့နယ်၊ ညောင်ပင်ကြီးတောကျေးရွာမှာ မနေ့မတ်လ ၁၈ရက်ညပိုင်းက ကောက်ရိုးပုံကနေ မီးကူးစက်လောင်ကျွမ်းရာမှ နေအိမ်တွေပါ မီးလောင်ဆုံးရှုံးခဲ့တဲ့ဖြစ်စဥ် ဖြစ်ပွားခဲ့တယ်လို့ ရွှေဘိုခရိုင် မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။

မီးလောင်မှုကြောင့် လူနေအိမ်နဲ့ သွပ်မိုးထရံကာ နေအိမ် ၁၄လုံး၊ နွားတဲ ၅လုံးနဲ့ အတွင်းပစ္စည်းတွေ မီးလောင်ကျွမ်းကာ သိန်း ၁၉၀ကျော် ဆုံးရှုံးမှု ရှိခဲ့ပါတယ်။

မီးလောင်မှု အကြောင်းအရင်းကိုတော့ ကောက်ရိုးပုံမီးရှို့ရာကနေ မီးစတင်လောင်ကျွမ်းခဲ့တယ်လို့ မီးသတ်ဦးစီးဌာန သုံးသပ်ထားတယ်လို့ သိရပါတယ်။

မီးလောင်မှုနဲ့ပတ်သက်ပြီး ၀က်လက်မြို့မရဲစခန်းက မီးရှို့သူကို (ပ)၁၅/၂၀၂၁၊ ပုဒ်မ-၄၃၆နဲ့ အမှုဖွင့်အရေးယူဖို့ ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #၀က်လက် #မီးလောင်မှု

Related posts

Leave a Comment

VOM News

FREE
VIEW